Monday, March 2, 2026

 

ကောင်းကင်ဗိမာန်တော်၌

          ယေရှုခရစ်သည် သေခြင်းမှထမြောက်ပြီး ကောင်းကင်နိုင်ငံတော်

ကို တက်သွားကာ ကောင်းကင်ဘုံတွင်ရှိသည့် ဗိမာန်တော်သန့်ရှင်းသော အခန်းတွင် သူ့အသွေးအားဖြင့် အပြစ်ဖြေလွှတ်ခြင်း ယဇ်ပုရောဟိတ် အလုပ်ကို (၃၁) ခုနှစ်မှ (၁၈၄၄) ခုနှစ်အထိ လုပ်ဆောင်တော်မူပြီး ကျေးဇူးတော်ကာလ၏ နောက်ဆုံးပိုင်းကို အစပြုသည့်(၁၈၄၄) ခုနှစ်မှ ယနေ့အထိ ဗိမာန်တော်အသန့်ရှင်းဆုံးသောအခန်းတွင် သူ့အသွေးအား ဖြင့်ပင် အပြစ်ဖြေလွှတ်ခြင်း၊ ယဇ်ပုရောဟိတ်အလုပ်ကို လုပ်ဆောင် တော်မူသည်။ဤအကြောင်းအရာ အသေးစိတ်သိလိုပါက သမ္မာကျမ်းစာ နှင့် အနာဂါတ်ဟောခြင်း စာအုပ်ငယ်လေးမှ “ရက်ပေါင်း-၂၃ဝဝ နှင့် သိတင်း- ၇၀ ခေါင်းစဉ်ကို ဖတ်ရှုလေ့လာနိုင်ပါသည်။

          တိရစ္ဆာန်အသွေးအားဖြင့် အပြစ်ဖြေလွှတ်သည့် ကျေးဇူးတော် အစား ယေရှုခရစ်၏အသွေးအားဖြင့် အပြစ်ဖြေလွှတ်သည့် ကျေးဇူးတော် တည်ရှိလာသောကြောင့် ဧဝံဂေလိတရားဟောပြောချိန်ကာလတည်းဟူ သော ကျေးဇူးတော်ကာလသည် ဆက်လက်တည်ရှိလျက်ရှိသည်။ “ယခု မှာလူလက်ဖြင့် မလုပ်၊ ဤလောကဓါတ်နှင့်မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံ လင်သောတဲတော်၌ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သောခရစ်တော်သည်၊- ငါတို့အဖို့ ထာဝရရွေးနှုတ်ခြင်းကျေးဇူးကိုခံရ ၍ ဆိတ်အသွေး၊နွားကလေး အသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌါနထဲသို့တစ်ခါတည်း ဝင်တော်မူ၏။

          -အကြောင်းမူကား၊ အညစ်အကြေးရှိသောသူတို့အပေါ်၌ ဖြန်း သော နွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည် သူတို့ကိုယ် ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊ -ထိုမျှမက အပြစ်နှင့်ကင်း သောကိုယ်တော်ကို ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသောဘုရား သခင်ကို ဝတ်ပြုမည့်အကြောင်း၊ သင်တို့၌ကိုယ့်ကိုယ်ကို သိသောစိတ် ကို စင်ကြယ်စေခြင်းငှါသာ၍ တတ်နိုင်တော်မူသည်မဟုတ်လော။” ထို့ ကြောင့် ယေရှုခရစ်သည် ယခုအခါ ကောင်းကင်ဗိမာန်တော် အသန့်ရှင်း ဆုံးသောအခန်းတွင် သူ့အသွေးတော်အားဖြင့် အပြစ်ဖြေလွှတ်ခြင်း ယဇ်

ပုရောဟိတ်အလုပ်ကိုလုပ်ဆောင် တော်မူသည်။ ဟေဗြဲ ၉း၁၁-၁၄

No comments:

Post a Comment