ဒုက္ခဆင်းရဲခြင်းကပ်ကာလ
ကျေးဇူးတော်ကာလကုန်ဆုံးခါနီးအချိန်တည်းဟူသော
ကရုဏာ တံခါးပိတ်ခါနီး ယခုအချိန်တွင် ဤကမ္ဘာ၌ ဖြစ်ပျက်သည့်အရာများကို မှန်ကန်သော အသင်းတော်၏
အသင်းသူ၊အသင်းသား သန့်ရှင်းဖြောင့် မတ်သူများသည် ဗာဗုလုန်မြို့ကြီးတည်းဟူသော ဤကမ္ဘာကို
ဟောကြား လျက်ရှိသည်။ ၎င်းအပြင် တနင်္ဂနွေနေ့ ဥပဒေ(Sunday Law) ထုတ်ပြန် သည်နှင့် ဖြစ်ပေါ်လာမည့်
ဒုက္ခဆင်းရဲခြင်း ကပ်ကာလ အကြောင်းကို လည်း ဟောကြားလျှက်ရှိသည်။(မ ၂၄း၄-၁၄၊ ၂၃-၂၆,၂၉၊
ဗျာ ၁၄း၆-၁၃၊
၁၃း၁-၁၈)
ဘေးဒဏ်ခုနှစ်ပါး
ဤကမ္ဘာပေါ်သို့ သွန်းလောင်းခါနီး၊ ယေရှုခရစ် ကောင်းကင်ဗိမာန်တော်၌ ရှိနေသေးသည့်အချိန်လေးတွင်
ဤကမ္ဘာကြီး ပေါ်ဒုက္ခဆင်းရဲခြင်းကပ်ကာလကျရောက်လာမည်ဖြစ်သည်။“အကြောင်း မူကား၊ ကမ္ဘာဦးမှစ၍
ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ် လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။
-ထိုကာလ တာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလို့ငှါ ထိုကာလသည်
တိုလိမ့်မည်။”၎င်းဒုက္ခဆင်းရဲခြင်း ကပ်ကာလကို
ယာကုပ်၏ ဒုက္ခဆင်းရဲခြင်း ကပ်ကာလ၊ ဘုရားသခင် သားသမီးများကို စစ်ဆေးစမ်းသပ်မှုကာလဟူ၍လည်းခေါ်သည်။
မ ၂၄း၂၁,၂၂
No comments:
Post a Comment