တရားစီရင်ခြင်းခံရသူများ
ဤတရားစီရင်ခြင်း အမှုတွင် ရွေးနှုတ်ကယ်တင်ခြင်း ကျေးဇူး တော်ကို လုံးလုံးငြင်းပယ်ကြသော
စာတန်မာရ်နတ်နှင့် အပေါင်းအပါ နတ်ဆိုးများ အဓိက ပါဝင်လေသည်။ ၎င်းအပြင် ရွေးနှုတ်ကယ်တင်ခြင်း
ကျေးဇူးတော်ကို လက်ခံသူများနှင့် လက်မခံသူများ တည်းဟူသော သန့် ရှင်းဖြောင့်မတ်သူများနှင့်
မတရားသောသူများလည်း ပါဝင်မည်ဖြစ် သည်။ သန့်ရှင်းဖြောင့်မတ်သူများ ပါဝင်ရခြင်းမှာ တစ်ချိန်တစ်ခါက
စာတန်မာရ်နတ်ကို လက်ခံသောကြောင့်ဖြစ်ပြီး မတရားသောသူများပါ ဝင်ရခြင်းမှာ စာတန်မာရ်နတ်ကို
လုံးလုံးလက်ခံသောကြောင့် ဖြစ်သည်။ ယေရှုခရစ်ဒုတိယအကြိမ် မကြွလာမီ၊ ဟိုးအချိန်ကတည်းက
ကောင်း ကင်နိုင်ငံတော်ကို ကြိုတင်ရောက်နှင့်ပြီးဖြစ်သော ဧနောက်၊ ဧလိယ၊ မောရှေနှင့်
သန့်ရှင်းသူတချို့၊ သူတို့တတွေလည်း သန့်ရှင်းဖြောင့်မတ် သူများထဲတွင် ပါဝင်မည်ဖြစ်ပေသည်။
“တဖန်တုံဖြူသော ပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ
ထိုင်တော်မူသောသူကိုလည်းကောင်း၊ ငါမြင်၏။ -သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ
ရပ်နေကြသည်ကို ငါမြင်၏။ -ပြစ်မှားသော ကောင်းကင်တမန်တို့ကို စစ်ကြောစီရင်ခြင်းငှါ ချုပ်ထား
တော်မူ၏။-ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရမည်။-ကျမ်းစာလာသည်ကား၊
ငါအသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ့ရှေ့၌လူတိုင်း ဒူးထောက်ရမည်။ ဘုရားသခင်အား လူတိုင်းမိမိနှုတ်နှင့်
သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။- သို့ဖြစ်၍ ငါတို့ရှိသမျှသည် ဘုရားသခင်၏ စစ်ကြောတော်မူခြင်းကိုခံရကြ၏။”
ဗျာ ၂၀း၁၁, ၁၂, ၂ပေး၂း၄၊ ရော ၁၄း၁၀-၁၂၊(ဒံ ၇:၉,၁၀)
No comments:
Post a Comment