မြင်တွေ့
ထာဝရမီးထဲတွင် စာတန်မာရ်နတ်နှင့် အပေါင်းဖော်နတ်ဆိုးများ၊ မတရားသေသူများ၊ နာကျင်ခြင်းဝေဒနာပြင်းထန်စွာ
ခံစားလျက်လောင် ကျွမ်းခြင်းကို ယေရုရှလင်မြို့ထဲတွင် ရှိကြသော သန့်ရှင်းဖြောင့်မတ်သူ
များ မြင်တွေ့ရကြမည် ဖြစ်သည်။ “ထိုသူတို့သည် ငါ့ကို ပြစ်မှားသော သူတို့၏ အသေကောင်များကို
တွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုး (သူတို့ကိုယ်တိုင် - ဆာ ၂၂း၆) သည် မသေနိုင်ရာ။ သူတို့၏ မီးသည်လည်း မငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌
ရွံရှာဘွယ်ဖြစ်ရကြလိမ့်မည်။” သူတို့လိုချင်သည်အတိုင်း လိုချင်သည့်အချိန်တွင် မသေနိုင်ကြချေ။
ဟေ ရှာ ၆၆း၂၄
မြို့တော်သစ်ယေရုရှလင်မြို့မူကား၊ မီးအိုင်ထဲတွင်ရှိသော်လည်း သန့်ရှင်းသော
မြို့ဖြစ်သဖြင့် လုံးဝမလောင်နိုင်သည်ကိုလည်းကောင်း၊ မြို့ထဲတွင်ရှိကြသော သန့်ရှင်းဖြောင့်မတ်သူများလည်း
လုံးဝ မလောင် နိုင်သည်ကိုလည်းကောင်း၊ မီးအိုင်ထဲတွင် လောင်ကျွမ်းနေကြသော စာတန်မာရ်နတ်နှင့်
အပေါင်းအဖော်နတ်ဆိုးများ၊ မတရားသောသူများ တွေ့မြင်ကြရမည်ဖြစ်သည်။ မြို့တော်ထဲရှိ သန့်ရှင်းဖြောင့်မတ်သူများနှင့်
မီးအိုင်ထဲရှိ မတရားသောသူများသည် အပြန်အလှန်အချင်းချင်း တွေ့မြင် ကြရမည်ဖြစ်ပြီး အချင်းချင်းမှတ်မိကြပေလိမ့်မည်။
ထိုအခါ ယေရှုခရစ် ပြောသောပုံပမာ သူဌေးနှင့်ဆင်းရဲသား လာဇရုအကြောင်း ပြည့်စုံလာ မည်ဖြစ်သည်။(လု
၁၆း၁၉-၃၁)
No comments:
Post a Comment