Monday, March 2, 2026

 

မြို့တော်သစ်ဆီသို့

          သန့်ရှင်းဖြောင့်မတ်သူများနှင့်အတူ ယေရှုခရစ်အတူတကွ အာ ကာသ၌တွေ့ဆုံ၊ ဆုံတွေ့ကြပြီးထိုမှ တဖန်ယေရှုခရစ်နှင့်အတူ မိုးတိမ်ကို စီး၍၊ သန့်ရှင်းဖြောင့်မတ်သူများအတွက် ယေရှုခရစ်ကိုယ်တော်တိုင် ဧဒင် ဥယျာဉ်ပေါ်တွင် တည်ဆောက်ပြင်ဆင်ထားသည့် “အသက်ရှင်တော်မူ သော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင် မြို့” တော်သစ်သို့ ရောက်သည်အထိ စိတ်ဝမ်းမကွဲ ပျော်ပျော်ရွှင်ရွှင် စံမြန်းကြွမြန်းကြရမည်ဖြစ်သည်။ “ကျွန်ုပ်တို့အားလုံးသည် ထိုမိုးတိမ် တွင် အတူတကွဝင်ကြကာ ကျောက်သလင်းနှင့်တူသော ဖန်ရေကန့်သို့ ခုနှစ်ရက်တိုင်တိုင်တက်ကြွသွားကြရသည်။” ဟေဗြဲ ၁၂:၂၂၊ (ယော ၁၄း၁-၃) နောက်ဆုံး-၃ဝဝ

          ကောင်းကင်နိုင်ငံတော်ဖန်ရေကန် မြို့တော်ရှေ့သို့ ရောက်သော အခါသွားနှင့်၍ ရောက်နှင့်နေပြီးဖြစ်သော်လည်း ယေရုရှလင်မြို့တော် သစ်ထဲသို့ မဝင်ရသေးသော သန့်ရှင်းဖြောင့်မတ်သူများတချို့ (ဧနောက်၊ ဧလိယ၊ မောရှေ၊ ယေရှုခရစ်ထမြောက်ချိန်တွင် ထမြောက်သူတချို့)နှင့် အတူ၊ အတူတကွ တွေ့ဆုံ၊ ဆုံတွေ့ကြမည်ဖြစ်ပြီး ထိုမှတဖန်ဆက်၍ သူတို့နှင့်အတူ ယေရုရှလင်မြို့တော်သစ်ထဲသို့ အတူတကွ ဝင်ကြရမည် ဖြစ်သည်။        

          ရွှေမြို့တော်ထဲမဝင်မီ ဖြစ်ပျက်သောအဖြစ်အပျက် မြင်ကွင်းတစ် ချို့ကိုအောက်ပါအတိုင်း ဖတ်ရှုရသည်။ “သူတော်စင်တိုင်း၏နာမည်များ ကမ္ပည်းထိုးထားသည့်သရဖူများကို ရွှေမြို့တော်မှ နေ၍ ကောင်းကင် တမန်တမန်ထုကြီးက သယ်ဆောင်လာကြသည်ကို ကျွန်ုပ်တွေ့မြင်ခဲ့ပါ သည်။ သရဖူပိုင်ရှင်၏နာမည်ကို ခရစ်တော်ခေါ်လိုက်သည်နှင့် ကောင်း ကင်တမန်များက ကိုယ်တော်ထံ ထိုသရဖူကို ပေးအပ်လိုက်ရာ ခရစ် တော်ကိုယ်တော်တိုင်လက်တော်အားဖြင့် သူတော်စင်များ၏ ခေါင်းတွင် သရဖူများကို ဆောင်းပေးတော်မူပါသည်။ ကျွန်ုပ်တို့၏ အသက်တာလုပ် ဆောင်မှုများအပေါ်တွင် အခြေပြုလျက် တောက်ပသော ဦးရစ်သရဖူရှိ သလို အနည်းငယ်မှေးမှိန်သော သရဖူလည်းရှိပါသည်။ အချို့ဦးရစ်သရဖူ မှာ ကြယ်များစွာရှိနေသလို အချို့သရဖူများ၌ ကြယ်အနည်းငယ်သာ ရှိနေကြပါသည်။ ကြယ်မပါသည့် သရဖူပိုင်ရှင်ဟူ၍ ကောင်းကင်နိုင်ငံ တော်တွင် တစ်ဦးမျှရှိလိမ့်မည်မဟုတ်ပါ။

          တစ်သိန်းလေးသောင်းလေးထောင်သော သူတော်စင်များသည် ဖန်ရေကန်တွင် စတုရန်းပုံစံဖြင့် ရပ်နေကြသည်။ ၎င်းတို့၏ ဦးခေါင်းတွင် ဆောင်းထားသည့် သရဖူများအနက် တချို့မှာ ပို၍ တောက်ပနေပါသည်။ တချို့မှာကြယ်များစွာတို့ဖြင့် လေးလံနေသယောင် တွေ့ရပါသည်။ တချို့ သရဖူများ၌မူ ကြယ်အနည်းငယ်သာ ရှိပါသည်။ သူတော်စင်အပေါင်းတို့ သည် မိမိတို့၏ဦးရစ်သရဖူများအတွက် လုံးဝကျေနပ်နေကြပါသည်။

          ဘုရားသခင်၏ရွှေမြို့တော်ထဲသို့မဝင်မီ ကယ်တင်ရှင်သည် မိမိ ၏ နောက်လိုက်များအား အောင်မြင်မှုသင်္ကေတများကို ပေးအပ်တော်မူ လိမ့်မည်။ ခရစ်တော်သည် လက်တော်အားဖြင့် ဦးရစ်သရဖူများကို ဆောင်းပေးတော်မူလိမ့်မည်။ ထို့နောက် အမိန့်ပေးကောင်းကင်တမန်က အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်းက စောင်းကြိုးများကို ကျွမ်းကျင်စွာ တီးခတ်လိုက်ကြရာ သာယာနာပျော်ဖွယ်တေးသံသာများ ထွက်ပေါ်လာပါသည်။ ကျွန်ုပ်တို့သည် ဖန်ရေကန်နားတွင် ရွှေစောင်း ကောက်ကိုကိုင်ကာ ဦးရစ်သရဖူများကို ဆောင်းလျက် ကယ်တင်ခြင်းခံရ သူများနှင့်အတူ ရပ်ထနေသောအခါ စောင့်ဆိုင်းခဲ့ရသော ကရုဏာကာလ သည် မည်မျှတိုတောင်းသည်ကို တွေ့မြင်ကြရပါသည်။ ကယ်တင်ခြင်းခံ ရသော ထိုလူအုပ်ကြီး၏ရှေ့တွင် သန့်ရှင်းသော မြို့တော်ရှိနေပါသည်။ ခရစ်တော်က ပုလဲတံခါးကြီးများကို ဖွင့်လိုက်ရာ သမ္မာတရားကို လက်ခံ စောင့်ရှောက်ခဲ့သော ထိုသူတို့သည် မြို့တော်ထဲသို့ ဝင်သွားကြပါသည်။ ထိုစဉ်တွင် “ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့ ကမ္ဘာဦး ကပင်သင်တို့အဖို့ ပြင်ဆင်သော နိုင်ငံကိုလာ၍အမွေခံကြလော့” တူသော ကိုယ်တော်၏ မိန့်မြွက်သံကို ကြားရပါသည်။” မ ၂၅း၃၄၊ နောက်ဆုံး - ၃ဝ၂၊ ၃၉၊ ၃၀၃

          ယေရုရှလင်မြို့တော်ထဲသို့ ဝင်သူများမှာ ဤကဲ့သို့ လူစားမျိုးဖြစ် ကြောင်း သံမ္မာကျမ်းစာတွင် ဤသို့ဖော်ပြထားသည်။ “အသက်ပင်နှင့် ဆိုင်၍မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ၊ ပညတ်တော်တို့ကို ကျင့်သော သူတို့သည် မင်္ဂလာရှိကြ၏။” ကောင်းကင်ယေရုရှလင်မြို့တော်သစ်ထဲသို့ “ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ၊

တစ်စုံတစ်ခုမျှမဝင်ရဘဲ၊ သိုးသငယ်၏အသက်စာစောင်၌စာရင်းဝင်သော

သူတို့သာလျှင်ဝင်ရ၏။” ဗျာ ၂၂း၁၄-၊ ၂၁း၂၇

          ယေရုရှလင်မြို့ထဲတွင် ယေရှုခရစ်သည် သန့်ရှင်းဖြောင့်မတ်သူ များနှင့်အတူမျက်နှာစုံညီ စားသောက်ပွဲကို အတူတကွ ကျင်းပမည် ဖြစ် သည်။ “ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏ နိုင်ငံ၌ သင်တို့နှင့် အတူငါမသောက်မီ နေ့တိုင်အောင်ယခုမှစ၍ တဖန် ငါမသောက်ရဟု မိန့်တော်မူ၏။ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ် ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။” မ ၂၆း၂၉၊ ဗျာ ၁၉း၉

          ထိုအခါ မိုင်ပေါင်းများစွာ ရှည်လျားသော်လည်း တစ်ဖက်စွန်း တိုင် အောင်မြင်နေရသည့် ငွေသားစားပွဲရှည်ကြီးတစ်ခုကို တွေ့မြင်ရပါ သည်။ စားပွဲပေါ်တွင် အသက်ပင်၏ အသီးများ၊ မန္နမုန့်၊ ဗာဒံသီး၊ သဖန်း သီး၊ သလဲသီး၊ စပျစ်သီးမှအစ သီးစုံ ၊ သစ်သီးဝလံမျိုးစုံကို တွေ့ရပါသည်။ ထိုအသီးများကို စားခွင့်ပေးရန် ခရစ်တော်ထံတွင် ခွင့်တောင်းခဲ့ပါသည်။” ရှေးစာပေ -၁၆

          ထိုအခါမထင်မမှတ်သောသူများတချို့နှင့်အတူ၊ အတူတကွ တွေ့ ဆုံ၊ ဆုံတွေ့ကြရသည့်အကြောင်း၊ ထင်မှတ်သောသူများတချို့နှင့်အတူ တကွ မတွေ့မဆုံကြရသည့်အကြောင်း၊ ကိုယ်ကိုယ်တိုင်လည်း ဘာ့ ကြောင့်သူတို့နှင့်အတူ၊ အတူတကွတွေ့ဆုံဆုံတွေ့ကြရသည့် အကြောင်း၊ -စသည် အကြောင်းစုံကို ယေရှုခရစ်ပြောပြတော်မူမည်ဖြစ်သည်။ ယေရှု ခရစ်၏ခြေလက်၊ နဘေးတွင်ရှိသော အမာရွတ်များသည် ရုပ်ချင်းတူနေ သော ယေရှုခရစ်နှင့် အာဒံကို ကောင်းမွန်စွာခွဲခြားစေနိုင်ပြီး သူ၏အမာ ရွတ်ကို ငေးမောအံ့ဩစွာမေးမြန်းသူများကိုလည်း အကြောင်းစုံ ပြောပြ တော်မူမည်ဖြစ်သည်။ကောင်းကင်ယေရုရှလင်မြို့တော်သစ်တွင်သန့်ရှင်း ဖြောင့်မတ်သူများသည်ယေရှုခရစ်နှင့်အတူ၊အတူတကွအနှစ်တစ်ထောင် စိုးစံကြရမည်ဖြစ်သည်။ “အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။” ဗျာ ၂၀း၆

No comments:

Post a Comment