အပြစ်နှင့်အလျောက်
ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါကျေးဇူးတော် ကာလကုန်ဆုံးပြီဖြစ်သောကြောင့် ဂရုဏာတံခါးလည်း ပိတ်ပြီးဖြစ်ရာ
ထာဝရသေမည့် မတရားသောသူများနှင့် ထာဝရရှင်မည့်သန့်ရှင်းဖြောင့် မတ်သူများ၊ ယေရှုခရစ်ကိုယ်တော်တိုင်
အပြီးအပိုင် ခြားနားစေပြီးဖြစ် သည်။ “အသက်ရှင်ရမည် (သို့) သေရမည်ဆိုသည်ကို လူတိုင်းအတွက်
စီရင်ချက် ချမှတ်၍ပြီးလေပြီ။” ထို့ကြောင့် နှစ်ပေါင်းတစ်ထောင်အတွင်း သန့်ရှင်းဖြောင့်မတ်သူများ၏
တရားစီရင်ခြင်းသည် သေမိန့်ပေးသည့်၊ သေဒဏ်ချမှတ်သည့်တရားစီရင်ခြင်းမျိုး မဟုတ်ပေ။ အကောင်းနှင့်-၂၄၄
သေမည့်သူများဖြစ်ကြသည့် စာတန်မာရ်နတ်နှင့် အပေါင်းအဖော် နတ်ဆိုးများ၊ အသက်စာစောင်မှ
နာမည်ချေဖျက်ခြင်းခံရသည့်မတရား သောသူများ၊ သူတို့၏အတွေးအခေါ်၊ အပြောအဆို၊ အကျင့်စာရိတ္တ၊
အပြု
အမူအားလုံးစာစောင်တွင်မှတ်တမ်းတင်ရေးသားထားသည်။ကောင်းကင်
တမန်များက မှတ်တမ်းတင်ရေးသားခြင်းဖြစ်သည်။
ထို့ကြောင့် သန့်ရှင်း ဖြောင့်မတ်သူများသည် စာစောင်များကို ဖွင့်ပြီးတရားစီရင်ကြသည်။
“စာ စောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါး သော စာစောင်ကိုလည်း
ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့ အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီတရား
စီရင် ခြင်းကိုခံရကြ၏။- သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည်နှင့်အညီ အကျိုးအပြစ်ကို
ဆပ်ပေးတော်မူပါ။ သူတို့ပြုမူသည်အတိုင်း ဆပ်ပေး၍ အပြစ်နှင့်အလျောက် စီရင်တော်မူပါ။”
“လူအပေါင်းတို့သည် စာစောင် များတွင် မှတ်တမ်းတင်ထားသည့်အတိုင်း တရားစီရင်ခြင်းခံရမည်ဖြစ်ပြီး
မိမိတို့၏ အကျင့်အလျောက်ပေးဆပ်ခြင်းကို ခံကြရမည်ဖြစ်သည်။” ဗျာ ၂၀း၁၂၊ ၂၈း၄ မျက်မှောက်
-၅၉၇
ထို့ကြောင့် စာတန်မာရ်နတ်နှင့် အပေါင်းအဖော် နတ်ဆိုးများ၊ မတရားသောသူများအားလုံး၊
တစ်ယောက်စီတစ်ယောက်စီ၏ စာရင်းကို စစ်ဆေးကာ ဤသူသည် ဤသို့ အပြစ်ထင်ရှားသောကြောင့် ထာဝရမီး
တည်းဟူသော ငရဲမီးတွင်-----ရက်အထိ၊---လအထိ၊ ---နှစ်အထိ၊ အပြစ် နှင့်အလျောက် လောင်ကျွမ်းပြီး
ဝေဒနာခံစေဟု စီရင်ဆုံးဖြတ်ခြင်းသည် သန့်ရှင်းဖြောင့်မတ်သူများ၏
တရားစီရင်ခြင်းဖြစ်သည်။ ယေရှုခရစ်၏ ပြစ်ဒဏ်ပေးတရားစီရင်ခြင်း (Executive Judgment) ကို ဆက်လက် အတည်ပြုခြင်း ဖြစ်သည်။
ဤအကြောင်းအရာများကား၊ နှစ်ပေါင်းတစ်ထောင်အတွင်း ဖြစ် ပျက်မည့် အဖြစ်အပျက်များ၏
အကျဉ်းချုပ်ဖြစ်သတည်း။
No comments:
Post a Comment