Sunday, May 17, 2026

ကမ္ဘာဦးကျမ်း ၄၆

 

အခန်းကြီး - ၄၆

ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိ အဘဣဇာက်၏ ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ပြုလေ၏။
ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင် က၊ ယာကုပ်၊ ယာကုပ် ဟုခေါ်တော်မူလျှင်၊ ယာကုပ်က အကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ၏။
ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင် ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့ သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။
အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည်။ တဖန် ငါဆောင်ခဲ့ဦး မည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖါရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက်၊
ခါနာန်ပြည်၌ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်း ယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
ယာကုပ်သည် ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည် သို့ ဆောင်သွားလေ၏။
အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။
ရုဗင်သား။ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ။
10 ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သား ရှောလ။
11 လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
12 ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
13 ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
14 ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
15 ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့် တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။
16 ဂဒ်သား။ ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇေုန်၊ ဧရီ၊ အရောဒိ၊ အရေလိ။
17 အာရှာသား။ ယိမန။ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။
18 ဤသူတို့ကား၊ လာဗန်သည် သမီးလေးအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း။ ပေါင်းတဆယ်ခြောက်။
19 ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။
20 အဲဂုတ္တုပြည်၌ ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား၊ မနာရှေနှင့်ဧဖရိမ်။
21 ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
22 ဤသူတို့ကား၊ ယာကုပ်မယား ရာခေလဘွားသောသားတည်း။ ပေါင်းတဆယ်လေး။
23 ဒန်သား။ ဟုရှိမ်။-
24 နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။
25 ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း။ ပေါင်းခုနစ်။
26 ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
27 အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
28 ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။
29 ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။
30 ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။
31 ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။
32 ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည်။
33 နောက်တခါ သင်တို့ကို ဖါရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊
34 ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။

အနက်ဖွင့်ချက်။

၄၆:၁-၄ အီဂျစ်သို့ ပြောင်းရွှေ့မှုသည် ဘီယာရှဗာတွင် ယဇ်ပူဇော်ခြင်းဖြင့် စတင်သည် (ကြည့်ပါ ၂၆:၂၃-၂၄၊ ၂၈:၁၃)။ ဘုရားသခင်နှင့် ဆက်သွယ်မှု ရပ်တန့်နေခဲ့သည့် ကာလရှည်ကြာပြီးနောက် (သမ္မာကျမ်းစာအရ အနည်းဆုံး)၊ ဘုရားသခင်သည် ယာကုပ်ထံ ထပ်မံစကားပြောတော်မူသည် (၄၆:၂ )၊ ကတိထားရာ ပြည်ပြင်ပတွင်ပင် သူ၏ရှိနေမှုကို အာမခံပြီး အာဗြဟံအား ပေးထားသော ကတိများကို အကောင်အထည်ဖော်ရန် သူ၏သန္နိဋ္ဌာန်ကို အတည်ပြုသည်။

46:1–4 The move to Egypt is initiated by a sacrificial service in Beersheba (see 26:23–24; 28:13). After a long period of divine silence (at least according to the biblical text), God speaks again to Jacob (46:2), assuring him of His presence (even outside of the promised land) and His commitment to make His promises to Abraham a reality.

 

၄၆:၈-၂၇ ယာကုပ်၏ သားစဉ်မြေးဆက်များ၏ အမည်စာရင်းသည် အီဂျစ်သို့သွားသော လူအားလုံးကို ဖော်ပြသည်။ လီယာမှ သားသမီးများနှင့် မြေးများကို ဦးစွာဖော်ပြထားသည် (အခန်းကြီး ၈-၁၅)၊ ထို့နောက် ဇိလပါ (အခန်းကြီး ၁၆-၁၈)၊ ရာခေလ (အခန်းကြီး ၁၉-၂၂)၊ နှင့် ဘိလဟာ (အခန်းကြီး၂၃-၂၅) တို့မှ သားစဉ်မြေးဆက်များ ဖြစ်သည်။

46:8–27 The list of the names of Jacob’s offspring up to the third generation identifies all who went to Egypt. The children and grandchildren by Leah come first (vv. 8–15), followed by those of Zilpah (vv. 16–18), Rachel (vv. 19–22), and Bilhah (vv. 23–25).

 

၄၆:၂၆-၂၇ တမန်တော် ၇:၁၄ တွင်၊ စတီဖန်သည် ဣသရေလ၏သမိုင်းကို ပြန်ပြောရာတွင် အင်း ၇၅ ကို ဖော်ပြထားပြီး၊ ဂရိဘာသာဖြင့် ရေးသောစာပေဖြစ်သည့် ဆပ်တူဂျင့်ကို အခြေခံထားဖွယ်ရှိသည်၊ ၎င်းတွင် ဤအပိုင်းတွင် အမည်ငါးခုထပ်မံပါဝင်သည်။ ၇၀ ဟူသော ဂဏန်းသည် ဓမ္မဟောင်းတွင် ပြည့်စုံမှုကို ဖော်ပြသည်။ ဂိဒေါင်တွင် သားသမီး ၇၀ (သူကြီး ၈:၃၀)၊ အဟပ်တွင်လည်း ၇၀ (၄ရာ ၁၀:၁) ရှိသည်။ ကမ္ဘာဦး ၁၀ တွင် နောဧ၏သားများ၏ သားစဉ်မြေးဆက်စုစုပေါင်းသည် ၇၀ ဖြစ်ပြီး၊ ကမ္ဘာ့လူဦးရေ ပြည့်စုံမှုကို ကိုယ်စားပြုသည်။ တောလည်ရာ ၁၁:၁၆၊ ၂၄ နှင့် ထွက်မြောက်ရာ ၂၄:၁၊ ၉ တွင် လူများအားလုံးကို ကိုယ်စားပြုသော အကြီးအကဲ ၇၀ ကို ဖော်ပြထားသည်။

46:26–27 In Acts 7:14, Stephen mentions seventy-five in his recounting of Israel’s history, most likely basing this (as a Greek believer) on the Greek Septuagint, which includes five more names in this section. The number of seventy expresses fullness in the OT. Gideon has seventy sons (Judg. 8:30), as does Ahab (2 Kin. 10:1). In Gen. 10 the total of the descendants of the sons of Noah is seventy and represents complete world population. Num. 11:16, 24 and Ex. 24:1, 9 mention 70 elders as representatives of all the people.

 

၄၆:၃၀-၃၄ ယောသပ်သည် ထိုခေတ်ကာလ၏ အင်အားကြီးနိုင်ငံ၏ ခေါင်းဆောင်နှင့် တွေ့ဆုံရန် သူ၏မိသားစုကို ပြင်ဆင်ပေးသည်။ အီဂျစ်စာသားများတွင် သိုးထိန်းများကို အထူးသဖြင့် မနှစ်သက်ကြောင်း မဖော်ပြပါ။ ယောသပ်သည် အီဂျစ်လူမျိုးများသည် ၎င်းတို့၏ သိုးအုပ်များကို လုံလောက်စွာ ထိန်းချုပ်မထားသော နိုင်ငံခြားသိုးထိန်းများကို မနှစ်သက်သည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ အီဂျစ်လူအများစုသည် လယ်သမားများဖြစ်သောကြောင့်၊ တစ်ပိုင်းလှည့်လည်နေထိုင်သော သိုးထိန်းများကို အလွန်မနှစ်သက်ပေမည်။

46:30–34 Joseph prepares his family for an audience with the leader of the superpower of that day. Egyptian texts do not suggest a particular dislike of shepherds. Perhaps Joseph meant that Egyptians dislike foreign shepherds roaming about and making use of the scarce usable land. Since most Egyptians were farmers, there may have been a strong dislike for semi-nomadic shepherds who did not sufficiently control their flocks.

No comments:

Post a Comment