Tuesday, March 3, 2026

 

မြေကြီးသစ်တွင်သန့်ရှင်းဖြောင့်မတ်သူများ၏ဘဝအသက်တာ

ကမ္ဘာဦးကတည်းက ယေရှုခရစ်ဘုရား တည်ထောင်ပြီး ယခုတိုင် အောင် တည်ရှိသည့် မှန်ကန်သော အသင်းတော်၏ နောက်ဆုံးပရောဖက် အီလင်ဂျီဝိုက်သည် မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများ၏ ဘဝ အသက်တာအကြောင်း ပြည့်စုံစွာဖော်ပြထားရာ အနည်းငယ်ပြန်၍ ဖော် ပြရလျှင်-

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများ နေထိုင်ရခြင်းမှာ ယေရှုခရစ်ကြောင့်ဖြစ်သည်။ “ကျွန်ုပ်တို့သည် ကောင်းကင်မိသားစုဝင် ဖြစ်နိုင်ရန်အလို့ငှာ ကိုယ်တော်သည် မြေကြီးမိသားစုဝင်တစ်ဦး ဖြစ်ခဲ့ရ သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံ၌ စာရင်းဝင်ရန်နှင့်ကောင်းကင်နိုင် ငံတော်သို့ ဝင်ထိုက်သောသူဖြစ်ရန်မှာ ခရစ်တော်၏ဖြောင့်မတ်ခြင်းသည် သာ အဓိကဖြစ်ပါသည်။ မြေကြီးပေါ်ရှိ အကောင်းဆုံးနန်းတော်ကို ပိုင် ဆိုင်ခြင်းထက် ကောင်းသောအရာမှာ ခရစ်တော်သွားရောက်ပြင်ဆင်နေ သည့် အိမ်တော်ကို ပိုင်ဆိုင်ခြင်းပင်ဖြစ်သည်။ “လာကြ၊ ခမည်းတော် ဘုရားသခင် ကောင်းချီးပေးခြင်းခံရသူများတို့၊ ကမ္ဘာဦးကပင် သင်တို့ အတွက်ပြင်ဆင်ထားသည့်နိုင်ငံတော်ကိုအမွေခံကြလော့” ဟူ၍ ယုံကြည် သူများအား ခရစ်တော်ပြောသည့်စကားသည် လောကီဆိုင်ရာ ချီးမွမ်း သည့်စကားအားလုံးထက်သာ၍ကောင်း၏။” နောက်ဆုံး -၃ဝ၄

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် အာဒံနှင့်ဧဝ အပြစ်မကျူးလွန်မီကကဲ့သို့ပင်ဖြစ်မည်ဖြစ်သည်။ ဖန်ဆင်းခါစ အာဒံနှင့် ဧ၀လိုပြန်ဖြစ်မည်ဖြစ်သည်။ အမျိုးသားများ၏ အရပ်အမောင်းမှာ ယခု မြေကြီးပေါ်တွင် အသက်ရှင်နေသော အမျိုးသားများ၏ ပျှမ်းမျှအရပ် ထက်နှစ်ဆမြင့်မည်ဖြစ်ပြီး အမျိုးသမီးများမှာ အမျိုးသားများ၏ ပခုံးထိ မြင့်မည်ဖြစ်သည်။ အမျိုးသားများ၏ ကိုယ်အနေအထားသည် အချိုး အဆညီမျှကျနသော ခန္ဓာကိုယ်ဖြစ်ပြီး ပုံပန်းသဏ္ဍာန်မှာ စုံလင်၍ တင့် တယ်လှပါသည်။ အမျိုးသမီးများ၏ ကိုယ်အနေအထားလည်း မြင့်မြတ် သည်သာမက အဆစ်အချိုးကျနပြီး လှပတင့်တယ်မည်ဖြစ်သည်။

အမျိုးသားများဖြစ်ဖြစ်၊ အမျိုးသမီးများဖြစ်ဖြစ် အသားအရေမှာ နီမြန်းပြီး ကျန်းမာရေးနှင့်ပြည့်စုံကြောင်းထင်ရှားသည့် အသားအရေမျိုး ဖြစ်ပါသည်။ အဝတ်အစားမှာ လူလုပ်သော အဝတ်အစားမဟုတ်ဘဲ  အလင်းနှင့်ဘုန်းရောင်ခြည်ဖုံးလွှမ်းသော ဝတ်ရုံကို ဝတ်ဆင်ကြမည် ဖြစ် သည်။ ဝတ်ရုံလည်း သရဖူများနည်းတူ တောက်ပသောဝတ်ရုံနှင့် အနည်း ငယ်မှိန်သောဝတ်ရုံဟူ၍ အဆင်းအရောင်ကွဲပြားမည်ဖြစ်သည်။ (သုခဘုံ-၂၇)

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် နေ့အချိန်တွင် အလုပ်လုပ်ကြမည်ဖြစ်ပြီး ညအချိန်တွင် အိပ်လည်းအိပ်ကြမည် ဖြစ် သည်။ “ကယ်တင်ခြင်းခံရသူများသည် အစအဦး၌ အာဒံနှင့်ဧဝတို့အား ပျော်ရွှင်သာယာမှုကိုပေးခဲ့သည့် အလုပ်အကိုင်မျိုးကို မြေကြီးသစ်တွင် လုပ်ကိုင်ကြလိမ့်မည်။ ဥယျာဉ်နှင့်လယ်ကွင်းများတွင် အသက်ရှင်နေ ထိုင်သည့် ဧဒင်အသက်တာမျိုးဖြင့် နေရကြလိမ့်မည်။” မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် လုံးဝမအိပ်သောသူများ မဟုတ်ကြပေ။ “တောအုပ်တစ်ခုထဲကို ကျွန်ုပ်တို့ဝင်သွားခဲ့ကြရာ ထိုတောအုပ်မှာ ကျွန်ုပ် တို့မြင် ဖူးတွေ့ဖူးခဲ့သည့် တောအုပ်မျိုးမဟုတ်ဘဲ တောအုပ်တစ်ခုလုံးမှာ လင်းနေပါသည်။ အကိုင်းတွေလည်းလူးလာ ယိမ်းနွဲ့နေပါသည်။ “ဒီတော ထဲမှာ ဒို့နေရတာလုံခြုံတယ်၊ ဒီမှာဘဲအိပ်ကြမယ်” ဟု ကျွန်ုပ်တို့အားလုံး ကကြွေးကြော်လိုက်ကြပါသည်။

ယေရုရှလင်မြို့တော်သစ်တွင် “မည်သူမျှအိပ်စက်နားနေဘို့ ဆန္ဒ မရှိသလိုအိပ် စက်နားနေရန်လည်း လိုအပ်လိမ့်မည်မဟုတ်ချေ။ ဘုရား သခင်၏ အလိုတော်ကိုဆောင်ခြင်း၊ နာမတော်ကို ချီးမွမ်းထောပနာပြု ခြင်းများကြောင့် မည်သူမျှ မောပန်းနွမ်းနယ်ကြတော့မည် မဟုတ်ပါ။ နံနက်မိုးလင်းချိန်တွင်ရရှိသည့် လန်းဆန်းမှုများကို အမြဲတမ်းခံစားကြရ လိမ့်မည်။” နောက်ဆုံး ၃၀၇၊၃၁၀၊၃၁၁

မြေကြီးသစ်တွင်သန့်ရှင်းဖြောင့်မတ်သူများသည် လက်ထပ်ထိမ်း မြားခြင်းမရှိတော့သဖြင့် မွေးဖွားခြင်းလည်း မရှိတော့ချေ။ လက်ထပ် ထိမ်းမြားခြင်းနှင့် မွေးဖွားခြင်း ကောင်းချီးမင်္ဂလာသည် များပြားစွာ မွေး ဖွားပြီး မြေကြီးကို ပြည့်စေသည်အထိဖြစ်သည်။ (က ၁း၂၈) ထို့ကြောင့် များပြားစွာ မွေးဖွားပြီးလူဦးရေသည် မြေကြီးကိုပြည့်စေလျှင် လက်ထပ် ထိမ်းမြားခြင်းနှင့် မွေးဖွားခြင်းကောင်းချီးမင်္ဂလာရပ်တန့်အဆုံးသတ်မည် ဖြစ်သည်။ (၄ရာ ၄း၁-၆) ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူပြီး ထ မြောက်ရာကာလ၌ လူဦးရေသည်မြေကြီးကို ပြည့်စေပြီးဖြစ်သဖြင့် ဤ အကြောင်းကြောင့် မြေကြီးသစ်တွင်လက်ထပ် ထိမ်းမြားခြင်းနှင့် မွေးဖွား ခြင်းများမရှိတော့ပေ။

ထို့ကြောင့် “ထမြောက်ရာကာလ၌ စုံဖက်ခြင်းကိုမပြု၊ ထိမ်းမြား ပေးစားခြင်းကိုမပြု။ ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏”ဟု အနာဂတ်အသက်တာကန့်လန့်ကာကို ခရစ်တော်ဖွင့်လိုက် ပါသည်။ မ ၂၂:၃၀၊၃၁ နောက်ဆုံး-၃၁၁

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် အချင်းချင်း မှတ်မိကြမည်ဖြစ်သည်။ သေခြင်းမှ ထမြောက်လာသော “ခရစ်တော်ကို တမန်တော်များက မှတ်မိခဲ့ကြသလို ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ မိတ်ဆွေများကို မှတ်မိကြလိမ့်မည်။ နဂိုပုံစံအတိုင်း ထမြောက်လာကြ မည်ဖြစ်သော်လည်း ရောဂါဘယနှင့် အပြစ်အနာအဆာများ ကင်းနေလိမ့် မည်။ မိတ်ဆွေအချင်းချင်း မှတ်မိစေရန်အလို့ငှာ ယခင်ရှိရင်းစွဲပုံစံအတိုင်း အသက်ရှင်နေထိုင်ကြလိမ့်မည်။ သူတစ်ပါးက ကျွန်ုပ်တို့ကို သိသလို ထိုနေရာတွင် ကျွန်ုပ်တို့ကလည်း သူတစ်ပါးကို သိကြလိမ့်မည်။ ဤကမ္ဘာ တွင် ဆွေမျိုးတော်စပ်မှုရှိသော သူတော်စင်အသီးသီးတို့သည် ထိုနေရာ တွင် တစ်ဦးကိုတစ်ဦးသိကြလိမ့်မည်။” နောက်ဆုံး - ၃၁၂၊ ၃၁၃၊၃၁၄

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် အချင်းချင်း ဤသို့ ချီးမွမ်းပြောဆိုကြမည်ဖြစ်သည်။ “ထိုအချိန်တွင် အချို့သော ပုဂ္ဂိုလ်များသည် သင့်ထံသို့လာကာ “အကယ်၍ အဲဒီအခါတုန်းက ခင်ဗျားကသာ ကြင်နာစွာနဲ့ အားပေးစကားမပြောခဲ့ဖူးဆိုလျှင်၊ အကယ်၍ အဲဒီတုန်းကခင်ဗျားကသာ ကျွန်ုပ်အတွက် မျက်ရည်ကျလျက်ကြိုးစား ဆုတောင်းမပေးခဲ့ဖူးဆိုလျှင် ကျွန်တော်တော့ ခမ်းနားတင့်တယ်ခြင်းနဲ့ ပြည့်စုံတဲ့ဘုရင်တကာတို့ရဲ့ ဘုရင်ကြီးကို တွေ့ဖူးတော့မှာ မဟုတ်ဘူး” ဟု ပြောပါလိမ့်မည်။ အဘယ်မျှလောက် ကောင်းမြတ်သည့် ဆုလာဘ် ဖြစ်လိုက်ပါသလဲ။

ထို့နောက် မိမိတို့၏ မိခင်များကို လက်ညှိုးထိုးပြကာ ဘုရား သခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်ုပ်ဒီလိုဖြစ်လာရတာဟာ သူမရဲ့လုပ် ဆောင်ချက်ကြောင့်ဖြစ်ပါတယ်။ “အမေ့ရဲ့သွန်သင်မှု၊ အမေ့ရဲ့ဆုတောင်း ချက်တွေဟာ ကျွန်ုပ်ကယ်တင်ခြင်းခံရဖို့အတွက် မင်္ဂလာဖြစ်ခဲ့ပါတယ်” ဟုပြောကြပါ သည်။” နောက်ဆုံး-၃၁၆၊၃၁၇

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် ကိုယ့်အကျိုး အတွက် ရည်ရွယ်ခြင်းမရှိကြပေ။ “ခပ်သိမ်းသောသူတို့သည် သူတစ်ပါး ၏အကျိုးနှင့်ပျော်ရွှင်မှုအတွက် လုပ်ဆောင်ကြသည်။ မည်သူတစ်ဦးတစ် ယောက်မျှ ကိုယ်ကျိုးကိုသာဦးစားပေးပြီး ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ခြင်း မပြုကြပါ။ ပတ်ဝန်းကျင်ရှိပုဂ္ဂိုလ်များ၏ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုများကို ကြည့်ကာ သူတို့ဝမ်းမြောက်နေတတ်ကြပါသည်။ ထိုနေရာတွင် လွှမ်းမိုး နေသောအရာမှာ ကိုယ့်ကိုယ်ကို အမွှမ်းတင်မှုနည်းပါးခြင်းဖြစ်ပြီး ထိုနေ ရာတွင် အရှားပါးဆုံးအရာမှာ ကျေးဇူးတင်ခံခြင်းနှင့် ဥစ္စာဓနကို ပြင်းထန် စွာ မြတ်နိုးသည့်စိတ်တို့ဖြစ်ကြသည်။ ထို့ကြောင့် အကောင်းဘက်တွင် သာ ပြိုင်ဆိုင်ကြပြီး တစ်ဦးကိုတစ်ဦး ဝမ်းမြောက်ပျော်ရွှင်မှုများကို ပေးဖို့ ကြိုးစားနေကြပါသည်။” နောက်ဆုံး - ၃၁၈၊ ၃၁၉

မြေကြီးသစ်တွင်သန့်ရှင်းဖြောင့်မတ်သူများသည် အပြစ်ကျူးလွန် ခြင်းလုံးဝမရှိတော့ချေ။ အကြောင်းမှာ သန့်ရှင်းဖြောင့်မတ်သူများသည် “မိမိတို့ ကိုယ်တိုင်တွေ့ကြုံခဲ့သောအရာများအားဖြင့် အပြစ်နှင့်တိုက်လှန် မှုအကြောင်းကို သိရှိထားကြပါသည်။ စုံစမ်းနှောင့်ယှက်မည့် ပုဂ္ဂိုလ်ထို နေရာတွင် မရှိသလို အမှားအယွင်းလုပ်စရာအကြောင်းလည်း ထိုနေရာ တွင်မရှိတော့ချေ။ စုံစမ်းနှောင့်ယှက်ရန် အခွင့်အရေးရစေမည့် ကောင်း မကောင်းသိကျွမ်းရာအပင်လည်း ထိုနေရာ၌ မရှိတော့ပါ။” စာတန်မာရ် နတ်အသုံးပြုသော ကောင်းမကောင်းသိကျွမ်းရာ အပင်မရှိတော့ဘဲ ထို အပင်နှင့်တူသည့် အခြားသောအပင်ရှိမည် ဖြစ်သည်။(ရှေးစာပေ-၄၉၊ ထွက်-၃၄း၁) မြေကြီးသစ်တွင်စုံစမ်း နှောင့်ယှက်သူနှင့်စုံစမ်းနှောင့်ယှက် ခြင်းမရှိတော့သဖြင့် အပြစ်ကျူးလွန်ခြင်းလည်းမရှိတော့ခြင်း ဖြစ်သည်။ နောက်ဆုံး - ၃၁၉၊၃၂၃။

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် ဘုရားသခင်ကို ဖူးမြော်ချီးမွှမ်းကြမည်ဖြစ်သည်။ “ဘုရားသခင်ကို မျက်နှာချင်းဆိုင်ဖူး မြော်ကြရလိမ့်မည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏ မျက်နှာတော်မှ ရောင်ခြည်တော်များကို အမြဲတမ်းတွေ့မြင်ဖူးမြော်ကြရလိမ့်မည်။ နှစ်လို ဖွယ်မြင်ကွင်းများကြောင့် ကျွန်ုပ်တို့သည် စိတ်နှလုံးကြည်နူးနေကြလိမ့် မည်။ ကယ်တင်ခြင်းခံစားရသူများသည် ၎င်းတို့၏ ဦးခေါင်းပေါ်တွင် ကိုယ်တော်ရှင်ဆောင်းပေးထားသည့် သရဖူများကို ခြေတော်ရင်းတွင် ချထားကာ ရွှေစောင်းများကို တီးလိုက်ကြရာ ကောင်းကင်သားများ အားလုံးသည် ပလ္လင်တော်ထက်၌ ထိုင်တော်မူသည့် ထာဝရဘုရားသခင် အား ချီးမွမ်းထောပနာပြုကြပါလိမ့်မည်။” နောက်ဆုံး - ၃၂ဝ

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် ဤလောက၌ အသက်ရှင်စဉ် နားမလည်နိုင်သောအရာများကို နားလည်လာမည်ဖြစ် သည်။ “ကယ်တင်ခြင်းခံရသူအသီးသီးတို့သည် မိမိတို့၏အသက်တာတွင် ကောင်းကင်တမန်များ လုပ်ဆောင်ခဲ့သောအရာများ” အထူးသဖြင့် “ကောင်းကင်တမန်များ၏ ကြားဝင်မစမှုကြောင့် မြင်နိုင်သောအန္တရာယ် များနှင့် မမြင်နိုင်သော အန္တရာယ်များမှ လွတ်မြောက်နိုင်ခဲ့ပုံများစသည် တို့ကို နားလည်ကြလိမ့်မည်။ အသက်တာတွင် ရင်ဆိုင်ခဲ့ရသော ရှုပ်ထွေး မှုအဖုံဖုံကို ထိုအချိန်တွင် ရှင်းရှင်းလင်းလင်းသိရလိမ့်မည်။

ဤလောကတွင်ရှိစဉ်အခါ ကိုယ်တော်လုပ်ဆောင်ခဲ့သော ထင် ရှားစွာ မသိမြင်နိုင်ခဲ့သည့် အစီအစဉ်များကို ကျွန်ုပ်တို့အား ရှင်းပြတော်မူ လိမ့်မည်။ ကျွန်ုပ်တို့ကောင်းစွာ နားမလည်ကြသည့် ဘုရားသခင်၏ အစီ အစဉ်အားလုံးကို အနာဂတ်ကမ္ဘာတွင် ရှင်းပြတော်မူလိမ့်မည်။ ကျေးဇူး တော်ဆိုင်ရာ နက်နဲသည့်အရာများကို ကျွန်ုပ်တို့ရှေ့၌ ဖွင့်ဟတော်မူလိမ့် မည်။ နားလည်ဘို့ခက်ခဲသော အရာများအတွက် ရှင်းလင်းချက်များကို ထိုနေရာတွင် ကျွန်ုပ်တို့သည် တွေ့ကြရလိမ့်မည်။ ထိုသို့ ကျွန်ုပ်တို့ သိရှိ နားလည်လာသောအခါ ကျွန်ုပ်တို့သည် မဖော်ပြနိုင်လောက်အောင် ကြီး မားသော ဝမ်းမြောက်မှုများကို ခံစားကြရလိမ့်မည်။” နောက်ဆုံး - ၃၂၁၊ ၃၂၆၊ ၃၂၇

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် လေ့လာရေး ခရီးထွက်ကြမည်ဖြစ်သည်။ “ကယ်တင်ခြင်းခံရသော ထိုလူအုပ်ကြီး သည် တစ်ကမ္ဘာမှတစ်ကမ္ဘာသို့သွားကြကာ ၎င်းတို့၏ အချိန်များစွာကို ကယ်တင်ခြင်းဆိုင်ရာ နက်နဲမှုများအကြောင်း ရှာဖွေရာတွင် အသုံးပြုကြ လိမ့်မည်။ ထိုသူတို့သည် အဝေးကမ္ဘာများဆီသို့ မမောတမ်းမပန်းတမ်း အတောင်များ ခတ်လျက်ပျံသွားကြပါသည်။” နောက်ဆုံး - ၃၂၅

မြေကြီးသစ်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် ထာဝရပညာ ကို ဆည်းဖူးကြမည်ဖြစ်သည်။ “ဘုရားသခင်သားသမီးများ လေ့လာရန် စကြာဝဠာ၏ ဘဏ္ဍာများကို ဖွင့်ပြတော်မူလိမ့်မည်။ ထာဝရဘုရားသခင် အကြောင်းသိရှိမှု တိုးပွားလာသည်နှင့်အမျှ ချစ်ခြင်းမေတ္တာ၊ ရိုသေကိုင်း ရှိုင်းခြင်းနှင့်ဝမ်းမြောက်ခြင်းများလည်း တိုးပွားလာပါသည်။ လူတို့သည် ထာဝရဘုရားသခင်အကြောင်းကို ပို၍လေ့ကျက်လေလေ၊ ကိုယ်တော်၏ စာရိတ္တတော်ကို ပို၍ ချီးမွမ်းလေလေ ဖြစ်ပါသည်။

စွမ်းအားအသီးသီးသည် ဖွံ့ဖြိုးလာလိမ့်မည်။ တတ်စွမ်းမှုများ လည်း တိုးတက်လာလိမ့်မည်။ အကြီးမြတ်ဆုံးသော လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်ကာ အမြင့်မားဆုံးသော မျှော်လင့်ချက်များလည်း ပြည့်ဝလာလိမ့်မည်။ အမြင့်ဆုံးသောရည်ရွယ်ချက်များလည်း အောင်မြင် ကြလိမ့်မည်။ သို့ရာတွင် ဆက်လက်တက်စရာ အသစ်သောအမြင့်၊ ဆက် လက်ချီးမွမ်းစရာ အသစ်သောအံ့ဖွယ်များ၊ ဆက်လက်သိရှိစရာ အသစ် သော သမ္မာတရားများသည် ပေါ်ထွက်လာလိမ့်မည်။ ဘုရားသခင်၏ ဉာဏ်တော်နှင့်တန်ခိုးတော်အကြောင်းကို ကျွန်ုပ်တို့ မည်မျှပင် အသိတိုး ပွားနေစေကာမူ သိစရာအရာများသည်အမြဲတမ်းရှိနေဦးမည်သာတည်း။” နောက်ဆုံး - ၃၂၄၊ ၃၂၉၊ ၃၃ဝ

No comments:

Post a Comment