တရားစီရင်ကြ
ကောင်းကင်နိုင်ငံတော် ယေရုရှလင်မြို့သစ်တွင် အနှစ်တစ် ထောင်ပတ်လုံးစိုးစံကြသည့်
သန့်ရှင်းဖြောင့်မတ်သူများမှာ “ဘုရားသခင် ၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်”
ဖြစ်ကြသည်။ “မိမိ ခမည်းတော်ဘုရားသခင် ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း
ခန့်ထားတော်မူ” သည်။ ထိုအချိန် တွင် ဘုရားသခင်နှင့်ခရစ်တော်၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြသော
သန့်ရှင်းဖြောင့်မတ်သူများအား တရားစီရင်ခြင်းအခွင့်ကို ပေးတော်မူ သည်။ “ပလ္လင်များကိုလည်း
ငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင် ရသောအခွင့်ကိုရကြ၏။” ဗျာ ၂၀း၆၊
၁း၆ ၊ ၂၀း၄
သန့်ရှင်းဖြောင့်မတ်သူများသည် အဘယ်သူကို တရားစီရင်ကြ
မည်နည်း။ လောကီနိုင်ငံဟုခေါ်သောအသက်စာစောင်မှ
နာမည်ချေဖျက် ခြင်းခံရသည့် မတရားသောသူလောကီနိုင်ငံသားဟူသမျှကို တရားစီရင် ကြမည်ဖြစ်သည်။
“သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရားစီရင်မည် ဟု မသိကြသလော။ သင်တို့သည် လောကီနိုင်ငံကို
စီရင်ရသည်။” အစ တွင် ကောင်းကင်တမန်များဖြစ်ကြသည့် စာတန်မာရ်နတ်နှင့် အပေါင်း အပါ နတ်ဆိုးများကိုလည်း
တရားစီရင်ကြမည်ဖြစ်သည်။ “ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟုမသိကြသလော။”
၁ ကော ၆း၂,၃
No comments:
Post a Comment