လွင်ပြင်ဖြစ်သွားသံလွင်တောင်
ယေရှုခရစ်သည်သေခြင်းမှ ထမြောက်ပြီး သံလွင်အမည်ရှိသော တောင်မှ ကောင်းကင်နိုင်ငံတော်ကိုတက်သွားသည်။
(တ ၁း၉-၁၂) ထိုသံ လွင်တောင်သည် ယေရှုခရစ် ဒုတိယအကြိမ်ကြွလာတော်မူသောအခါ ပြိုလဲခြင်း၊
ပျောက်ကွယ်ခြင်းမရှိချေ။ ရောင်ခြည်ဖြာထွက်လျက် ကောင်း ကင်ဘုံမှ ဆင်းသက်လာသော ယေရုရှလင်မြို့သစ်
ဤကမ္ဘာကို မရောက် မီ၊ သံလွင်တောင်ကို ရှေးဦးစွာ ယေရှုခရစ်နင်းတော်မူမည်ဖြစ်သည်။ ထိုအခါသံလွင်တောင်သည်
လွန်စွာကျယ်ပြန့်သောလွင်ပြင် ဖြစ်သွား သည်။
“ထိုနေ့ရက်၌ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊
သံလွင် တောင်ပေါ်မှာရပ်၍ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက် တိုင်အောင် အလယ်၌ကွဲသဖြင့်၊
အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင်တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ တစ်ဝက်သည်
တောင်ဘက်သို့လည်းကောင်း၊ ရွေ့ရလိမ့်မည်” ယေရုရှလင်မြို့သစ်သည် လွန်စွာကျယ်ပြန့်လာသော
လွင်ပြင်ဖြစ်သွားသည့် ထိုသံလွင်တောင်ပေါ် တွင် ဆင်းသက်တော်မူမည်ဖြစ်သည်။ ထိုအခါ မှောင်မိုက်အတိဖုံးလွှမ်း
သော ဤကမ္ဘာသည် ဘုရားသခင်၏ ဘုန်းတော်ဖြင့် ထွန်းလင်းတောက် ပလျက်ရှိပေသည်။ဇာခရိ ၁၄း၄
No comments:
Post a Comment