ပိုင်ဆိုင်ရသောဝိညာဏကိုယ်ခန္ဓာအမွေခံ
အိပ်ပျော်(သေ)သော သန့်ရှင်းဖြောင့်မတ်သူများ (အလောင်း) သည် စာတန်မာရ်နတ်၏ ညှဉ်းဆဲခြင်းအလုပ်ကို
မသိရသော်လည်း ခံရ သည်။ ထိုသို့ခံရသောကြောင့် စာတန်မာရ်နတ်သည် အိပ်ပျော်(သေ) သော သန့်ရှင်းဖြောင့်မတ်သူများ(အလောင်း)
ကို ပုပ်စေသည်။ ပျက်စီး စေသည်။ မြေမှုန့်ဖြစ်စေသည်။ “ဤအမှုကား၊ ရန်သူပြုသောအမှုတည်း၊”
အိပ်ပျော်(သေ)သော သန့်ရှင်းဖြောင့်မတ်သူများသည် ယေရှုခရစ်ပေးခဲ့ သည့် ဂုဏ်သရေအစွမ်းနှင့်ပြည့်စုံသော
ဝိညာဏကိုယ်ခန္ဓာကို မအိပ်ပျော် (သေ)မီ အမိဝမ်းကတည်းက ပိုင်ဆိုင်ပြီးဖြစ်သည်။ ထို့ကြောင့်ယေရှုခရစ်
ဒုတိယ အကြိမ်ကြွလာတော်မူသောအခါ အမိဝမ်းကတည်းက ပိုင်ဆိုင်ရ သော ဂုဏ်အသရေ အစွမ်းနှင့်
ပြည့်စုံသည့် ဝိညာဏကိုယ်ခန္ဓာဖြင့် ထမြောက်ခြင်းကို မျက်စိတမှိတ်၌ အမွေခံမည်ဖြစ်သည်။
မ ၁၃း၂၈
ယေရှုခရစ်ဒုတိယအကြိမ် ကြွလာတော်မူသောအခါ အိပ်ပျော် (သေ)သော သန့်ရှင်းဖြောင့်မတ်သူများ(အလောင်း)ပေါ်
စာတန်မာရ်နတ် ၏ အလုပ်ကုန်ဆုံးမည် ဖြစ်သည်။ (ဗျာ၂၀း၂) ထို့ကြောင့် ယေရှု ခရစ် ဒုတိယအကြိမ်ကြွလာတော်မူ၍
အိပ်ပျော်(သေ)သော သန့်ရှင်းဖြောင့် မတ်သူများ (အလောင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ)
ပေါ် စာတန်မာရ် နတ်၏ အလုပ်လုံးဝမရှိတော့သည်နှင့်သေပြီ၊ ပုပ်ပြီ၊ ပျက်စီးပြီ၊ မြေမှုန့်
ဖြစ်ပြီဟု စာတန်မာရ်နတ်စွပ်စွဲသော အိပ်ပျော်(သေ)သည့် သန့်ရှင်း ဖြောင့်မတ်သူများ (အလောင်းရှိသည်ဖြစ်စေ၊
မရှိသည်ဖြစ်စေ) သည် အမိဝမ်းကတည်းက ပိုင်ဆိုင်ရသော ဝိညာဏ ကိုယ်ခန္ဓာကို မျက်စိ တမှိတ်၌အမွေခံလျက်
ဂုဏ်အသရေအစွမ်းနှင့်ပြည့်စုံသည့် ဝိညာဏ ကိုယ်ခန္ဓာဖြင့် ထမြောက်လာမည်ဖြစ်သည်။ ဤထမြောက်ခြင်းကား၊
ပထမထမြောက်ခြင်းဖြစ်သတည်း။
“သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည်
သားတော်၏စကား သံကိုကြား၍ - ထွက်ရမည့် အချိန်ကာလရောက်လတံ့။ ကောင်းသော အကျင့်ကိုကျင့်သော
သူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်း ကောင်း၊ ထွက်ရကြလတံ့။ -ခရစ်တော်၌ သေလွန်သောသူတို့သည်
အဦး (ပထမ)ထမြောက်ကြလိမ့်မည်။ -ထိုကာလအခါ၊ မြေမှုန့်၌ အိပ်ပျော် သော သူများတို့သည် နိုးကြလိမ့်မည်။
အချို့တို့ကား၊ ထာဝရအသက်ရှင် ခြင်းနှင့် လည်းကောင်း နိုးကြလိမ့်မည်။- ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသော
သူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ -ကိုယ်တော်၏
လူသေတို့သည် အသက်ရှင်ကြပါလိမ့် မည်။ မြေမှုန့်၌နေသော သူတို့နိုး၍ သီချင်းဆိုကြလော့။အကြောင်းမူကား၊
ကိုယ်တော်၏ နှင်းသည်မြက်ပင်တို့ကို ပေါက်စေသောနှင်းကဲ့သို့ဖြစ်၍ မြေသည်လည်း မိမိ သင်္ချိုင်းသားတို့ကို
ထုတ်ဖော်ရပါလိမ့်မည်။
-ကျွန်ုပ်မူကား၊ဖြောင့်မတ်၍ မျက်နှာတော်ကိုဖူးမြင်ရပါလိမ့်မည်။
နိုးသောအခါ ပုံသဏ္ဍာန်အားဖြင့် အကျွန်ုပ်အလိုပြည့်စုံပါလိမ့်မည်။ ငါတို့ အရိုးများသည်
သွေ့ခြောက်ကြ၏။ မြော်လင့်စရာမရှိ၊ ငါတို့သည် ဆုံးရှုံး ကြပြီဟုသူတို့ဆိုတတ်ကြ၏။-အချင်းငါ၏လူတို့၊
သင်တို့သင်္ချိုင်းတွင်းများ ကိုငါဖွင့်၍ သင်တို့ကို ထုတ်ဖော်မည်။ -ထိုတံပိုးမှုတ်ချိန်ရောက်သော
အခါ သေလွန်သော သူတို့သည် မပုပ်နိုင်သောအဖြစ်၌ တည်လျက်ထမြောက် ကြလိမ့်မည်။ -ဖြောင့်မတ်သောသူရှိသမျှတို့သည်
သေခြင်းမှ ထမြောက် ကြလိမ့်မည်။ ယော ၅း၂၈,၂၉ ၊ ၁ သက် ၄း၁၆၊ ဒံ ၁၂း၂ ၊ ဂလာ ၆း၈၊ ဟေရှာ
၂၆း၁၉၊ ဆာ ၁၇း၁၅ ၊ ယေဇ ၃၇း၁၁,၁၃၊ ၁ ကော ၁၅း၅၂ ၊ တ ၂၄း၁၅
ထိုအခါအိပ်ပျော်(သေ)ရာမှ နိုးလာသော သန့်ရှင်းဖြောင့်မတ်သူ များသည် သူတို့ကိုစုံစမ်းသွေးဆောင်ခွင့်လုံးဝမရှိတော့သည့်
စာတန်မာရ် နတ်၏ ရှေ့မှောက်တွင် ဂုဏ်အသရေအစွမ်းနှင့် ပြည့်စုံသူများဖြစ်လာပြီး အစဉ်ထာဝရ
ဂုဏ်အသရေအစွမ်းနှင့်ပြည့်စုံသူများ ဖြစ်လာကြသည်။ ထို အချိန်တွင် ဘုရားသခင်သည် အိပ်ပျော်(သေ)ရာမှ
နိုးထလာသော သန့် ရှင်းဖြောင့်မတ်သူများ ဤလောက၌ အသက်ရှင်စဉ် စာတန်မာရ်နတ် ကြောင့် သူတို့ကျူးလွန်သော
အပြစ်များကို စာတန်မာရ်နတ်ပေါ်တင် ထားပြီး စာတန်မာရ်နတ်လည်း အိပ်ပျော်(သေ ရာမှ ထမြောက်လာကြ
သော သန့်ရှင်းဖြောင့်မတ်သူများပေါ် ဘာမှမလုပ်နိုင်တော့သဖြင့် ထိုသူ တို့သည် အသက်ရှင်လျက်
ပြောင်းလဲလာသော သန့်ရှင်းဖြောင့်မတ်သူ များနှင့်အတူ စာတန်မာရ်နတ်ကို ဝိုင်း၍နင်းကြမည်ဖြစ်သည်။
ထိုအခါ “ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မှီ စာတန်ကိုသင် တို့ခြေအောက်၌
နှိပ်စက်တော်မူမည်” ဟူသော ကျမ်းချက်ပြည့်စုံခြင်းသို့
ရောက်လေသည်။ ရော ၁၆း၂ဝ
ထိုအချိန်တွင် သန့်ရှင်းဖြောင့်မတ်သူများအားလုံး “အိုသေမင်း၊ သင်၏ လက်နက်သည်
အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာရှိသနည်း” ဟု စာတန်မာရ်နတ်ကို
အတူ တကွ ကျိန်ခေါ်ကြသည့်အပြင် ဤသို့လည်း အတူတကွ အောင်မြင်စွာ ကြွေးကြော်ကြသည်။ “ငါတို့သခင်ယေရှုခရစ်အားဖြင့်
ငါတို့အား အောင် ခြင်း အခွင့်ကိုပေးတော်မူသော ဘုရားသခင်၏ ကျေးဇူတော်သည်ကြီး လှစွာတကား။”
၁ ကော ၁၅:၅၅ ၊ ၅၇
အထက်ဖော်ပြပါအကြောင်းအရာများကား၊ ယေရှုခရစ်ဒုတိယ အကြိမ်ကြွလာတော်မူသောအခါ အိပ်ပျော်(သေ)သည့်
သန့်ရှင်းဖြောင့် မတ်သူများ မအိပ်ပျော်(သေ)မီ အမိဝမ်းကတည်းက ပိုင်ဆိုင်ရသော ဝိညာဏ ကိုယ်ကို
မျက်စိတမှိတ်တခဏခြင်းတွင် အမွေခံခြင်းဖြစ်လေ သည်။
No comments:
Post a Comment