- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Wednesday, March 4, 2026
နိဒါန်း၊ စာရေးသူ၏အမှာစကား
အဘယ်ကြောင့် သင်သည် ဤစာအုပ်ကိုဖတ်ရှုသင့်ပါသနည်း။
လူ့သမိုင်းသည် အဓိပ္ပါယ်ရှိပါ၏လော၊ လူ့အသက်တာမှာ တန်ဖိုးကြီး စွဲလမ်း စရာများရှိပါ၏လော၊ ဤပထဝီမြေကြီးပေါ်ရှိဖြစ်ရပ် ပေါင်းစုံတို့တွင် ထာ၀ရဘုရားသခင် သည် ပါဝင်ပတ်သက်မှုရှိပါ၏လော။
ဤမေးခွန်းများအတွက် ဤစာအုပ်တွင် စာရေးသူကအဖြေပေးထားပါသည်။ ထို့နောက် သတ္တဝါအပေါင်းကို ကြည့်ရှုစောင့်ထိန်းလျက်နေသော ထာ၀ရဘုရားသခင်၏ လက်ရာတော်များကိုမျှော်လင့်တောင်းတရင်းစာရေးသူသည် ထာ၀စဉ်ထင်ရှား ကျန်ရစ် နေသော အတိတ်ဖြစ်ရပ်များကို အခြေခံလျက် ဤသို့လျှင် သမိုင်း၏တွေးမြင်ချက် တစ်ခုကိုဖေါ်ပြခဲ့ပါသည်။
{တိုင်းနိုင်ငံအသီးသီးနှင့် တစ်ဦးချင်းစီတို့၏အင်အားကို ၎င်းတို့အား အောင်မြင် စေသည့် သဘောဆောင်သောအခွင့်အရေးများနှင့် အကင်းပါးနပ်ကာ ကျင်လည်မှု ရှိခြင်းတို့တွင်မတွေ့မြင်ရပါ။ယင်းတို့၏ကြီးမြတ်ခြင်း ကြွားဝါသံများ၌လည်းမရှိပါ။၎င်းတို့ ကိုကြီးမြတ်ခိုင်မာစေသောအရာကား ထာ၀ရဘုရားသခင်၏တန်ခိုးတော်နှင့် အကြံ တော်တို့သာလျှင်ဖြစ်ပါသည်။ လူတို့သည် ဘုရားသခင်၏အကြံတော်ကို မည်ကဲ့သို့တုံ့ ပြန်သဘောထားခြင်းက ၎င်းတို့ပိုင်ခရီးလမ်းဆုံးကို အဆုံးအဖြတ်ပေးသည်မဟုတ်ပါ လား။}
{လူ့သမိုင်းတို့မည်သည် လူသားတို့၏ တီထွင်အောင်မြင်မှုများ၊ဘ၀တိုက်ပွဲ အလီလီကိုကျော်လွှားအောင်မြင်၍ လောကရေးရာတွင် အထွက်အထိပ်သို့ ရောက်ခြင်း နှင့် နှီးနွှယ်နေပါသည်။ ထာ၀ရဘုရားသခင်၏အမြင်မှာမူကား လူသားတို့အား ကောင်း ကင်ဘုံက မည်ကဲ့သို့ရှုမြင်သည်က်ိုဖော်ပြပါသည်။}
ဤစာစောင်တွဲတွင် အစ္စရေးတိုင်းပြည်ကို ဘုန်းကြီးသောရှောလမုန်မင်းကြီး သည် မည်ကဲ့သို့အုပ်စိုးခဲ့ကြောင်းနှင့်အစပြု၏။ မျက်နှာရ၍ ရွေးချယ်ခံလူမျိုးနွယ်တစ်စု ၏သမိုင်းအကြောင်းကိုရေးထားရာတွင် ထာ၀ရဘုရားသခင်အပေါ် ကျေးဇူးသစ္စာစောင့် သိချိန်တွင် မည်ကဲ့သို့မင်္ဂလာရှိခဲ့၍ အိမ်နီးချင်းနိုင်ငံများမှ နတ်ဘုရားတို့နှင့်ရောပြွမ်း ဆက်ဆံလာသောအခါ မည်ကဲ့သို့ပြိုကွဲသွားရခဲ့ပုံတို့ကို ဖေါ်ပြထားပါသည်။ ဤကမ္ဘာ သမိုင်း၏ခဲရာခဲဆစ်ကာလတစ်လျောက် လူသားတို့၏ နှလုံးသားအိမ်ကို စိုးမိုးလိုသည့် ခရစ်တော်သခင်နှင့်စာတန်တ်ို့စပ်ကြား ဆိုင်ပြိုင်တိုက်လှန်ပွဲကြီးကို သရုပ်သကန်ပေါ် အောင်တွေ့မြင်ရပေမည်။
ဤစာအုပ်တွင်ထူးခြားကျော်ကြားသော သမိုင်းဝင်လူသားကြီးများ အကြောင်း ကို လေ့လာရပါဦးမည်။ လွန်ကျူးခြင်းအပြစ်ကို ပညာသတိနှင့် ဆီးတားနိုင်ပါလျက် သိသိနှင့်မိမိ၏ စိတ်အလိုကိုလိုက်ခဲ့သော ရှောလမုန်မင်းကြီး၊ ကိုယ်တစ်ဖို့ကိုသာ ကြည့်သော မူစည်းကမ်းသမား ဣသရေလရှင်ဘုရင်ယေရောဗောင်၊ ခွန်အားကြီး၍ ကြောက်ရွံ့ခြင်းကင်းသောပုရောဖက်ဧလိယ၊ ငြိမ်သက်ခြင်းနှင့် ကျန်းမာခြင်းကို မြတ်နိုး သော ပုရောဖက်ဧလိရှဲ၊ ဆိုးညစ်၍ ကြင်ရာတော်ကိုကြောက်ရွံ့တတ်သော အာဟပ်မင်း၊ တန်ခိုးအစွမ်းနှင့်ပြည့်၀၍ စိတ်ကောင်းရှိသော ဟေဇကိမင်း၊ ချစ်ဖွယ်ကောင်းသော ပုရောဖက်ဖြစ်၍ နိုင်ငံတော်တွင်အားထားရသော ဒံယေလ၊ ဝမ်းနည်းမှုနှင့်သာ အဖော် ပြုရသော သတ္တိရှိသူ ယေရမိပုရောဖက်မှစ၍ ပြန်လည်ပြုပြင်တည်ဆောက်ရေးကိစ္စ အရပ်ရပ်မှာ ပါဝင်ကြကုန်သော ပုရောဖက်များဖြစ်ကြသည့် ဟဂ္ဂဲ၊ ဇာခရိနှင့် မာလခိတို့ အကြောင်းကိုလည်းသိရပေမည်။ ထိုမှလွန်သော် ဘုန်းတန်ခိုးအစုံနှင့် ကြွဆင်းလာမည့် ဘုရင်တကာ့ဘုရင်၊ ဘုရားသားတော် သခင်ယေရှုခရစ်အကြောင်းကိုလည်း သိနား လည်ရ ပေမည်။
{ပုရောဖက်များနှင့် ရှင်ဘုရင်များ} အမည်ဖြင့် ဤစာအုပ်ကို ကမ္ဘာအဝန်း ဘာသာစကားများစွာဖြင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့ပါပြီ။ ယခုတွင် ဤစာအုပ်ကို အတိုချုံး၍ ပုံနှိပ်ထုတ်ဝေကာ ပိုမို၍ ကျယ်ပြန့်စွာဖတ်ရှုသူများတိုးပွားလာမည် ဟုမျှော်လင့်မိပါ၏။
ဤစာစောင်တွဲအားဖြင့် ထာ၀ရဘုရားသခင်ကို ယုံကြည်သူတို့ အကျိုးများစွာ ခံစားခဲ့ကြရပုံများ၊ (ခရစ်ယာန်) ဓမ္မဟောင်းခေတ်က ဘုရားသခင်ကို ယုံကြည်ကိုးကွယ် ကြသူတွေ ကျေးဇူးပြုခြင်းခံခဲ့ရပုံများတို့ကို သိမြင်၊ ခံစား၊ လက်ဆင့်ကမ်းနိုင်သော ကောင်းမှုပြခြင်းအဖြစ်သို့ ရောက်ရှိကြပါစေကုန်သတည်းဟူသော ဆန္ဒမွန်ဖြင့် ဆု တောင်း မေတ္တာပို့သလျက်။
စာရေးသူ၏အမှာစကား
အစ္စရေးလူမျိုးတို့သည် ထာ၀ရဘုရားသခင်၏ စကားတော်ကိုနားထောင်၍ ခရစ်တူစိတ်သဘောမျိုးထားရှိချေက ဘုန်းကြီးသောနိုင်ငံတော်ကို အဒွန့်ရှည်စွာ ပိုင် ဆိုင်နိုင်ခဲ့မည်ဟု ယူဆနိုင်ဖွယ်ရှိပါသည်။
ထာ၀ရဘုရားသခင်သည် လူအပေါင်းတို့အား ကောင်းကင်ဘုံမှ အကောင်းဆုံး သောဆုကျေးဇူးများကိုပေးရန် အဘအာဗြဟံကိုယဇ်နတ်ပူဇော် ကိုးကွယ်သူအသိုက် အဝန်းမှခေါ်ထုတ်ကာ နို့နှင့်ပျားရည်စီးသောခံနာန်ပြည်မှာ နေထိုင်ဖို့ ပညတ်တော် မူခဲ့ပါသည်။ {ငါသည် သင်ကို လူမျိုးကြီးဖြစ်စေမည်။ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။သင်သည် ကောင်းချီးခံရသောသူဖြစ်လိမ့်မည်} ဟု ထာ၀ရဘုရား သခင်ကတိတော်ပေးခဲ့ပြီ မဟုတ်လော။ ကြီးမြင့်သောဂုဏ်ပြုခြင်းကို ခံရသောသူ အဘ အာဗြဟံသည် ဤဖိတ်ခေါ်မှုကိုလက်ခံခဲ့ပါ၏။ သူသည် ထာ၀ရဘုရားသခင်၏ အမှန် တရားကို ထိန်းသိမ်းစောင့်ရှောက်သော လူမျိုးနွယ်၏အဘဖြစ်ရပါမည်။ သူအားဖြင့် လူမျိုးအသီးသီးသည် ကတိတော်ထားရှိရာ မေရှိယသခင်မြတ်ထံတော်ပါးမှ ကောင်းချီး မင်္ဂလာများစွာကိုခံစားရပါမည်။
လူတို့သည်မှန်သောဘုရားသခင်ကိုသိကျွမ်းခြင်း၌ စိတ်မရှိတော့ပြီး။ ယဇ်နတ် ပူဇော်ပသကိုးကွယ်၌ ဇာတ်မျောကာ အသိအာရုံတို့သည်လည်း အမှောင်ဖုံး၍ နေချပြီ။ သို့တိုင်အောင်လည်း ထာ၀ရဘုရားသခင်သည် သူတို့ကို ကရုဏာသက်သောကြောင့် အထံတော်မှမချေဖျက်သေးချေ။မိမိ၏ လူမျိုးနွယ်အားဖြင့် မိမိ၏ အကျင့်ရုပ်လုံးတော် ကို လူတို့၌ ပြန်လည်တည်ဆောက် အသက်သွင်းရန် အခြေခံစည်းမျဉ်းများကို ပုံစံချပေး ခဲ့ပါသည်။
ထာ၀ရဘုရားသခင်၏ ပညတ်တော်ကိုချီးမြှင့်ရပါမည်။ ဤလုပ်ငန်းကြီးကို ကိုယ်တော်သည် အစ္စရေးလူမျိုးတို့အားတာဝန်ပေးအပ် ထားခဲ့ပါပြီ။ သို့ဖြစ်၍လည်း ထာ၀ရဘုရားသခင်ကိုသိသော စိတ်ထိန်သိမ်းထားနိုင်ရန်အလို့ငှါ ကိုယ်တော်သည် ထိုသူတို့အားသီးခြားခွဲထား ခဲ့ပါသည်။
ဤသို့လျှင် ယဇ်နတ်ရုပ်တုကိုးကွယ်ခြင်းမှကျောခိုင်း၍အသက်ရှင်တော်မူသော ထာ၀ရ ဘုရားသခင်ကိုကိုးကွယ်ကြပါရန် လူအပေါင်းတို့အားသူတို့ ကြွေးကြော် ခဲ့ပါသည်။
ထာ၀ရဘုရားသခင်သည် မိမိ၏လူတို့ကိုကျွန်ခံခဲ့ရာအီဂျစ်ပြည်မှ ထုတ်ဆောင် ၍ ရန်သူကင်းရှင်းသောမြေဆီမြေနှစ်ကောင်းသည် ပြည်တော်တွင်အမွေခံရန် ပြင်ဆင် ပေးခဲ့ရာတွင် ထိုသူတို့သည် ထိုသခင်၏ကောင်းမြတ်ခြင်း မင်္ဂလာအဖြာဖြာကို ကမ္ဘာအဝန်းသို့တုံ့ပြန်ကြွေးကြော်ရန်ဖြစ်ပါသည်။ ထိုခရီးကြမ်းတစ်လျှောက် ရင်ဆိုင် ကြုံတွေ့ခဲ့ရသောဘေးရန်အမျိုးမျိုးတို့မှလည်း ထိုသခင်သည်အံ့ဩဖွယ်ရာ ကာကွယ် စောင့်ရှောက်မှုကိုပေးပြီး၍ ကတိတော်ထားရာပြည်တော်မှာ မျက်နှာရသောလူမျိုးစု နွယ်အဖြစ် တိုင်းပြည်သစ်ကို တည်ထောင်နိုင်စေခဲ့ပါသည်။
ဤကြည်နူးဖွယ်ရာကောင်းသော ပုရောဖက်စကားကို ဘုရားသခင်သည် ဟေရှာယအားဖြင့် မိန်တော်မူခဲ့သည်မှာ- {ငါချစ်ရာသခင်၏စပျစ်ဥယျာဉ်တော် ကို အကြောင်းပြု၍ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသောတောင် ပေါ်မှာ ငါချစ်ရာသခင်၏စပျစ်ဥယျာဉ်တော် တစ်ဆူရှိ၏။ မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုး တော်မူ၏။ ဥယျာဉ်တော်ထဲမှာ မှီခိုရာတဲလင့်ကို လည်းဆောက်၍ စပျစ်သီးနယ်ရာကျင်းကိုလည်း တူတော်မူ၏။} ဟေရှာယ ၅း၁၊၂။
ဆက်လက်၍ ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင်၏ စပျစ်ဥယျာဉ်ကား ဣသရေလအမျိုးတည်း။နှစ်သက်တော်မူသောပျိုးပင်ကား ယုဒလူတည်း(ငယ် ၇)ဟု ပုရောဖက်က ကြေညာခဲ့ပါသည်။ထိုလူမျိုးကို ထာ၀ရဘုရားသခင်သည် မိမိ၏ပညတ် တော်ချက်များ၊ ထာ၀ရတည်တံ့နေမည့် အမှန်တရားအခြေခံစည်းမျဉ်းများ၊ တရား မျှတမှုနှင့်ဖြူစင်မှုတို့ဖြင့် ကာရံထားပါ၏။ အကာအကွယ်ရရန် စကားတော်ကိုနား ထောင်ရပါမည်။သို့ပြုမှသာ မကောင်းမှုပြုကျင့်ခြင်း အပျက်အစီးဘေးမှ သူတို့လွတ် မြောက်နိုင်ကြမည် မဟုတ်ပါလား။ ထာ၀ရဘုရားသခင်၏ စပျစ်ဥယျာဉ်ရှိ မှီခိုရာ
တဲ့လင့်စင်အဖြစ် ကိုယ်တော်သည် ဥယျာဉ်အလယ်မှာ သန့်ရှင်းသောဗိမာန်တော် တစ်ဆောင်ကိုလည်း ထားရှိခဲ့ပါသည်။ ခရစ်တော်သခင်သည်လည်း ထိုသူတို့၏ သင် တန်းမÈ;ကြီး၊ လမ်းပြရှင်အဖြစ် ရပ်တည်ခဲ့ပါ၏။ဗိမာန်တော်အတွင်းရှိ ကရုဏာပလ္လင် ထက်မှာရှိသော သန့်ရှင်းထွန်းတောက်သောရှဲကိနာကား ဘုရားသခင်ပေတည်း။
မောရှေအားဖြင့် ထာ၀ရဘုရားသခင်၏အကြံတော်နှင့် ထိုလူမျိုးအတွက် ကောင်းကျိုးချမ်းသာလမ်းညွှန်များကို ထိုသူတို့သိခွင့်ရခဲ့ပါသည်။ {သင်သည် သင်၏ ဘုရားသခင်ထာ၀ရဘုရားအဖို့ သန့်ရှင်းသောအမျိုးဖြစ်၏။ မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက် သင်၏ဘုရားသခင်ထာ၀ရဘုရား ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှါသင့် ကိုရွေးချယ်တော်မူပြီ။} {ဘုရားသခင်ထာ၀ရဘုရားသည်လည်း ကတိထားတော်မူသမျှ အတိုင်း သင်သည် ပညတ်တော်အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှါ အထူးသဖြင့် ကိုယ်တော်၏လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေ ကျော်စောမှုကိုလွန်စေတော် မူမည် ဟူ၍လည်းကောင်း ကတိတော်ရှိသည်အတိုင်း သင်၏ဘုရားသခင်ထာ၀ရဘုရား အဖို့ သန့်ရှင်းသောလူမျိုးဖြစ်စေခြင်းငှါ ယနေ့ ဝန်ခံတော်မူပြီ။}(တရားဟော ၇း၆။ ၂၆း၁၈၊၁၉)။
ထာ၀ရဘုရားသခင်သည် မိမိ၏တန်ခိုးတော်အပေါင်းကို မြေကြီးသား အပေါင်း တို့အား ထင်ရှားသိစေအံ့သောငှါ အစ္စရေးလူမျိုးထံ ဧဝံဂေလိသာသနာအလုပ်ကို အပ်နှင်းထားခဲ့ပါသည်။ယဇ်ပူဇော်ခြင်းဝတ်ကို လူသားတို့ နားလည်လာသဖြင့်လည်း မြောက်ထားခြင်းခံရမည့်ခရစ်တော်ကို ရှုမြင်ကြသူတိုင်း ရွေးချယ်ခံ ဘုရားသခင့်သား သမီးတို့နှင့်ပေါင်းထည့်လာမည်ဖြစ်ပါသည်။ဤသို့လျှင် အစ္စရေးတို့လူဦးရေ တိုးပွား လာသည်နှင့်အမျှ ကမ္ဘာအနှံ့သာသနာဖြန့်ရန် သူတို့၏နိုင်ငံတော် နယ်နိမိတ်ကြီး တိုးပွားလာစေရန် သခင်အလိုတော်ရှိခဲ့၏။
သို့သော်လည်း ရှေးခေတ်ကအစ္စရေးတို့သည် ထာ၀ရဘုရားသခင်၏ အကြံ တော်ကိုမပြည့်စုံစေခဲ့ပါ။ဤအမှုနှင့်ပတ်သက်၍ ထာ၀ရဘုရားသခင်သည် ဤသို့မိန့် မြွက်ခဲ့ပြီမဟုတ်လော။ {အကောင်းဆုံးသော စပျစ်နွယ်ပင် အမျိုးစစ်ဖြစ်သောသင့်ကို ငါစိုက်ပျိုးသော်လည်း သင်သည် ငါ့ရှေ့မှာအဘယ်မျှလောက်ဖောက်ပြန်၍ အမျိုး မစစ်သောစပျစ်နွယ်ပင်ဖြစ်ပါသည်တကား။} {စပျစ်သီးကိုသီးမည်ဟု မျှော်လင့်သည်ရှိ သော် ဗောရှသီးကို အဘယ်ကြောင့်သီးသနည်း။သို့ဖြစ်၍ ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည် အမှုကို သင်တို့အားငါပြောပြမည်။ခြံစည်းရိုးကိုငါပယ်ရှင်းသဖြင့် သူတစ်ပါးတို့သည် စားကြလိမ်မည်။ အုတ်ရိုးကိုငါဖြိုသဖြင့် သူတစ်ပါးတို့သည် ကျော်နင်းကြလိမ့်မည်။ ဥယျာဉ်ကိုငါရှင်းရှင်းဖျက်ဆီးမည်။ (ကိုယ်တော်သည်) တရားစီရင်ခြင်းကို မျှော်လင့် တော်မူသည်ရှိသော် အသေသတ်ခြင်းကို လည်းကောင်း၊ ဖြောင့်မတ်ခြင်းအရာ၌လည်း ငိုကြွေးခြင်းကိုလည်းကောင်း တွေ့မြင်တော်မူ၏} (ယေရမိ ၂း၂၁။ ဟေရှာယ ၅း၄-၇)
ထာ၀ရဘုရားသခင်၏ လူတို့သည် ထာ၀ရဘုရားသခင်နှင့်ခံဝန်ချက်ထားခဲ့ သော ကတိပဋိညာဉ်သစ္စာကိုစောင့်ထိန်းရန် ငြင်းပယ်သောကြောင့် ထာ၀ရဘုရား သခင်ထံတော်မှ ကောင်းချီးမင်္ဂလာများစွာကိုလည်းဖြစ်တောက် ခြင်းခံခဲ့ရပေသည်။ ထိုသူတို့၏သမိုင်းစဉ်တစ်လျှောက်တွင် ထာ၀ရဘုရားသခင်ကို သူတို့ မေ့ပျောက်လေ့ ရှိခဲ့သလို ဘုရားသခင်ပေးတာဝန်ကို ပျက်ကွက်၍ သန့်ရှင်းခြင်းပါရမီမဲ့ ဖြစ်ခဲ့သည်။ ဤသို့လျှင် လောဘတရားနှင့် ကာမဂုဏ်တပ်မက်မှုတို့သည် ပြင်းထန်လာရကာ တိုင်းတစ်ပါးတို့၏ ရွံရှာမုန်းတီးမှုကိုခံသည် အထိဖြစ်ခဲ့ရသည်။သို့ဖြစ်၍ လောကသား အပေါင်း တို့သည် ထိုသူတို့၌ ထာ၀ရဘုရားသခင်၏တန်ခိုးတော်နှင့် နိုင်ငံတော်၏ဥပဒေ ပညတ်တရားတို့ကို အဘယ်မှာလျှင်မှန်ကန်စွာ သိမြင်နိုင်ပါတော့အံ့နည်း။
သို့ရာတွင်ထာ၀ရဘုရားသခင်သည် ထိုသူတို့ကို ဖခင်တစ်ဦး၏ နှလုံးသားနှင့် ချစ်မြတ်နိုးနေဆဲ။အပြစ်မှနောင်တရကာ အပြန်လမ်းကို စောင့်မျှော်နေဆဲ။ ဤအတွင်း ပုရောဖက်များ၊စေတမန်များကို စေလွှတ်၍ မိမိ၏ ထာ၀ရမေတ္တာကရုဏာတော်ကို ဖော်ပြကြေညာနေပေသည်။ သို့သော်လည်း ထိုစေတမန်တို့အား ပျူငှါစွာကြိုဆိုရမည် အစား ထိုသူတို့ကို ရန်သူများကဲ့သို့ ဆက်ဆံပြုမူခဲ့ပါသည်။ ထာ၀ရဘုရားသခင်သည် ထိုသူတို့အတွက် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးကြီးသူများမက အခြားသော စေတမန်များ ကိုပင် စေလွှတ်နေဆဲဖြစ်ခဲ့သည်တိုင်အောင် ထိုဖေါက်ပြန်သော အမျိုးသည်မုန်းတီး စိတ် သဘောထားနှင့် ဘုရားသခင့်လူတို့ကို ဆက်ဆံစော်ကားခဲ့ပါ၏။
ထာ၀ရဘုရားသခင်သည် ထိုသူတို့အားအမျက်တော်ထွက်သဖြင့် မျက်နှာ လွှဲသောအခါတွင်မူကား ပြည်နှင်ဒဏ်ခံခဲ့ရစဉ်အတွင်း နောင်တရသူ များစွာရှိခဲ့ပါ၏။ ကရုဏာတော်ကြောင့် နေရင်းပြည်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပါသော်လည်း ထို ယုဒလူမျိုးတို့သည် ရှေးယခင်မျိုးဆက်များကဲ့သို့ပင် ခေါင်းမာမြဲ၊နှလုံးသား ခိုင်မာဆဲ ဖြစ်ပြန်သည့်အလျောက် အိမ်နီးချင်းနိုင်ငံသားတို့နှင့်နိုင်ငံရေးအရ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြန်ပါ၏။ထာ၀ရဘုရားသခင်ကို ပြန်လည်သတိရစေရေးအတွက် မကောင်းမှု အပြစ်မှ ပြန်လှည့်ရန် သွေးဆောင်တိုက်တွန်းသောပုရောဖက်များတို့ကိုလည်း မယုံ သင်္ကာစိတ်နှင့်မထီမဲ့မြင်ပြုကာ အထင်အမြင်သေးခဲ့ကြ၏။ ဤသို့လျှင် ရာစုနှစ်တစ်ခု ပြီတစ်ခု ထာ၀ရဘုရားသခင်၏စပျစ်ဥယျာဉ်စောင့်ဖြစ်သော ထိုသူတို့သည် အပြစ် ကိုသာ ထပ်ခါတလဲလဲပေါင်းစပ်ခဲ့လေတော့သည်။
စပျစ်ဥယျာဉ်မင်ချုပ်ကြီးဖြစ်သောဘုရားသခင်သည် ပါလက်စတိုင်း ကုန်မြေပြင် များတွင်အမျိုးကောင်းသော စပျစ်ပင်များကို စိုက်ပျိုးထားပါ၏။ ထိုအမှုကို အစ္စရေးတို့ လက်သင့်မခံ၊စက်ဆုပ်ရွံရှာစွာဖြင့် အပင်များကိုနုတ်ပစ်ကာ ခြံစည်းရိုးပေါ်သို့ပစ်ပယ် လိုက်သည်။ဥယျာဉ်မÈ;ကြီးသည်လည်း စုသိမ်း၍တစ်ဖန် ပြန်စိုက်လေ၏။လူတို့၏တန်ခိုး ခွန်းအားနှင့်ဘေးမပြုနိုင်သော စပျစ်နွယ်ပင်မကြီးနှင့်ကိုင်းဆက်ကာ စပျစ်နွယ်တို့ကို ခြံစည်းရိုးပေါ်တွင် တွယ်ကပ်ပေါက်ရောက်ပြန့်ပွားစေတော့၏။
ယနေ့ဘုရားသခင်၏အသင်းတော်သည်လည်း ထိုသခင်၏စပျစ်ဥယျာဉ်စောင့် များဖြစ်ကြပါသောကြောင့်ခေတ်အဆက်ဆက်က ပုရောဖက်တို့အားဖြင့် ကြွေးကြော် ခဲ့သောသတင်းစကားများကို လောကသားတို့အား လက်ဆင့်ကမ်းရလိမ့်မည်။ ပျောက် ဆုံးသွားသော ကမ္ဘာ့လူမျိုးနွယ်အား ထိုသခင်၏ ထာ၀ရမေတ္တာတော်အကြောင်းနှင့် ထိုသူတို့အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းစီမံကိန်းကို ဖေါ်ပြရပေမည်။ ရှေးခေတ် အစ္စရေးတို့အား ဘုရားသခင်း ဖိတ်ခေါ်အသုံးပြုပုံများ၊ သူတို့၏အောင်မြင်ခြင်းနှင့် ဆုံးရှုံးခြင်းများ၊မိမိတို့အပြစ်ကြောင့်ပျက်စီးခဲ့ရသော်လည်း ဘုရားသခင်၏မျက်နှာသာ ပေးမှုကြောင့် ပြန်လည်တည်ထောင်ခွင့်ရှိခဲ့ကြပုံ၊မိမိတို့၏အရှင်သခင် ဥယျာဉ်မÈ;ကြီးကို အပြတ်ငြင်းပယ်ခဲ့ပုံ၊ ထိုဘုရားသခင်ပေးတာဝန်ကို ခေတ်အဆက်ဆက် ကျန်ကြွင်း သော ဘုရားသခင်တပည့်တော်စုများက ဆက်လက်ထိန်းသိမ်ကာ လက်ဆင့်ကမ်း ကြွေးကြော်နေပုံများကို သင်ခန်းစာယူကြရပါမည်။
ယခုတွင် ထိုစပျစ်ဥယျာဉ်မင်ကြီးသည် ကမ္ဘာ့နေရာအနှံ့ရှိလူမျိုး အသီးသီးတို့ အား စုဝေးစေ၍ မိမိမြော်လင့်တောင့်တကာ စောင့်ဆိုင်းနေသည့်အသီးအပွင့်များကို စုသိမ်းရန်ဆောင်နေပါပြီ။ မကြာမီ ထိုသခင်သည် ကြွဆင်းလာ၍ မိမိပိုင်စပျစ်သီးတို့ကို ရိတ်သိမ်းပါတော့မည်။ဝမ်းမြောက်ဖွယ် နေ့ကြီး၌ ထိုသခင်၏ ထာ၀ရအကြံတော်မှာ ပြီးပြည့်စုံသွားပါလိမ့်မည်။ ဧကန်စင်စစ်၊ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံထွက် သဖြင့် လောကနိုင်ငံကို အသီးနှင့်ပြည့်စေလိမ့်မည်တကား။ (ဟေ ၂၇း၆။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment