ဇာတိပကတိအတိုင်းထမြောက်
ယေရှုခရစ်သည် လူ၌တည်လျက်ရှိသော အပြစ်၏အခသေခြင်း (ပထမသေခြင်း)ကို အပြီးအပိုင်
ပယ်ရှားပြီးဖြစ်သောကြောင့်၊ မတရား သောသူများလည်း အိပ်ပျော်(သေ)ခြင်းမှ ထမြောက်ခြင်းဖြစ်သည်။
ထိုသူတို့သည်အသက်ရှင်စဉ် ကျေးဇူးတော်ကို ခံရသော်လည်း ဝိညာဏ ကိုယ်ကို ငြင်းပယ်ပြီး ဇာတိပကတိကိုယ်ကို
လက်ခံကြသောကြောင့်၊ ဇာတိပကတိအတိုင်း သေခြင်းမှ ထမြောက်ကြမည်ဖြစ်သည်။ စိုက်သည့် အတိုင်း
ရိတ်ရခြင်းဖြစ်သည်။
“မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအား ဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို
ရိတ်ရလိမ့်မည်။” ကိုယ်ခန္ဓာမပြည့်မစုံနှင့် သေသူများမပြည့်မစုံသော ကိုယ်ခန္ဓာနှင့်
ထမြောက်လာမည် ဖြစ်သည်။ ရောဂါသည်ဖြစ်၍ သေသူများရောဂါသည်အဖြစ် ထမြောက်လာမည်ဖြစ် သည်။
အဖိုးကြီးအဖွားကြီးဖြစ်၍ သေသောသူများ အဘိုးကြီးအဖွားကြီး အဖြစ် ထမြောက်လာမည်ဖြစ်သည်။---စသည်-----စသည်ဖြင့်
ဇာတိပက တိအတိုင်းထမြောက်လာကြမည်ဖြစ်သည်။ထိုသူတို့သည်“အရေအတွက် အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ”
လွန်စွာ များပြားကြလေသည်။ ဂလာ ၆း၈ ၊ ဗျာ ၂၀း၈
No comments:
Post a Comment