ဘုရားသခင်၏ တံဆိပ်နှင့် သားရဲ၏တံဆိပ်
သားရဲ၏ တံဆိပ်သည် ပုပ်ရဟန်းမင်းကြီးနှင့် စပ်ဆိုင်သော တနင်္ဂနွေနေ့ဥပုသ်ဖြစ်သောကြောင့် တနင်္ဂနွေနေ့ ဥပုသ်စောင့်ခြင်းသည် သားရဲတံဆိပ်ကို လက်ခံခြင်းဖြစ်သည်။ တနင်္ဂနွေနေ့ဥပုသ်စောင့်ရမည် ဟု ဥပဒေအမိန့် (Sunday law) မထုတ်ပြန်မီ တနင်္ဂနွေနေ့ ဥပုသ်စောင့် ခြင်းသည် သားရဲ၏တံဆိပ်ခတ်ခြင်းမဟုတ်သေးသဖြင့် ယခုအချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ သားရဲ၏ တံဆိပ်ခတ်ခြင်းကို မခံရသေး ချေ။ ထိုနည်းတူ စနေနေ့ဥပုသ်စောင့်ခြင်းလည်း ဘုရားသခင်၏ တံဆိပ် ခတ်ခြင်းမဟုတ်သေးသဖြင့် ယခုအချိန်တွင် မည်သူတစ်ဦးတစ်ယောက် မျှ ဘုရားသခင်၏ တံဆိပ်ခတ်ရခြင်းလည်း မခံရသေးချေ။
သို့သော် ယခုအချိန်တွင် ဥပုသ်နေ့အမှန်သိလျက်နှင့် တနင်္ဂနွေ နေ့တွင် အလုပ်မှနားရမည်ဟု လုံးလုံးခံယူပြီး အလုပ်မလုပ်ပါက၊ တနင်္ဂ နွေနေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းပြုရမည်ဟု လုံးလုံးခံယူပြီး ဝတ်ပြု ကိုးကွယ်ခြင်းပြုပါက၊ ထိုသူတို့သည် စိတ်နှလုံးအကြွင်းမဲ့ သားရဲ၏ တံဆိပ်ဖြစ်သော တနင်္ဂနွေနေ့ ဥပုသ်စောင့်သူများဖြစ်ကြသဖြင့် ဒုက္ခ ဆင်းရဲခြင်း ကပ်ကာလအဆုံးသတ်သောအခါ လက်ယာလက်တွင်လည်း ကောင်း၊ နဖူးတွင်လည်းကောင်း သားရဲ၏ တံဆိပ်ခတ်ခြင်းကို ခံရမည် ဖြစ်သည်။
ယခုအချိန်တွင် ဥပုသ်နေ့အမှန်ဖြစ်သော စနေနေ့တွင်သာ အလုပ်မှ နားပြီး ဝတ်ပြုကိုးကွယ်ခြင်းပြုရမည်ဟု လုံးလုံးခံယူကာ ထိုနေ့ တွင် ဝတ်ပြုကိုးကွယ်ခြင်းပြုသူများသည် စိတ်နှလုံးအကြွင်းမဲ့ ဘုရား သခင်၏ တံဆိပ်ဖြစ်သော စနေနေ့ဥပုသ်စောင့်သူများဖြစ်ကြသဖြင့် ဒုက္ခ ဆင်းရဲခြင်း ကပ်ကာလအဆုံးသတ်သောအခါ နဖူးတွင်ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို ခံရမည်ဖြစ်သည်။ ထို့ကြောင့်ဒုက္ခဆင်းရဲကပ်ကာလ မတိုင်မီ ယခုအချိန်တွင် ကျွန်ုပ်တို့သည် ကျမ်းချက်လုံးဝမငြင်းပယ်ဘဲ ပြည်စုံသမ္မာကျမ်းစာအားဖြင့် ဘုရားသခင်နှင့် သိကျွမ်းမှုရှိရန် ကြိုးစား ရမည်ဖြစ်သည်။
No comments:
Post a Comment