Sunday, May 17, 2026

ထွက်မြောက်ရာကျမ်း ၁၅

 

အခန်းကြီး - ၁၅

ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကား ဟူမူကား၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။
ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင် ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင် ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။
ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ၏။
ဖာရောဘုရင်၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ရွေးသော ဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။
နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။
အို ထာဝရဘုရား၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။
ကိုယ်တော် တဘက်၌ ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကို လွှတ်၍၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။
နှာခေါင်းတော်လေအားဖြင့် ရေသည် စုဝေး၍၊ စီးသောရေသည် ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည် တောင့်မာလျက်နေရ၏။
ရန်သူက၊ ငါလိုက်မည်။ သူတို့ကို မှီလိမ့်မည်။ လုယူသောဥစ္စာကို ဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ထားကို အိမ်မှ ထုတ်၍ သူတို့ကို ငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း။
10 ကိုယ်တော်သည် လေကို မှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ၏။
11 အို ထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။
12 လက်ျာလက်တော်ကို ဆန့်တော်မူသဖြင့်၊ သူတို့ကို မြေမြှုပ်လေ၏။
13 ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။
14 လူမျိုးတို့သည် သိတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။
15 ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။
16 အို ထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏လူတို့ သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။
17 အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
18 ထာဝရဘုရားသည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။
19 အကြောင်းမူကား၊ ဖာရောဘုရင်၏ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်၍၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကို လွှမ်းမိုးစေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၏။
20 အာရုန်၏ အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက် လိုက်သွားကြ၏။
21 မိရိအံကလည်း၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီဟု သူတို့နှင့် အသံပြိုင်၍ ဆိုလေ၏။
22 ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှ ဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကို မတွေ့မရကြ။
23 မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟု သမုတ်ကြသတည်း။
24 လူများတို့သည် မောရှေကို အပြစ်တင်၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ၏။
25 မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တပင်ကို ပြတော်မူ၏။ ထိုအပင်ကို ရေထဲသို့ ချပြီးလျှင်၊ ရေသည် ချိုလေ၏။ ထိုအရပ်၌ သူတို့ကို စုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊
26 သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူ သောအကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော်အလိုသို့ လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌ စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
27 ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း၊ စွန်ပလွံပင် ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက်၍၊ ထိုအရပ်တွင် ရေရှိရာအနားမှာ တပ်ချကြ၏။

အနက်ဖွင့်ချက်။

15:1–18 ဤသီချင်းသည် အထွက်ကျမ်းအတွေ့အကြုံနှင့် တော၌ခရီးသွားခြင်းကြားတွင် ဆက်သွယ်မှုအဖြစ် ဆောင်ရွက်သည်။ ၎င်းသည် ဟေဗြဲကဗျာများထဲတွင် သက်တမ်းအရင့်ဆုံးဥပမာများထဲမှ တစ်ခုဖြစ်ပြီး သုံးပိုင်းခွဲထားနိုင်သည် (အငယ် ၁ခ–၆၊ ၇–၁၁၊ ၁၂–၁၇)။ အခန်းကဏ္ဍတစ်ခုစီတွင် ထာဝရဘုရား၏ ကယ်တင်ခြင်းကို သက်သေထူသော အငယ်ကျမ်းများ (အငယ် ၁ခ–၃၊ ၇–၈၊ ၁၂–၁၃)၊ ထို့နောက် ပုံပြင်နှင့် နှိုင်းယှဉ်မှုများ (အငယ် ၄–၅၊ ၉–၁၀၊ ၁၄–၁၆ခ) ပါဝင်သည်။ အပိုင်းတစ်ခုစီတွင် ထာဝရဘုရားကို တိုက်ရိုက်ချီးမွမ်းသော အငယ်ကျမ်းတစ်ခုလည်း ပါဝင်သည် (အငယ် ၆၊ ၁၁၊ ၁၆ခ–၁၇)။ ကိုးကွယ်ခြင်းနှင့် ဝတ်ပြုခြင်းသည် အထွက်ကျမ်းအတွေ့အကြုံ၏ ဗဟိုတွင်ရှိသည်။

15:1–18 This song serves as a link between the exodus experience and the journey in the wilderness. It is one of the oldest examples of Hebrew poetry and can be divided into three sections (vv. 1b–6, 7–11, 12–17). Each stanza contains verses that witness to the Lord’s deliverance (vv. 1b–3, 7–8, 12–13), then verses of narration and comparison (vv. 4–5, 9–10, 14–16a). Each section also contains a verse praising the Lord directly (vv. 6, 11, 16b–17). Worship and service lie at the center of the exodus experience.

 

15:1ခ–၆ ပထမအခန်းကဏ္ဍ: ထာဝရဘုရား၏ ကယ်တင်ခြင်းကို သက်သေထူခြင်း။

15:1b–6 First stanza: the witness to the Lord’s deliverance.

 

၁၅:၁၂ မြေကြီးသည် သူတို့ကိုမျိုချလိုက်သည်။ ဤစကားသည် ကဗျာဆန်သောအဓိပ္ပာယ်ဖြင့် ရေသည် စစ်တပ်ကိုဖုံးလွှမ်းပြီး မြင်ကွင်းမှပျောက်ကွယ်သွားသည်ကို ဖော်ပြပေမည်။ အနာဂတ်ကိုထောက်မျှော်သော တတိယအပိုဒ်တွင် ဣသရေလလူမျိုးသားများ၏ ခါနာန်သို့ခရီးတွင် ဆန့်ကျင်သူများ၏ သေဆုံးမှုကို ညွှန်ပြပေမည်။

15:12 earth swallowed them. Could be used in a poetic sense with the water covering the army and vanishing from sight. As part of the future-looking third stanza, it may point to the death of those peoples who will oppose the children of Israel on their journey to Canaan.

 

၁၅:၂၀–၂၁ မိရိအမ်၏သီချင်းသည် အပိုဒ်များကြားတွင် ထပ်ခါတလဲလဲဖြစ်နိုင်သော သံပြိုင်သီချင်း သို့မဟုတ် ဆက်သံအဖြစ် ဆောင်ရွက်သည်။

15:20–21 Miriam’s song serves as a chorus or bridge which could have been repeated between the stanzas.

 

၁၅:၂၀ မိရိအမ်သည် မောရှေ၏အစ်မ ဖြစ်ပြီး ဓမ္မဟောင်းကျမ်းတွင် ပရောဖက်မအဖြစ် သတ်မှတ်ခံရသော အမျိုးသမီးလေးဦးအနက် တစ်ဦးဖြစ်သည်။ ကျန်သုံးဦးမှာ ဒေဗောရာ (တရားသူကြီး ၄:၄)၊ ဟုလ္ဒါ (၂ရာဇဝင် ၂၂:၁၄)၊ နှင့် နောဒိယ (နေဟမိ ၆:၁၄) တို့ဖြစ်သည်။

15:20 Miriam is the sister of Moses and one of four women to carry the title of prophetess in the OT. The others are Deborah (Judg. 4:4), Huldah (2 Kin. 22:14), and Noadiah (Neh. 6:14).

 

၁၅:၂၅ စမ်းသပ်ခြင်း ဟေဗြဲကြိယာသည် “လေ့ကျင့်ခြင်း” ဟုလည်း အဓိပ္ပာယ်ရှိနိုင်သည်။ ကမ္ဘာဦး ၂၂:၁ မှတ်စုကိုကြည့်ပါ။

15:25 tested. The Hebrew verb can also mean “trained.” See note on Gen. 22:1.

 

၁၅:၂၅ခ–၂၆ ဘုရားသခင်သည် မိမိနှင့် ဣသရေလလူမျိုးအကြား ဆက်ဆံရေး၏ လမ်းညွှန်မူများကို တည်ထောင်သည်။ ကျန်းမာရေးသည် ပဉ္စတရားကျမ်း၏ ဥပဒေများတွင် အရေးပါသောစိုးရိမ်စရာဖြစ်သည်။ ခါနာန်နယ်စပ်တွင် အလားတူကတိတစ်ခုကို ထပ်မံပြောကြားထားသည် (တရား ၃၂:၁–၄၃)။

15:25b–26 God establishes the guiding principles of the relationship between Himself and Israel. Health is an important concern in the laws of the Pentateuch. On the border to Canaan a similar promise is repeated (Deut. 32:1–43).

No comments:

Post a Comment