Monday, March 2, 2026

 

ချောမွေ့ပြေပြစ်လမ်းပန်းဆက်သွယ်ရေး

ဘုရားသခင်သည် ကမ္ဘာသစ်တည်းဟူသော မြေကြီးသစ်တွင် ဖြောင့်ဖြူးကျယ်ပြန့်သည့်လမ်းမကြီး ရှိစေတော်မူသည်။ ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကိုသန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့် မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကို မရှောက်မသွားရ” မစင် ကြယ်သောသူများ ထိုနေရာတွင် မရောက်မရှိသဖြင့် မစင်ကြယ်သော သူသည် ထိုလမ်းတွင် မရှောက်မသွားရဟု ဖော်ပြခြင်းဖြစ်သည်။ ဟေရှာ ၃၅း၈

ယေရုရှလင်မြို့ထဲတွင် ရွေးနှုတ်ကယ်တင်ခြင်းခံသန့်ရှင်း ဖြောင့် မတ်သူများ၏နေအိမ် (ယော ၁၄း၁-၃) ရှိမည်ဖြစ်ပြီး ထိုမှရွေးနှုတ်ကယ် တင်ခြင်းခံသန့်ရှင်းဖြောင့်မတ်သူများသည်မိမိကြိုက်နှစ်သက်သည့်အရပ် ဒေသ၊ အရှေ့အနောက်တောင်မြောက်လေးမျက်နှာ၊ နေရာအနှံ့သွားလာ လည်ပတ်ကြရမည် ဖြစ်သည်။ မျက်စိလည်၍ လမ်းမှားခြင်းမရှိရ။ ကြောက်စရာဘာမှလည်းမရှိရ။ ကမ္ဘာသစ်တွင်ရှိသည့် သန့်ရှင်းရာလမ်း မဟူသမျှ ယေရုရှလင်မြို့တွင်းမှ ဗဟိုပြုလျက်ရှိသည်။ “သွားသောသူတို့ နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက်ရှိတော်မူသည်ဖြစ်၍ မိုက်သော သူ(၁ ကော ၁း၂၇) သော်လည်း လမ်းမလွဲရ။ -ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတစ်ကောင်မျှ မတက်မလာရ။ ရှာ၍ မတွေ့ရ။ရွေးနှုတ်သောသူတို့ သာလျှင် ခရီးသွားကြလိမ့်မည်။” ဟေရှာ ၃၅း၈,၉


No comments:

Post a Comment