Tuesday, March 3, 2026

 

မပြည့်မစုံသူများမြို့ထဲတွင်လုံးဝမရှိ

မတရားသောသူများတည်းဟူသောမပြည့်မစုံသူများ ယေရုရှလင် မြို့ထဲသို့ မဝင်နိုင်သဖြင့် ထိုကဲ့သို့ လူစားမျိုးမြို့ထဲတွင် မရှိပေ။ “ထိုမြို့၌ အသက်ငယ်သောသူငယ်မရှိရ။ အသက်မပြည့်စုံသောလူအိုလည်းမရှိရ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိ သောသူသည် အသက်တစ်ရာရှိလျက်သေလျှင် ကျိန်ခြင်းကိုခံရသောသူ ဟူ၍ မှတ်ရ၏။-အသက်တိုသောသားကိုမဖွားမမြင်ရကြ။” ဤကဲ့သို့ မစုံ မလင်သော လူစားမျိုးယေရုရှလင်မြို့တွင်မရှိသောကြောင့်၊--

“ထိုမြို့၌ ငိုကြွေးသံနှင့်အော်ဟစ်သံကို နောက်တဖန်မကြားရ။- ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်း စရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏။-ငါသည်လည်း ယေရုရှလင် မြို့ကြောင့်ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။-ကိုယ်တိုင် မှစ၍အမျိုးအနွယ်တို့သည် ထာဝရဘုရားသခင်ပေးတော်မူသော ကောင်း ကြီးမင်္ဂလာကိုခံရသော သူဖြစ်ကြလိမ့်မည်။” ဟေရှာ ၆၅း၂၀,၂၃,၁၉,၁၈, ၁၉,၂၃

No comments:

Post a Comment