အသစ်ပေါ်၌အသစ်
ဘုရားသခင်သည် ကောင်းကင်သစ်နှင့်မြေကြီးသစ်တွင် ရှိမည့် အရာများ အသစ်ပြန်လည်ဖန်ဆင်းမည်ဖြစ်သည်။
အလင်း၊ လေထု၊ ညနှင့် နေ့ပြန်လည်ဖန်ဆင်းမည်ဖြစ်သည်။ ကောင်းကင်သစ်တွင်ရှိမည့် နေ၊ လ၊
ကြယ်များ ပြန်လည်ဖန်ဆင်းမည်ဖြစ်သည်။ မြေကြီးသစ်တွင် ရှိမည့် စမ်း၊ ချောင်း၊ မြစ်၊ ပင်လယ်သမုဒ္ဒရာ၊
အရွယ်ရောက်သော အမျိုး စုံသည့် ငါးများနှင့် အရွယ်မရောက်သေးသော အကောင်ငယ်များ၊ အရွယ်
ရောက်သော အမျိုးစုံသည့် ငှက်များနှင့် အရွယ်မရောက်သေးသော အကောင်ငယ်များ အရွယ်ရောက်သည့်
အမျိုးစုံသော ကုန်းသတ္တဝါများ နှင့် အရွယ်မရောက်သေးသော အကောင်ငယ်များ၊ အမျိုးစုံသော
အပင် များနှင့်အသီးများ၊ အမျိုးစုံသော မြက်ပင်များ၊ အမျိုးစုံသော ပန်းပင်များ နှင့်ပန်းများ၊
အမျိုးစုံသော ကျောက်မျက်ရတနာများ၊ ပြန်လည်ဖန်ဆင်း မည်ဖြစ်သည်။
“မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောထာဝရဘုရား၊ မြေကြီး ကို ပြုပြင်ဖန်ဆင်း၍
အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန် ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်းဆင်းတော်မူသည်။-ပလ္လင်တော်
ပေါ်မှာ ထိုင်တော်မူသောသူကလည်း၊ ငါသည်ခပ်သိမ်းသော အရာတို့ကို အသစ်ဖန်ဆင်းသည်ဟုမိန့်တော်မူ၏။
ဤစကားသည် သစ္စာစကားဖြစ် ၏။ ဟုတ်မှန်သော စကားလည်းဖြစ်၏-အမှုပြီးပြီ။” ဟေရှာ ၄၅း၁၈ ၊
ဗျာ ၂၁း၅,၆
အသစ်ပြန်လည်ပြုပြင်ဖန်ဆင်းတော်မူသော မြေကြီးသစ်သည် အာဒံနှင့်ဧဝအပြစ်မကျူးလွန်မီက ကမ္ဘာမြေကြီးအတိုင်းဖြစ်သဖြင့် ကမ္ဘာ ဦးကပင် ပြင်ဆင်သော နိုင်ငံတော်ဖြစ်ကြောင်း ကောင်းကင်နိုင်ငံတော်သို့သိမ်းယူတော်မူခဲ့သော ဧဒင်ဥယျာဉ်သည် သက်သေခံပေသည်။
No comments:
Post a Comment