ပိုင်ဆိုင်ရသောအရာကိုသာအမွေခံ
ယေရှုခရစ်သည် ရွေးနှုတ်ခြင်းခံလူ အားလုံးကို ဓမ္မသရဖူပေးပြီး ဖြစ်သဖြင့်သန့်ရှင်းဖြောင့်မတ်သူများတည်းဟူသောယုံကြည်သူများသည်
အမိဝမ်းကတည်းက ဓမ္မသရဖူကို ပိုင်ဆိုင်ပြီးဖြစ်သည်။ အမိဝမ်းကတည်း ကပိုင်ဆိုင်ရသော ဓမ္မသရဖူကို
ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူ သောအခါ အမွေခံရသည်။ ထို့ကြောင့်ပိုင်ဆိုင်ရသောအရာကိုသာ
အမွေခံ ခြင်းဖြစ်သည်။ “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်
စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကိုငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို
တောင့်တသောသူအပေါင်းတို့၌ လည်းအပ်ပေးတော်မူမည်။”
၂တိ ၄း၈
ယေရှုခရစ်သည် ထာဝရအသက်ကိုလည်း ရွေးနှုတ်ခြင်းခံလူအား လုံးကို ပေးပြီးဖြစ်သဖြင့်
သန့်ရှင်းဖြောင့်မတ်သူများတည်းဟူသော ယုံ ကြည်သူများသည် အမိဝမ်းကတည်းက ထာဝရအသက် ပိုင်ဆိုင်ပြီး
ဖြစ် သည်။ “ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။-ငါအသက်ရှင်သည် အရာမှာ ခရစ်တော်ဖြစ်၏။” အမိဝမ်းကတည်းကပိုင်ဆိုင်ရသော
ထာဝရအသက် ကို ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ အမွေခံရသည်။ ထို့ကြောင့် ပိုင်ဆိုင်ရသော
အရာကိုသာ အမွေခံခြင်းဖြစ်သည်။ “ဖြောင့် မတ်သောသူတို့မူကား၊ ထာဝရ အသက်ရှင်ရာသို့သွားရကြလတံ့။-ဝိညာဉ်
ပကတိ၌မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက် ရှင်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။”
ဂလာ၂း၂ဝ ၊ ဖိ ၁း၂၁ ၊ မ ၂၅း၄၆၊ ဂလာ ၆း၈
ဘုရားသခင်၏ အကန့်အသတ်ခွင့်ပြုခြင်းအားဖြင့် စာတန်မာရ် နတ်သည် ရွေးနှုတ်ခြင်းခံလူအားလုံးပေါ်
အလုပ်လုပ်ပြီး သန့်ရှင်းဖြောင့် မတ်သူများတည်းဟူသော ယုံကြည်သူများဖြစ်ဖြစ်၊ မတရားသောသူများ
တည်းဟူသော မယုံကြည်သူများဖြစ်ဖြစ်၊ ဖျားနာစေသည်။ ကိုယ်ခန္ဓာ မပြည့်မစုံ ဖြစ်စေသည်။ “ဤအမှုကား၊ရန် သူပြုသောအမှုတည်း။” ယေရှု ခရစ်ဒုတိယအကြိမ် ကြွလာတော်မူသောအခါ
စာတန်မာရ်နတ်အခွင့်ရ ချိန် ကုန်ဆုံးပြီးဖြစ်သဖြင့် စာတန်မာရ်နတ်၏ အလုပ်လုံးဝမရှိတော့ပေ။
မ ၁၃း၂၈
ထို့ကြောင့် စာတန်မာရ်နတ်သည် သန့်ရှင်းဖြောင့်မတ်သူအချို့ကို မျက်စိကန်းစေသော်လည်း
သန့်ရှင်းဖြောင့်မတ်သူများသည် အမိဝမ်းက တည်းက ယေရှုခရစ်ပေးခဲ့သော မျက်စိကောင်း ပိုင်ဆိုင်ပြီးဖြစ်သဖြင့်
ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ အမိဝမ်းကတည်းက ပိုင်ဆိုင်ရသော မျက်စိအကောင်းကို
အမွေခံကာ အစဉ်မပြတ် မျက်စိမြင် ရမည်ဖြစ်သည်။ စာတန်မာရ်နတ်သည် သန့်ရှင်းဖြောင့်မတ်သူအချို့ကို
နားပင်းစေသော်လည်းသန့်ရှင်းဖြောင့်မတ်သူများသည် အမိဝမ်းကတည်း က ယေရှုခရစ်ပေးခဲ့သော
နားအကောင်းပိုင်ဆိုင်ပြီးဖြစ်သဖြင့် ယေရှု ခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ အမိဝမ်းကတည်းက
ပိုင် ဆိုင်ရသော နားအကောင်းကို အမွေခံကာ အစဉ်မပြတ်နားကြားရမည် ဖြစ်သည်။
စာတန်မာရ်နတ်သည် သန့်ရှင်းဖြောင့်မတ်သူအချို့ကို ခြေဆွံ့စေ သော်လည်း သန့်ရှင်းဖြောင့်မတ်သူများသည် အမိဝမ်းကတည်းက ယေရှု ခရစ်ပေးခဲ့သော
ခြေအကောင်းပိုင်ဆိုင်ပြီးဖြစ်သဖြင့် ယေရှုခရစ် ဒုတိယ အကြိမ်ကြွလာတော်မူသောအခါ အမိဝမ်းကတည်းက
ပိုင်ဆိုင်ရသော ခြေအကောင်းကို အမွေခံကာ အစဉ်မပြတ် သွားလာနိုင်မည်ဖြစ်သည်။ စာတန်မာရ်နတ်သည်
သန့်ရှင်းဖြောင့်မတ်သူအချို့ကို စကားအစေသော် လည်း သန့်ရှင်းဖြောင့်မတ်သူများသည် အမိဝမ်းကတည်းက
ယေရှုခရစ် ပေးခဲ့သော စကားပြောနိုင်ခြင်း ပိုင်ဆိုင်ပြီးဖြစ်သဖြင့် ယေရှုခရစ် ဒုတိယ
အကြိမ်ကြွလာတော်မူသောအခါ အမိဝမ်းကတည်းက ပိုင်ဆိုင်ရသော စကားပြောနိုင်ခြင်းကို အမွေခံကာ
အစဉ်မပြတ်စကားပြောနိုင်ဆိုနိုင်မည် ဖြစ်သည်။
“ဘုရားသခင်သည် ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ် တင်တော်မူလိမ့်မည်။ -ထိုအခါ
မျက်စိကန်းသောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်
လွတ်ကြ လိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကား အသောသူတို့သည်
သီချင်းဆိုကြလိမ့်မည်။” ထို့ကြောင့် ယေရှုခရစ် ဒုတိယအကြိမ်ကြွလာတော်မူသောအခါ အမိဝမ်းကတည်းက
ပိုင်ဆိုင်ရ သော အရာကိုသာ အမွေခံခြင်းဖြစ်သည်။ ဟေရှာ ၃၅း၄,၅
No comments:
Post a Comment