Monday, March 2, 2026

 

ဇိအုန်မြို့၊ သောဒုံမြို့၊ ဂေါမောမြို့ပုံသက်သေ

          အဘယ်သူမျှ မငြိမ်းသတ်နိုင်သည့် ထာဝရမီးဖြင့် လောင်တော်မူ

သော ဇိအုန်မြို့သည် မီးခိုးအစဉ်ထာဝရတက်လျက်၊ ထာဝရလောင်ခြင်း ဖြစ်သည်။ (ဟေရှာ ၃၄း၈-၁၀) မီးခိုးအစဉ်တက်လျက်၊ ထာဝရမီးဖြင့် ထာဝရလောင်တော်မူသော ဇိအုန်မြို့သည် ယခုအခါ မရှိတော့၊ မီးလည်း မရှိတော့၊ မီးခိုးလည်း မတက်တော့ပေ။ ထိုမီးကို ဘုရားသခင်သည် ထာဝရငြိမ်းစေတော်မူပြီးဖြစ်သည်။ ထို့ကြောင့် ထာဝရလောင်ခြင်းသည် အစနှင့်အဆုံးရှိသည်။ ထာဝရမီးခိုးတက်ခြင်းလည်း အစနှင့်အဆုံးရှိ သည်။ ထာဝရမီးလည်းအစနှင့် အဆုံးရှိလေသည်။

          ဘုရားသခင်သည် သောဒုံမြို့နှင့်ဂေါမောရမြို့ကိုလည်း မငြိမ်းနိုင် သည့် မီးတည်းဟူသော “ထာဝရမီး” ဖြင့်လောင်စေတော်မူသည်။သို့သော် ယခုအခါ ထိုမြို့သည် မလောင်တော့၊ ထိုမြို့လည်း မရှိတော့၊ ထိုမီးလည်း မရှိတော့၊ ငြိမ်း၍ သေပြီးဖြစ်သည်။ ထို့ကြောင့် ထာဝရမီးသည် အစနှင့် အဆုံး ရှိသည်။ ထို့ကြောင့် ဘုရားသခင်ရှိစေတော်မူသမျှ “ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့ အချိန်ရှိကြ၏။မိမိတို့အချိန်တည်းဟူသော အစနှင့် အဆုံးရှိကြသည်။ ယုဒ ၁း၇၊ ဒေ ၃း၁ (၃း၁-၁၁)

          လောင်စရာလောင်စာမကုန်မချင်း ထာဝရမီးဖြင့် ထာဝရလောင် ၍ လောင်စရာလောင်စာကုန်လျှင်မူကား၊ ထာဝရမီးသည်ငြိမ်း၍ သေလေ တော့သည်။ ဤသည်ကား ဘုရားသခင်သည် ထာဝရမီးကို ရှိစေတော် မူ၍ ငြိမ်းစေတော်မူခြင်းဖြစ်သည်။ ထို့ကြောင့်ထာဝရမီးသည် အစလည်း ရှိ၊ အဆုံးလည်းရှိပေသည်။

No comments:

Post a Comment