ကြွလာတော်မူခြင်း၏
ရောင်ခြည်မီးလျှံအားဖြင့်
သူတို့သည်သူတို့လိုချင်သောအချိန်တွင် သူတို့ဆန္ဒ အတိုင်းမသေ ဘဲ တဖြည်းဖြည်းနီးကပ်လာသော
သူတို့မကြည့်ဝံ့သည့် ကြွလာတော်မူ ခြင်း၏ ရောင်ခြည်မီးလျှံအားဖြင့် သေဆုံးကြသည်။ “ဘုရားသခင်၏
မျက် နှာတော်မှာ ကွန့်မြူးနေသော ရောင်ခြည်တော်များသည် ဖြောင့်မတ်သူ များအတွက် အသက်ရှင်ခြင်းဖြစ်သော်လည်း
လူယုတ်မာများအတွက် လောင်ကျွမ်းသော မီးဖြစ်ပါသည်။” ယေရှုခရစ်ဒုတိယ အကြိမ်ကြွလာ တော်မူခြင်းကို
ရင်မောဘွယ်ရှုမြင်ရန် သေခြင်းမှဇာတိ ပကတိအတိုင်း အထူးထမြောက်လာကြသော ယေရှုခရစ်ကို ညှဉ်းဆဲသူများ၊
မတရားစွာ တရားစီရင်သောသူများ၊ လှံဖြင့် ထိုးသောသူများ၊ သူတို့တတွေလည်း ကြွလာတော်မူခြင်း၏
ရောင်ခြည်မီးလျှံအားဖြင့် ပြန်၍ သေဆုံးကြသည်။ နောက်ဆုံး - ၂၉၉
ဘုရားသခင်ကိုမသိသောသူများ၊ ယေရှုခရစ်၏ ဧဝံဂေလိတရား ကို နားမထောင်သောသူများတည်းဟူသော
မတရားသောသူ၊ မယုံကြည် သူများ အားလုံးကြွလာတော်မူခြင်း၏ ရောင်ခြည်မီးလျှံအားဖြင့် သေဆုံး
ကြရသည်။ “အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်းခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ
ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို
နားမထောင်သော သူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ.... ထိုသူတို့သည် ဘုရားသခင်၏
မျက်နှာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိ သောဘုန်းတော်နှင့်လည်းကောင်း ကွာ၍၊ ထာဝရပျက်စီးခြင်းတည်းဟူ
သော အပြစ်ဒဏ်ကိုခံရကြလတံ့။ -ကြွလာတော်မူခြင်း၏ ရောင်ခြည်အား ဖြင့် ပယ်ရှားတော်မူလိမ့်မည်။”
၂ သက် ၁း၆-၁၀ ၊ ၂း၈
ကြွက်သား၊ ဝက်သား၊ ----စသည်ဖြင့်မစားအပ်သောအရာများကို စားသောသူများတည်းဟူသော မတရားသောသူ၊ မယုံကြည်သူများ အား လုံးကြွလာတော်မူခြင်း၏ ရောင်ခြည်မီးလျှံအားဖြင့် သေဆုံးကြရသည်။ “ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက် တော်ကိုလည်းကောင်း၊မီးလျှံအားဖြင့် ဆုံးမတော်မူခြင်းကိုလည်းကောင်း ထင်ရှားစွာပြခြင်းငှါ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကိုစီး၍ မီးကဲ့သို့ ကြွလာတော်မူလိမ့်မည်။ -ထာဝရဘုရားသည် မီးနှင့်ဓါး (တံစဉ်)အားဖြင့် လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ၍၊ ထာဝရဘုရားကွပ်မျက် တော်မူသော သူတို့သည် များကြလိမ့်မည်။
-တဖန်မိန့်တော်မူသည်ကား၊ ဝက်သား၊ ကြွက်သား၊ ရွံရှာဘွယ် သောအရာကိုစားလျက်၊ဥယျာဉ်တို့တွင်အလယ်၌ရှိသော
သူတစ်ယောက် နောက်သို့ လိုက်၍ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင်နက်
ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့၏ အကျင့်တို့ကို လည်းကောင်း၊ အကြံအစည်တို့ကိုလည်းကောင်း၊
ငါသိ၏။” ဟေရှာ ၆၆း၁၅-၁၇
ဘုရားသခင်၏ အလိုတော်အတိုင်းမဟုတ်ဘဲ မိမိအလိုဆန္ဒအ တိုင်း စားသောက်သူများ၊ မိမိအလိုဆန္ဒအတိုင်း
လက်ထပ်ထိမ်းမြားသူ များ၊ မိမိအလိုဆန္ဒအတိုင်းဥပုသ်နေ့တွင်အလုပ်လုပ်သူများ၊ အိမ်ဆောက်
သူများ၊ ရောင်းဝယ်သူများ၊ စိုက်ပျိုးသူများတည်းဟူသော မတရားသော သူ မယုံကြည်သူများ အားလုံးကြွလာတော်မူခြင်း၏
ရောင်ခြည်မီးလျှံ အားဖြင့် သေဆုံးကြရသည်။
“ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရ ဘုရားအား သန့်ရှင်း၍ ငြိမ်ရသောဥပုသ်နေ့ဖြစ်သည်။
ဥပုသ်နေ့၌ အလုပ် လုပ်သော သူမည်သည်ကား၊ ဧကန်အမှန် အသေခံရမည်။ -နောဧလက် ထက်၌ ဖြစ်သကဲ့သို့
လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ -နောဧသည် သဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့်
လူခပ်သိမ်းတို့ကို သုတ် သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက် ထိမ်းမြားစုံဘက်လျက်နေကြ၏။
-ထိုနည်းတူ၊ လောတလက်ထက်၌လူများတို့သည် စားသောက် ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊
အိမ်ဆောက်လျက်နေသကဲ့သို့လည်း ကောင်း၊ လောတသည်သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ
ကန့် နှင့်ရောသော မီးမိုးရွာ၍ ထိုသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့ လည်းကောင်း၊-လူသားပေါ်ထွန်းသောနေ့၌ဖြစ်လိမ့်မည်။”
ထွက် ၃၁း၁၅၊ လု ၁၇း၂၆-၃၀
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ဘေးသည်တပြည်မှ တပြည်သို့
ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနား တို့မှ ပြင်းစွာသောလေဘွေသည်ထလိမ့်မည်။ -ထိုအခါ
ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကိုခံရသော သူတို့သည်မြေကြီးတဘက်မှ တဘက် တိုင်အောင် နှံပြားကြလိမ့်မည်။
သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသ င်္ဂြိုလ်ရ။ မြေကြီးပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
ယေရမိ ၂၅း၃၂, ၃၃
ကြွလာတော်မူခြင်း၏ ရောင်ခြည်မီးလျှံအားဖြင့် ထာဝရဘုရား ကွပ်မျက်တော်မူသော အရေအတွက်
အလွန်များသဖြင့် သူတို့၏အသွေး သည် မြင်းဇက်ကြိုးကိုမှီသည်တိုင်အောင် ဖြစ်လေသည်။ “ကောင်းကင်
တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏ စပျစ်သီးကို ရိတ်ပြီးမှ ဘုရားသခင်၏
အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ချလေ၏။ -မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍
အသွေး သည် တစ်ဆယ်ခြောက် ယူဇနာခရီးတစ် လျှောက်လုံး၌ မြင်းဇက်ကြိုးကိုမှီ သည်တိုင်အောင်
နယ်ရာတန်ဆာထဲက ထွက်လေ၏။” ဗျာ ၁၄း၁၉,၂၀
“ခရစ်တော်ကြွလာသောအချိန်တွင် လူယုတ်မာများအား
နှုတ် တော်မှထွက်သည့်ဝိညာဉ်တော်အားဖြင့် လောင်ကျွမ်းစေပြီး ဘုန်းတော် ၏ တောက်ပသောရောင်ခြည်အားဖြင့်
ဖျက်ဆီးကာ ဤကမ္ဘာမြေပေါ်မှ ရှင်းပစ်တော်မူပါသည်။” ထို့ကြောင့် ယေရှုခရစ်ဒုတိယအကြိမ်
ကြွလာ တော်မူသောအခါ မယုံကြည်သူများတည်းဟူသော မတရားသောသူများ အားလုံး သေဆုံးသည့်အပြင်
ကြီးစွာသော ပျက်စီးခြင်းလည်းရှိလေသည်။ နောက်ဆုံး - ၂၉၈
No comments:
Post a Comment