Wednesday, March 4, 2026


 


                                                              အခန်း(၁)

                                         ရှောလမုန်မင်းကြီး၏အောင်မြင်ခြင်းအစ




        ရှင်ဘုရင်ဒါဝိဒ်နှင့်ရှေလမုန်မင်းကြီးတို့၏ အုပ်ချုပ်ရေးအောက်တွင် အစ္စရေး တို့သည် အမှန်တရားနှင့်ဖြောင့်မတ်ခြင်းတရားကို ကမ္ဘာအဝှမ်းသို့ ဩဇာလွှမ်းမိုးနိုင်ခွင့် များစွာ ရရှိခဲ့ပါသည်။ ယေဟောဝါဘုရား၏နာမတော်ကို စေ့စေ့ရှာဖွေ၍ အမှန်တရား ချစ်မြတ်နိုးသူများလည်း။ ထိုဘုရားသခင်သို့ စိတ်နှလုံးပြောင်းလဲမကျေနပ်ဘဲ မိမိတို့ တိုင်းပြည်သို့ ပြန်လှည့်သွားရသည် ဟူ၍ မရှိ။ စိတ်နှလုံးကျေနပ်မှုကို ရရှိကြကုန်၏ လာကြ၍ ကမ္ဘာပေါ်ရှိဘုရားသခင်၏အသင်းတော်မှာတိုးတက်ကြီးပွားလျက်ရှိနေခဲ့ပါ သည်။

        ရှောလမုန်မင်းကြီးသည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ နောက်ဆုံးနှစ်များတွင် ဘုရင်မြတ်အဖြစ် ဘိသိက်ပေးခြင်းကိုခံခဲ့ရသည်။ ထိုမင်း၏ပထမပိုင်း နှစ်ပေါင်းများ စွာ မှာ လှပသာယာ၀ပြော၍ အေးချမ်းလှပေသည်။ထာ၀ရဘုရား၏ ဂုဏ်တော်ကို ဖေါ်ကျူး နိုင်သော အဖြစ်တွင်လည်း ပြည်သူပြည်သားများရှိနေကြသဖြင့် ဘုရားသခင်ပေး အမှန်တရားကို ထိန်းသိမ်းကြရသူများအဖြစ် ရပ်တည်နိုင်ခဲ့လေသည်။ ရှင်ဘုရင်တို့ မည်သည် နိုင်ငံအရေးနှင့် လက်ရုံးရည်တို့တွင်ပြည့်စုံရန် သက်သက်မဟုတ်သေး။ နှလုံးရည်နှင့်လည်း ပြည့်၀ရန်လိုအပ်ကြောင်း ခမည်းတော်ဒါဝိဒ်မင်းကြီးက သိထားလေ ရာ သားတော်ရှောလမုန်အား မြင့်မြတ်နှလုံးသားကိုဆောင်ထားရန်၊ပြည်သူ ပြည်သားတို့ အပေါ် ကြင်နာသနားခြင်းရှိရန် တိုင်းတစ်ပါးနှင့်ဆက်ဆံရာ၌လည်း ထာ၀ရဘုရား သခင်၏ မြတ်နာမတော်ကိုလှပသန့်ရှင်း၊ဂုဏ်သတင်းဝင့်အောင် ဖော်ကျူးရန် လိုအပ် ကြောင်းကို သွန်သင်ခဲ့၏။ ထို့ကြောင့် {လူကိုအုပ်စိုးသောသူသည် တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့ လျက်အုပ်စိုးရမည်} (၂ရာ ၂၃း၃) ဟု ဆုံးမခဲ့ပါသည်။

        ရှောလမုန်မင်းကြီး အရွယ်နုပျိုစဉ်ကဆိုလျှင် ခမည်းတော်ဒါဝိဒ်မင်း၏ မှာကြား ခဲ့သမျှအတိုင်း လိုက်နာစောင့်ရှောက်သဖြင့် ထာ၀ရဘုရားသခင်ရှေ့တော်၌ တရား သောအမှုကိုပြု၍ စိတ်နှလုံးစုံလင်ခဲ့ပါသည်။ မင်းကြီးသည် ပဋိညာဉ်သေတ္တာတော်ရှိရာ ဂိဗေါင်မြို့သို့သွား၍ လက်ရွေးစင် အကြံပေးနိုင်သူ ရှေ့မီနောက်မီ ဣသရေလမင်း အပေါင်းတို့နှင့် အဆွေအမျိုး သူကြီးစသော အစ္စရေးအမျိုးသား အပေါင်းတို့ကို ဖိတ်ခေါ်ကာ ပရိသတ်စည်းဝေးရာတဲတော်ရှေ့၊ ထာ၀ရဘုရားသခင်ရှေ့တော်၌ ရှိသော ကြေးပါ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကိုပူဇော်၍ မိမိတို့ကိုယ်ကို မိမိတို့ ထာ၀ရဘုရား၏ အမှုတော်မြတ်အတွက် လုံးလုံးဆက်ကပ်အပ်နှံမှုကိုပြု စေခဲ့ပါသည်။ ကြီးလေးသော တာဝန်များကို ထမ်းရွက်နေသူတို့ကား လမ်းပြမှုမှန်ကန်ရန်အတွက် ပညာဗိမာန်၏ဇာစ်မြစ်သခင်ကို စေ့စေ့ရှာဖွေရန် လိုအပ်သည်မဟုတ်ပါလား။ ဤသည် ကိုမင်းကြီးသိ၏ သို့ဖြစ်၍လည်း မိမိနှင့်အတူတကွ မိမိ၏အကြံပေး လူသားကြီးများ တို့သည်လည်း ဘုရားသခင်လက်သင့်ခံနိုင်မှု အပြည်အဝရရှိရန်အလိုငှါ စည်းလုံး ညီညွတ်ခြင်း ရှိပါလိမ့်မည်။ (၂ ရာ ၂၃း၃၊၄ )။





                    ထာ၀ရဘုရားထံတော်မှအိပ်မက်ကိုမင်းကြီးမြင်မက်ခြင်း

        မင်းကြီးသည် မြေကြီဘဏ္ဍာများအပြင် အသိပညာနှင့် မြင့်မြတ်နှလုံးသား အရင်းခံသည့်သနားခြင်းကရုဏာစိတ်ကို လိုလားတောင့်တခဲ့၏။ အထက်မှ ဉာဏ်ပညာ ကို အထူးအလေးပေးသူဖြစ်ပါသည်။တစ်ညဉ့်တွင် ဘုရားသခင်သည် မင်းကြီးအား အိပ်မက်ကိုပေးခဲ့ရာတွင် {ငါပေးရမည့်ဆုကို တောင်းလော့} ဟု မိန့်တော်မူသောအခါ ထိုဘုရင်ပျိုသည် မိမိ၏အထူးလိုအပ်ချက်ကို သိမြင်သောကြောင့်၊ ဤသို့တောင်း လျှောက်ပါသည်။ {အကျွန်ုပ်၏ဘုရားသခင်ထာ၀ရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါ ဝိတ်၏ ကိုယ်စားရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။သို့ရာတွင် အကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏။တိုင်းပြည်ကို မည်သို့စီရင်အုပ်ချုပ်ရမည်ကိုမသိပါ။ သို့ဖြစ်၍ ကိုယ်တော်ကျွန် သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။ဤမျှလောက် များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် အုပ်ချုပ်မင်းလုပ်နိုင်ပါမည်နည်း။}

        {ထိုသို့ရှောလမုန်တောင်းလျှောက်သောဆုစကားကို ထာ၀ရဘုရားသခင်သည် နှစ်သက်တော်မူ၏။}

        ထို့ကြောင့် {ထာ၀ရဘုရားသခင်ကလည်း၊ သင်သည် တာရှည်သောအသက် ကိုမတောင်း၊စည်းစိမ်ကိုလည်းမတောင်း၊ရန်သူတို့၏အသက်ကိုလည်းမတောင်း တရား စီရင်ခြင်းငှါ တတ်နိုင်သောဉာဏ်ကိုသာ ကိုယ်အဖို့ တောင်းလျှောက်သောကြောင့် သင်တောင်းလျှောက်သည့်အတိုင်း ငါပေး၏။ရှေးကာလ၌ သင်နှင့်တူသောသူတစ် ယောက်မျှမဖြစ်၊ နောင်ကာလ၌ မဖြစ်နိုင်အောင် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ် ဝိညာဉ်ကို သင့်အားငါပေး၏။ထိုမှတပါး သင်နှင့်တူသော ရှင်ဘုရင်တစ်ပါးကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှါ သင်မတောင်းသောဆု၊ စည်းစိမ် ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။}

        {သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက်ပညတ် တရားတို့ကို စောင့်ရှောက်လျှင် တာရှည်သောအသက်ကိုလည်း ငါပေးမည်။}(၃ရာ ၃း၅-၁၄။ ၆ရာ ၁း၇-၁၂ ကိုလည်းဖတ်ရှုပါ) ဟု ကတိပြုမိန့်တော်မူခဲ့ပါသည်။

        ထာ၀ရဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ရှိရာ ဂိဗေါင်မြို့မှာ ဆက်ကပ် အပ်နှံခြင်းအစီအစဉ်တွင် ပြောကြားခဲ့သော စကားအသုံးအနှုန်းများကို ထောက်ရှု ခြင်းဖြင့် ရှောလမုန်ဘုရင်ပျိုသည် စိတ်နှလုံးနှိမ့်ချ၍ ထာ၀ရဘုရားသခင်ကို အလွန်မှပင် ဂုဏ်ပြုလိုသော သဘောထားရှိကြောင်းမြင်တွေ့နိုင်ပါသည်။ သူ့မှာ အခြားသူများထက် အသိပညာကြီးမားကြောင်းဂုဏ်ဖေါ်လိုသော {ငါစွဲ} စိတ်မရှိပါ။ သူ့လက်ထက်မှာ ဘုရား သခင်၏ဘုန်းတော် ထင်ရှားကွန့်မြူးဖို့ရန်သာ သူအလိုရှိပါသည်။ {(တရား ၄း၆)။ အ ကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ တိုင်းပြည်ကို မည်သို့စီရင်အုပ်ချုပ်ရမည်ကို မသိပါ} ဟူသောစကားက သူသည် စည်းစိမ်ချမ်းသာ၊ဉာဏ်ပညာအရာမှာ ဂုဏ်မမောက်မာ ကြောင်း ထင်းရှား ပါသည်။

        လူသည်တာဝန်နှင့်ရာထူး၊အခွင့်အရေးမြင့်မားလာသည်နှင့်အမျှ ဩဇာလွှမ်းမိုး မှုကျယ်ပြန့်လာသည်ဖြစ်သောကြောင့် ထာ၀ရဘုရားသခင်အပေါ် အားကိုးခိုလှုံဖို့ရန် ပိုမို၍ လိုအပ်လာပါသည်။ ထာ၀ရာဘုရားသခင်ထံတော်မှာ နည်းခံဖို့လို့၏။ ရာထူးက လူ၏အကျင့်ကို မသန့်ရှင်းစေနိုင်ပါ။ထာ၀ရဘုရားသခင်ကိုအမှန်တကယ် ဂုဏ်ပြု ချီးမြှောက်၍ ပညတ်တော်ကို နားထောင်ကျင့်သုံးခြင်းအားဖြင့်သာလျှင် လူသည် ကြီးမြတ်ရာကို ရောက်ရပါ လိမ့်မည်။

        ထာ၀ရဘုရားသခင်သည် ရှောလမုန်ဘုရင်ပျိုအား ကောင်းမကောင်းကို ပိုင်း ခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော်မူခဲ့သကဲသို့ အလာတူစွာသော ကောင်း ချီးမင်္ဂလာက်ို ယနေ့ဘုရားသခင်၏သားသမီးအပေါင်းတ်ို့ကို လည်းပေးအပ်လိုပါသည်။ {သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည်ပညာ ကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ ခပ်သိမ်းသော သူတို့အားစေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။တောင်းလျှင်ရလိမ့်မည်။}(ယာကုပ် ၁း၅)။ အသက်ဝိညာဉ် မျာစွာကို ဘုရားသခင်ထံတော်ပါသို့ ပို့ဆောင်လိုသော ဝိညာဉ်ကယ်ဆယ်ရေး စိတ် ရှိသူကို ထာ၀ရဘုရားသခင်သည် မစွန့်ပစ်ထားပါ။သူသည်လည်း စိတ်မပျက်ရပါ။ အကြောင်းမူကားထိုသူသည် မြေကြီးနှင့်ဆိုင်သော စည်းစိမ်ချမ်းသာ၊ ဩဇာတန်းခိုး၊ ကျော်ကြားမှုများထက် ကောင်းကင်အရာကို စွဲလမ်းသောကြောင့်တည်း။



                                    ခေါင်းဆောင်ကောင်းတစ်ဦးကဲသို့အောင်မြင်ခြင်း

        လူသည်ကောင်းမကောင်းကိုပိုင်ခြား၍ သိတတ်သောဉာဏ်နှင့်စွမ်းဆောင်နိုင် အားကို ဝိညာဉ်တော်ဆုကျေးဇူးအဖြစ် ဘုရားသခင်ထံတော်မှ ရရှိကြောင်းသိမြင်လျက် ထိုသခင်၌ ဆက်ကပ်အပ်နှံနေသမျှကာလပတ်လုံး ထိုသူသည် ရာထူးဂုဏ်ဒြပ်ကို မကြည့်တော့ပါ။အုပ်ချုပ်ထိန်းကွပ်လိုသည့် ဇာတိသဘောအခြေခံသော လုပ်ရပ်မျိုးကို လည်းမမက်မောတော့ပါ။မိမိသာလျှင် ကြီးမြတ်ရမည်ဟူသော သဘောထားနေရာတွင် အကောင်းနှင့်အဆိုး စပ်ကြားပိုင်းခြား၍ သိမြင်နိုင်သော ဉာဏ်ပညာကိုသာ ထာ၀ရ ဘုရားသခင် ထံတောင်းခံပါလိမ့်မည်။ ခေါင်းဆောင်းများလုပ်ဆောင်ရမည့် အလုပ် များကား မလွယ်ကူပါ။သို့ဖြစ်၍ အခက်ကြုံတိုင်းဆုတောင်းရန်လို၏။ ကောင်းကင်နိုင်ငံ တော်မှ သခင်ကြီးသည်လည်း ထိုသူတို့ကိုခွန်အားကိုပေး၍ ပညာအလင်းဆောင်စေ သဖြင့် မသမာသော ဩဇာလွှမ်းမိုးမှုမျိုးအပေါင်းမှ ရှောင်ရှားနိုင်ရုံမျှမက အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်စေနိုင်ပါလိမ့်မည်။

        ရှောလမုန်ဘုရင်ပျိုသည် စည်းစိမ်ချမ်းသာဂုဏ်အသရေနှင့်ရှည်သော အသက် တာထက် ဉာဏ်ပညာကို လိုလားတောင့်တသည်ဖြစ်ရကာ၊ ထာ၀ရဘုရားသခင်သည် မင်းကြီးအား {များစွာသောဉာဏ်ပညာကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှကျယ် ဝန်းသောနှလုံးကိုလည်းကောင်း ပေးတော်မူသည်ဖြစ်၍ လူအပါင်းတို့ထက်သာ၍ ပညာ ရှိသဖြင့် ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။} (၃ရာ ၄း၂၉-၃၁)။

        {ဣသရေလအမျိုးသားအပေါင်းတို့သည်လည်း တရားစီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ်နှင့်ရှင်ဘုရင်ပြည့်စုံကြောင်းကိုသိမြင်၍ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။}(၃ရာ ၃း၂၈)။ထိုအခါ လူအပေါင်းတို့သည် မင်းကြီးကို ချဉ်း ကပ်ကြကုန်၏။

        {ဒါဝိဒ်၏သားတော်ရှောလမုန်သည် မိမိ၏ထာ၀ရဘုရားသခင် မစတော်မူခြင်း၊ အလွန်ချီးမြှောက်တော်မူခြင်းကျေးဇူးကြောင့် မိမိအာဏာတော် တည်ကြည်မြဲမြံ}လေ သည်။ (၆ရာ ၁း၁)။



                                    ရှောလမုန်မင်းကြီး၏အောင်မင်မှုအတွက်

        နှစ်ပေါင်းများစွာပင် ရှောလမုန်မင်းကြီး၏ ဘုရားတရားကြည်ညိုပုံနှင့် ဘုရား သခင်၏စကားတော်ကို စေ့စေ့နားထောင်ခဲ့ပုံမှာ စံတင်ထိုက်ပေ၏။ နိုင်ငံတော်နှင့် ဆက် သွယ်လာသမျှသော စီးပွားရေးကိစ္စရပ်အလုံးစုံတို့ကိုလည်း ပညာသတိကြီးစွာဖြင့် စီမံ ခန့်ခွဲဆောင်ရွက်လေ၏။ ထည်ဝါခန့်ညားသော အဆောက်အအုံကြီးများနှင့် လူထု အကျိုးဆောင်လုပ်ငန်းရပ်များသည် မင်းကြီး၏ထီးနန်းနှစ်ဦးပိုင်းကို အလှဆင်ပေးကြ ပါသည်။





        မင်းကြီး၏အဆိုအမိန့်များနှင့် လုပ်ဆောင်မှုများတို့သည်ကား ဘုရားတရား ကြည်ညိုမှု၊ တရားမျှတမှု၊သနားခြင်းကရုဏာကို ဖော်ကျူးနေသလိုဖြစ်သောကြောင့် တိုင်းသူပြည် သားလူအပေါင်းတို့သည် မင်းကြီးအပေါ် သစ္စာစောင့်သိကြကုန်၏။ တိုင်းပြည်မှာ အေး ချမ်းသာယာ၀ပြောလေသည်။အခြားတိုင်းတစ်ပါးမှ ပြည့်ရှင်မင်းများတို့၏ နှစ်သက် စုံမက်ခြင်းကိုလည်း ခံရလေသည်။ ထိုခေတ်ထိုအချိန်တွင် အစ္စရေးတို့သည် ကမ္ဘာကြီး ၏အလင်း၊ ယေဟောဝါဘုရား၏ကြီးမြတ်သော နာမတော်ကို ဖေါ်ကျူးနိုင်ခဲ့ပါပေသည်။

        ထီးနန်းသက်ရင့်လာသည်နှင့်အမျှ မင်းကြီး၏ဂုဏ်သတင်းသည် အရပ်လေး မျက်နှာဆီသို့ပျံ့နှံ့သွား၏။ ထာ၀ရဘုရားသခင်ကို ဂုဏ်ပြုချီးမွမ်းရာ၌ မိမိ၏ဉာဏ်ပညာ စွမ်းရည်နှင့် ဝိညာဉ်ရေးဆိုင်ရာ အင်အားတို့ ပေါင်းစုပါဝင်လာ၏။မိမိခံစားရသော ကောင်းချီးမင်္ဂလာအပေါင်းကိုလည်း တစ်ပါးသူတို့အား မျှဝေခံစားစေလေသည်။ ဤ ကောင်းချီးဆုလက်ဆောင် အပေါင်းတို့ကို ခံစားရရှိခဲ့ခြင်းသည် ဤကမ္ဘာလောကသား တို့အားဘုရင်တကာ့ ဘုရင်အကြောင်းကို သိကျွမ်းစေရန်ဖြစ်ကြောင်း မိမိမှတစ်ပါး အဘယ်သူမျှပိုမို၍ နားမလည်နိုင်ပေ။

        မင်းကြီးသည် သဘာ၀သမိုင်းကို အထူးစိတ်ဝင်စား၏။သက်ရှိသတ္တဝါ များနှင့် သစ်ပင်လောကရှိ ဖန်ဆင်းခြင်းခံရသောအရာအားလုံးကို စေ့စေ့ကြိုးစား၍ လေ့လာ ရာတွင် ဖန်ဆင်းရှင်ကို ထင်ထင်ရှားရှားမြင်တွေ့ သိကျွမ်းခွင့်ရရှိခဲ့လေသည်။ သဘာ၀ စွမ်းအားများတွင်သော်လည်းကောင်း၊ လောကဓါတ်နှင့်သတ္တဝါများလောက တွင် သော် လည်းကောင်း မင်းကြီးသည် ထာ၀ရဘုရားသခင်၏ဉာဏ်တော်ဖွင့်ဆိုချက်ကို မြင်တွေ့ ခဲ့ရ၏။ဤသို့လျှင် မင်းကြီးသည် ထိုသခင်နှင့်အမြဲ ထာ၀စဉ်အကျွမ်းဝင်၍ အချစ် ပိုလာခဲ့ရပါသည်။

        မင်းကြီး၏ပညာတော်ကို သီချင်းများနှင့်သုခမိန်ကျမ်းများစွာတို့တွင် မြင်တွေ့ ရ၏။ {စီရင်တော်မူသော ပညာရှိ ဆုံးမစကားသုံးထောင်နှင့် သီချင်းတစ်ထောင့်ငါးခုရှိ၏။ လေဗနုန်အာရစ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟု ဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်းမြွက်ဆို၏။} (၃ရာ ၄း၃၂၊၃၃)

        သုခမိန်စကားများတွင် သန့်ရှင်းသော အသက်တာ၏ ရိုးရိုးကျင့်မြင့်မြင့်ကြံ ဟူသော အခြေခံသဘောကို ကြောရိုးမျှဖော်ပြထားပါသည်။ဤအခြေခံ သဘောတို့ကား ကျယ်ပြောလှ၏။ ထာ၀ရဘုရားသခင်သည်သာလျှင် ဂုဏ်ပြုချီးမွမ်းထိုက် သူတို့၏ အထွတ်ဖြစ်အပ်ကြောင်းကို ရှောလမုန်သည် ဖော်ကျူးခဲ့ရကာ မင်းကြီး၏ထီးနန်းသက် ပထမပိုင်းတွင် အကျင့်ဓလေ့အရာမှာ မြင့်မား၍ ရုပ်ပိုင်းဆိုင်ရာတို့မှာလည်း ကြွယ်၀ ချမ်းသာခဲ့ရလေသည်။ (သု ၃း၁၃၊၁၈)။

        မင်းကြီး၏အဆုံးအမကိုမြည်းစမ်းကြည့်ပါလော့။ {ဉာဏ်ပညာကိုရှာ၍ ရသော သူသည် မင်္ဂလာရှိ၏။အကြောင်းမူကား ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်း ထက်သာ၍ ကောင်း၏။ (သု ၄း၇)။ပညာကုန်သွယ်၍ ရသောအမြတ်လည်း ရွှေစင် ထက်သာ၍ ကောင်း၏။ပညာသည် ပတ္တာမြားထက်သာ၍ အဖိုးထိုက်ပေ၏။ (ဆာ ၁၁၁း၁၀)။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။သူသည် လက်ျာလက်၌ အသက်တာ ရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့် ဂုဏ်အသေရေရှိ၏။} (သု ၃း၁၃၊၁၆)။ {ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောသဘော ကား အပြစ်ကိုမုန်းသောသဘော တည်း။ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ မကောင်း သောလမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။}(သု ၈း၁၃)။

        မင်းကြီး၏ အဆိုအမိန့်များတို့ကား စံတင်ထိုက်ပေ၏။ထီးနန်းသက်တမ်း တစ်လျှောက် ဤအံ့ဩဖွယ်ပညာစကားများအတိုင်း မင်းကြီး သက်ရှင်ကျင့်သုံးသွား ခဲ့ပါသော် မည်မျှ ကောင်းမွန်လိုက်မည်နည်း။ (သု ၁၅း၇)။ သို့သော်လည်း ဘုရင်တကာ့ဘုရင် မင်းမြတ်ကြီးကိုသာ ချီးမွမ်းကြပါဟု လောကရှင်ဘုရင်အပေါင်းကို သွန်သင်ခဲ့သော ရှောလမုန်သည် မင်းစည်းစိမ်မာန်မာနတရားတွင် ယစ်မူး၍နေကာ ထာ၀ရဘုရား တစ်ပါးတည်းကိုသာလျှင် ဘုန်းတင်ထိုက်သေသာအရာကို မိမိအပေါ်သို့ ယူတင် ဝင့်ကြွားခဲ့ခြင်းဖြင့် ကျေးဇူးပြုသူကို ကျေးစွပ် စော်ကား ခဲ့လေပြီကော။

No comments:

Post a Comment