နောက်ဆုံးတရားစီရင်ခြင်း
ထိုအချိန်တွင်ဘုရားသခင်သည် ပညတ်တော်အားဖြင့် နောက်ဆုံး တရားစီရင်ခြင်း (စာတန်မာရ်နတ်ကို
တရားစီရင်ခြင်း) ကျင်းပတော်မူ မည်ဖြစ်သည်။ “အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကိုကြောက်ရွံ့
၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို
ချုပ်ခြာသတည်း။ -အကြောင်းမူကား၊ ဘုရား သခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊
ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတံ့ သတည်း။ -ငါဆိုသည်ကား၊
လူတို့သည် အကျိုးမဲ့သောစကားကို ပြော သမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကိုခံရကြလတံ့။
သင့်စကားများအားဖြင့် သင်သည် အပြစ်လွှတ်လိမ့်မည်။ -သို့မဟုတ် သင့်စကားများအားဖြင့်
အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော် မူ၏။ ဒေ ၁၂း၁၃,၁၄၊ မ ၁၂:၃၆,၃၇
ထိုအချိန်တွင် “ပညတ်တော်ကျောက်ပြားနှစ်ချပ်စလုံးကို အတူ တွဲ၍ ကိုင်ထားသည့်လက်တော်သည်
ကောင်းကင်ယံတွင် ပေါ်ထွက်လာ သည်။ လူသားများအတွက် လမ်းညွှန်အဖြစ် သိနာတောင်မီးလျှံများကြား
မှဖွင့်ဆိုခဲ့သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတည်းဟူသော သန့်ရှင်း သော ထိုပညတ်တော်သည်
တရားစီရင်ခြင်းအတွက် ဥပဒေတစ်ခုအဖြစ် လူသားများအား ယခုဖော်ပြနေပါသည်။ ထိုလက်တော်က ကျောက်ပြား
နှစ်ခုကိုဖွင့်လိုက်သည်နှင့် မီးမှင်တံအားဖြင့် ရေးဆွဲထားသည့် ပညတ် တော်ဆယ်ပါးကို တွေ့မြင်ရပါသည်။
စာလုံးများသည် လူတိုင်းဖတ်နိုင် လောက်အောင် ရှင်းလင်းပြတ်သားလှပါသည်။” နောက်ဆုံး - ၂၆၃
ယေရှုခရစ်သည် လူ၌တည်လျက်ရှိသည့် ပညတ်တော်အားဖြင့် တရားစီရင်ခြင်းကိုအပြီးအပိုင်ပယ်ရှားပြီးဖြစ်သည်။“ပညတ်တရားလက်၌
ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းငှါ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ် တရားအောက်၌ ဖွားမြင်ရသောသားတော်ကို
ဘုရားသခင်သည် စေလွှတ် တော်မူ၏။ -သင်တို့သည်ပညတ်တရား လက်၌မရှိ၊ ကျေးဇူးတရားလက် ၌ ရှိသောကြောင့်
အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။-သင်တို့သည် လွှတ်ခြင်းအခွင့်ကိုရသောသူဖြစ်ကြ၏။”ဂလာ၄း၅၊ရော၆း၁၄၊ဂလာ၅း၁၃
ထို့ကြောင့်လူကိုပညတ်တော်အားဖြင့် သေဒဏ်ပေးပြီးသေခြင်းမှ မထမြောက်နိုင်ဘဲ ထာဝရသေအောင်
တရားစီရင်ရန် အကြောင်းမရှိ တော့ပေ။ ပညတ်တော်အားဖြင့် သေဒဏ်ပေးပြီး သေခြင်းမှမထမြောက်
နိုင်ဘဲ ထာဝရသေအောင် တရားစီရင်ခြင်းသည် ရွေးနှုတ်ကယ်တင်ခြင်း ကျေးဇူးတော်ကို လုံးလုံးငြင်းပယ်ကြသော
စာတန်မာရ်နတ်နှင့်အပေါင်း အဖော်နတ်ဆိုးများအတွက်သာဖြစ်သည်။ “အကြောင်းမူကား၊ ပြစ်မှား
သောကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ငရဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှါ
ချုပ်ထားတော်မူ၏။” ၂ ပေ ၂း၄
ဘုရားသခင်သည် ကောင်းကင်တမန်များအတွက်လည်းကောင်း၊ လူသားများအတွက်လည်းကောင်း
ရွေးနှုတ်ကယ်တင်ခြင်း အမှုကိုအောင် မြင်စွာဆောင်ရွက်ပြီးဖြစ်သဖြင့် အဘယ်သူမျှဘုရားသခင်ကိုအပြစ်မတင်
နိုင်ကြောင်း၊ အားလုံးအားလုံးထာဝရရှင်ခြင်းအခွင့်နှင့်သေခြင်းမှ လွတ် မြောက်ခြင်း အခွင့်ခံစားရကြောင်း၊
ထို့ကြောင့် ထာဝရအသက်လက်ခံရရှိ ခြင်းနှင့် ငြင်းပယ်ပြီးမရရှိခြင်းသည် မိမိကိုယ်တိုင်၏
ရွေးချယ်ခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့အကျင့်အတိုင်း အကျိုးအပြစ်ခံရခြင်းကို ဝန်ခံရမည်
ဖြစ်ကြောင်း၊ စိုက်သည့်အတိုင်း ရိတ်ရမည်ဖြစ်ကြောင်း၊----စသည်----စသည်ဖြင့် တရားစီရင်တော်မူ၏။
ဤသို့ တရားစီရင်တော်မူသောအခါ စာတန်မာရ်နတ်နှင့် အပေါင်းအဖော်နတ်ဆိုးများ၊ လူသားများ
အားလုံး အားလုံး၏ အပြုအမူ၊ အတွေးအခေါ်၊ အပြောအဆို အဆိုးအကောင်းဟူ သမျှ ဗွီဒီယိုပြသကဲ့သို့
ကွက်ကွက်ကွင်းကွင်းမြင်ရမည်ဖြစ်သည်။
No comments:
Post a Comment