Monday, March 2, 2026

 

အခန်း (၁၂)

နှစ်ပေါင်းတစ်ထောင်ကုန်ဆုံးသည်နှင့်

          နှစ်ပေါင်းတစ်ထောင်ကုန်ဆုံးသည်နှင့်ဧဒင်ဥယျာဉ်ပေါ်တွင်တည် ဆောက်သော ယေရုရှလင်မြို့သစ်သည် ဧဒင်ဥယျာဉ်နှင့်အတူ ကောင်း ကင်ဘုံမှ မှောင်မိုက်အတိဖုံး လွှမ်းလျက်လွတ်လပ်လဟာဖြစ်သော ဤ ကမ္ဘာသို့ဆင်းသက်လာမည်ဖြစ်သည်။ ဆင်းသက်လာသော ယေရုရှလင် မြို့သစ်ထဲတွင် ရွေးနှုတ်ကယ်တင်ရှင် ယေရှုခရစ်နှင့် ရွေးနှုတ်ကယ်တင် ခြင်းခံသန့်ရှင်းဖြောင့်မတ်သူများရှိကြလေသည်။“သန့်ရှင်းသောမြို့တည်း ဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းတို့ တန်ဆာဆင်သော မင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင်အထံတော် ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါမြင်၏။-သန့်ရှင်းသော ယေရုရှလင် မြို့သည် ဘုရားသခင်၏ ဘုန်းတော်ဖြင့်ပြည့်စုံလျက်၊ ဘုရားသခင် အထံ တော်ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။-ငါ၏ဘုရား သခင်ထာဝရဘုရားကြွလာတော်မူ၍ မိမိသန့်ရှင်းသူအပေါင်းတို့သည်ပါ ကြလိမ့်မည်။” ဗျာ ၂၁း၂,,၁၀ ၊ ဇာခရိ ၁၄:၅ (ယုဒ ၁း၁၅၊ ၁ သက် ၃း၁၂)

No comments:

Post a Comment