- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Monday, March 2, 2026
ကြွလာဤသို့
“လက်ဖဝါးတစ်ဝက်ခန့်အရွယ် တိမ်အမည်းကလေးတစ်ကွက် သည် မကြာမီအချိန်၌အရှေ့အရပ်တွင် ပေါ်လာပါသည်။ ထိုအရာသည် ခရစ်တော်ကို ကောင်းကင်တမန်များဝန်းရံထားသောအရာဖြစ်ပြီး အဝေး မှ နေ၍ ကြည့်သောကြောင့် အမှောင်ထုက ဝိုင်းထားသယောင်တွေ့နေရ ပါသည်။ ထိုအရာသည် ဘုရားသခင်သားတော်၏ အထိမ်းအမှတ်ဖြစ် ကြောင်း ယုံကြည်သူသား သမီးများကသိထားပါသည်။
ထိုအရာကလေးသည် ဤကမ္ဘာကြီးဆီသို့ တဖြည်းဖြည်းရွေ့ လျားလာစဉ် သူတို့သည် တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေကြပါသည်။ နီးကပ်လာသည်နှင့်အမျှ ပို၍ ထွန်းလင်းတောက်ပလာကာ တိမ်ဖြူကြီး တစ်ခုသဖွယ် တွေ့လာရပါသည်။ အောက်ခြေပိုင်းတွင် လောင်မြိုက် သောမီးကဲ့သို့ ဘုန်းရောင်ခြည်များ တောက်ပနေပြီး အပေါ်ဘက်တွင် မှုပဋိညာဉ် သက်တံက လွှမ်းမိုးထားပါသည်။ ခရစ်တော်သည်မဟာ အောင်မြင်သူတစ်ပါးကဲ့သို့ မိုးတိမ်ဖြူကို စီးလာတော်မူပါသည်။” နောက် ဆုံး - ၂၉၃
ယေရှုခရစ်သည်ခေါင်းတော်ပေါ်၌ ရွှေသရဖူဆောင်းလျက်၊ ထက် သောတံစဉ်ကို ကိုင်လျက်၊ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်လျက်၊ အထပ်ထပ်အလွှာလွှာဖြူဖြူဖွေးဖွေးဖြစ်သောမိုးတိမ်ပေါ်တွင်ထိုင်လျက်၊ ဖိတ်ဖိတ်တောက်ပသော မီးတောက်မီးလျှံကဲ့သို့ ဘုန်းရောင်ခြည်ဖြာ၍ ဖြာ၍ထွက်လျက်၊တံ ပိုးခရာကိုယ်စီနှင့်မ ရေမတွက်နိုင်သောကောင်းကင် တမန်များခြံရံလျက်၊ ကြွေးကြော်ခြင်း၊ အသံပေးခြင်း၊ တံပိုးကိုမှုတ်ခြင်း နှင့်တကွကြွလာတော်မူမည်။
“တဖန်ငါကြည့်လျှင် ဖြူသောမိုးတိမ်ရှိ၏။ လူသားတော်နှင့်တူ သောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူဆောင်းလျက်၊ ထက်သော တံစဉ်ကိုကိုင်လျက်၊ မိုးတိမ်ပေါ်မှာထိုင်တော်မူ၏။-မျက်စိတော်သည် မီး လျှံကဲ့သို့ဖြစ်၏။ -လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော် ကိုဆောင်လျက်၊ကောင်းကင်တမန်အခြံအရံတို့နှင့်ကြွလာတော်မူလတံ့။- လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည်ကြွလာတော်မူလတံ့။
-တန်ခိုးကြီးသောဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏။ နေထွက်ရာမှသည်နေဝင်ရာတိုင် အောင်မြေကြီး ကိုခေါ်တော်မူ၏။ အသရေတင့်တယ်ခြင်းပြည့်စုံရာ ဇိအုန်တောင်ပေါ်မှာ ဘုရားသခင်၏ ရောင်ခြည်တော်သည် ထွန်းပ၏။ -ငါတို့၏ဘုရားသခင် ကြွလာတော်မူ၏။ တိတ်ဆိတ်စွာနေတော်မမူ။ ရှေ့တော်၌မီးလောင် လျက်၊ ပတ်ဝန်းကျင်၌ မိုးသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏။-ကြည့်ရှုလော့၊ ထာဝရဘုရားသည် ပြင်းစွာသောအရှိန်အားဖြင့် အမျက်တော်ကိုလည်း ကောင်း၊ မီးလျှံအားဖြင့်ဆုံးမတော်မူခြင်းကိုလည်းကောင်း၊ ထင်ရှားစွာ ပြခြင်းငှါ၊ လေဗွေကဲ့သို့ ရထားတော်တို့ကို စီး၍ ကြွလာတော်မူလိမ့်မည်။
- သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှကိုယ်တော်တိုင်ဆင်းသက်တော်မူ၏။” ဗျာ ၁၄း၁၄၊ ၁၆း၁၂၊ မ ၁၆း၂၇၊ ၁၄း၂၇ ၊ ဆာ၅၀း ၁-ခု၊ ဟေရှာ ၆၆း၁၅၊ ၁ သက် ၄း၁၆
Subscribe to:
Post Comments (Atom)
No comments:
Post a Comment