ဤအရာမမေ့ကြ
မိမိကြိုက်နှစ်သက်သည့်နေရာတွင်
အပင်စိုက်ပျိုး၊ အိမ်လည်း ဆောက်ပြီးနေထိုင်သူများအပါအဝင်မိမိကြိုက်နှစ်သက်သည့်အရပ်ဒေသ
တွင် လည်ပတ်သူများအားလုံးသည် ပတ်တိုင်း ပတ်တိုင်း သတ္တမနေ့ရက် ဥပုသ်နေ့တွင် ထာဝရဘုရားအား
ဝတ်ပြုကိုးကွယ်ကြရန်မမေ့၊ တစ်လ တစ်ခါ လဆန်းနေ့တိုင်းတွင်လည်း အခြားကမ္ဘာများမှ ကိုယ်စားလှယ်
တော်များနှင့်အတူ ထာဝရဘုရားထံတော်၌ ခစားခြင်းငှါမမေ့၊ နေရာအနှံ့ နှံ့မှရွှင်လန်းဝမ်းမြောက်စွာ
သီချင်းဆိုကခုန်လျက်၊ ယေရုရှလင်မြို့၌ ရှိ သောမိမိ နေအိမ်ကိုပြန်လာကြမည်ဖြစ်သည်။
“ထာဝရဘုရား
ကယ်လွှတ်တော်မူသောသူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက်ခြင်းသရဖူကို ဆောင်းလျက်
ဇိအုန် မြို့ (ယေရုရှလင်မြို့)သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကိုရကြ၍
ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။-လူသားတို့၌ ပြုတော်မူသော
ဂရုဏာနှင့်အံဘွယ်သော အမှုတော် တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။-ကခုန်လျက်နှင့်
ချီးမွမ်းကြလော့။
-လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာကိုးကွယ်ခြင်းငှါ
လဆန်း နေ့နှင့်ဥပုသ်နေ့အစဉ်အတိုင်း လာကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော် မူ၏။-နောက်တဖန်ကျိန်ခြင်းဘေးတစ်စုံ
တစ်ခုမျှမရှိ။ ထိုမြို့(ပြင်ညီထပ်) ၌ ဘုရားသခင်နှင့်သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏
ကျွန်တို့ သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။-မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌ လည်း နာမတော်ရေးထားလျက်ရှိလိမ့်မည်။”
ဟေရှာ ၃၅း၁ဝ၊ ဆာ ၁၀၇း၈၊ ၁၅၀း၄၊ ဟေရှာ ၆၆း၂၃၊ ဗျာ ၂၂း၃,၄
“ကယ်တင်ခြင်းရရှိသောသူများအားလုံး
ပျော်ရွှင်ဝမ်းမြောက်ကြ မည်ဖြစ်သည်။ အိမ်ထောင်မိသားစုတို့သည်လည်း ပြန်လည်ပေါင်းစည်း
မည်ဖြစ်ပြီး ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်း၊ ဝတ်စုံများဖြင့် ဝတ်ဆင်ကြ မည်ဖြစ်သည်။
၎င်းတို့၏ အဝတ်များသည် ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်လုံ ဖြစ်၏။ သဘာဝလောကကြီးတစ်လုံးသည် ကြီးစွာသောလှပ တင့်တယ်ခြင်းဖြင့် စဉ်ဆက်မပြတ်
ဘုရားသခင်အား ချီးမွမ်းခြင်းနှင့် ဝတ်ပြုနေမည်ဖြစ်၏။” E.G White, My Life Today, p.348
No comments:
Post a Comment