Monday, March 2, 2026

 

ရင်မောဖွယ်



            အိပ်ပျော်(သေ)သော မယုံကြည်သူများဖြစ်သည့် မတရားသော သူများထဲတွင် ယေရှုခရစ်ကို ညှင်းဆဲသောသူများ၊ မတရားစွာတရားစီရင် သောသူများ၊ လှံဖြင့်ထိုးသောသူများ၊ သူတို့တတွေမူကား၊ သေခြင်းမှ ဇာတိပကတိအတိုင်း ထမြောက်လာပြီး၊ ဤသို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်သည့် ယေရှုခရစ် ဒုတိယအကြိမ်ကြွလာတော်မူခြင်းကို ရင် မောဘွယ် ရှုမြင်ကြရမည်ဖြစ်သည်။ ထိုသူတို့၏ ထမြောက်ခြင်းကို အထူးထမြောက်ခြင်းဟု ခေါ်ပေသည်။

            “ယဇ်ပုရောဟိတ်မင်းသည် အလယ်၌မတ်တပ်ထ၍၊ သင်သည် တစ်ခွန်းမျှ ပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟု ယေရှုကို မေးလျှင်၊ -ကိုယ်တော်သည် တစ်ခွန်းမျှပြန်ပြော တော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တစ်ဖန်ယဇ်ပုရောဟိတ်မင်းက၊ သင် သည်ခရစ်တော်တည်းဟူသော မင်္ဂလာရှိသောဘုရားသခင်၏ သားတော် မှန်သလောဟုမေးလျှင်၊ -ယေရှုကမှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ျာဘက်၌ထိုင်လျက်၊ မိုးတိမ်ကိုစီး၍ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။ -ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ကြရလိမ့်မည်။” မာ၁၄း၆၀-၆၂၊ ဗျာ ၁း၇

            အထက်ပါအကြောင်းအရာများကား၊ ယေရှုခရစ်ဒုတိယအကြိမ် ကြွလာတော်မူခြင်း၏ မြင်ကွင်းကို ရှုမြင်ရခြင်းတည်း။

No comments:

Post a Comment