အခန်း
(၁၅)
ကောင်းကင်သစ်နှင့်မြေကြီးသစ်
ထာဝရမီးဖြင့် ထာဝရလောင်ကျွမ်းရန်လောင်စာ၊ ထာဝရကုန်ဆုံး သောအခါ ထာဝရမီးလည်း
ထာဝရငြိမ်း၍ ထာဝရသေလေတော့သည်။ ထိုအခါဘုရားသခင်၏ ကတိတော်အတိုင်း ကမ္ဘာဦးကတည်းက သန့်ရှင်း
ဖြောင့်မတ်သူများ မြော်လင့်ကြသည့်ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံ ကောင်းကင်သစ်နှင့်
မြေကြီးသစ်ပေါ်လာသည်။ “ကြည့်ရှုလော့၊ မိုး ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။-ကောင်းကင်သစ်နှင့်
မြေကြီးသစ်ကိုလည်း ငါမြင်၏။ -ယခုရှိသမျှသော အရာတို့သည် ပျက်ရ သော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ
မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီမြော်လင့်ကြ၏။” ဟေရှာ
၆၅း၁၇၊ ဗျာ ၂၁း၁၊ ၂ ပေ၃း၁၃
No comments:
Post a Comment