အာမဂေဒုန်စစ်ပွဲပြန်ဆင်နွှဲ
တခဏသာအသက်ရှင်ရန် ထောင်မှလွတ်လာသည့် စာတန်မာရ် နတ်နှင့်ပေါင်းအဖော်နတ်ဆိုးများသည်
ဇာတိပကတိအတိုင်း ထမြောက် လာကြသော သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ များပြားသည့်သူတို့၏ လူမတရား
သောသူများကို ချက်ချင်းလှည့်ဖြားလေတော့သည်။ ယေရှုခရစ်နှင့်သန့် ရှင်းဖြောင့်မတ်သူများနေထိုင်သည့်
သန့်ရှင်းသောမြို့တော် ယေရုရှလင် မြို့သစ်ကို ငါတို့နေထိုင်ဘို့တိုက်ခိုက်ပြီး သိမ်းပိုက်ကြစို့ဟု
လှည့်ဖြားသွေး ဆောင်သောအခါ အားလုံးက တညီတညွတ်တည်း သဘောတူထောက်ခံ ကြလေသည်။ ဤသို့ဖြင့်
ယေရှုခရစ်ဒုတိယအကြိမ်ကြွလာချိန်က စတင် ပြီး နှစ်ပေါင်းတစ်ထောင်ရပ်စဲရသော အာမဂေဒုန်စစ်ပွဲ(ဗျာ
၁၆း၁၄,၁၅) ဆက်လက် ဆင်နွှဲကြ၏။ စာတန်မာရ်နတ်ကိုယ်တိုင်
ဦးဆောင်မှုဖြင့် သူတို့အားလုံး မြို့တော်သစ် ယေရုရှလင်မြို့ကို ဝိုင်းကြလေသည်။
“အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော ဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီးလေးမျက်နှာပေါ်မှာနေသော လူအမျိုး မျိုးတို့ကို လှည့်ဖြားအံ့သောငှါလည်းကောင်း၊
စစ်တိုက်ဘို့ စည်းဝေးစေ ခြင်းငှါလည်းကောင်း၊ တက်လိမ့်မည်။ -ထိုသူများတို့သည် မြေကြီးမျက်
နှာပေါ်သို့တက်၍ သန့်ရှင်းသူတို့၏ တပ်ကိုလည်းကောင်း၊ ချစ်ဘွယ် သော မြို့တော်ကိုလည်းကောင်း၊
ဝိုင်းကြ၏။” ဗျာ ၂၀း၈,၉
အာမဂေဒုန်စစ်ပွဲဆင်နွဲသည့် ယေရုရှလင်မြို့သစ်ကို ဝိုင်းသူများ မှာ ဤကဲ့သို့
လူစားမျိုးဖြစ်ကြောင်းသမ္မာကျမ်းစာတွင် ဤသို့ဖော်ပြထား ပေသည်။ “ပြင်၌ကား၊ ခွေးဖြစ်သောသူ၊
ပြုစားတတ်သောသူ၊ မတရား သောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊
သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့ သည်ရှိကြ၏။” ဗျာ ၂၂း၁၅။
No comments:
Post a Comment