အခန်း(၉)
အတူတကွနှင့်အတူ
အသက်ရှင်သော သန့်ရှင်းဖြောင့်မတ်သူများဖြစ်စေ၊ အိပ်ပျော် (သေ)သော သန့်ရှင်းဖြောင့်မတ်သူများဖြစ်စေ၊
ယေရှုခရစ်ပေးခဲ့သည့် စာတန်မာရ်နတ်အား အောင်နိုင်ခြင်းအခွင့်ပိုင်ဆိုင်ပြီးဖြစ်သဖြင့်
ယေရှု ခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ ပိုင်ဆိုင်ရသော စာတန်မာရ် နတ်အား အောင်နိုင်ခြင်းအခွင့်ကို
အမွေခံကာအပြီးအပိုင် စာတန်မာရ် နတ်ကိုအောင်နိုင်လေတော့သည်။ ထို့ကြောင့် ယေရှုခရစ်ဒုတိယ
အကြိမ် ကြွလာတော်မူသောအခါ ယခုမျက်မှောက်၌ သေတတ်သောအရာ၊ ပုတ် တတ်သော အရာဖြစ်သည်ဟု စာတန်မာရ်နတ်ဆိုသော-
“ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့လည်း ကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော
အဖြစ်သို့လည်း ကောင်း၊ ဝင်စားသောအခါသေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့်စုံလိမ့်မည်။
-အိုသေမင်း သင်၏ လက်နက်သည် အဘယ်မှာ ရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်
မှာ ရှိသနည်း။ နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
-ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏
ကျေးဇူးတော်သည် ကြီးလှစွာတကား။” ၁ ကော ၁၅:၅၄,
၅၅, ၂၆, ၅၇
ထိုအချိန်မှစ၍သန့်ရှင်းဖြောင့်မတ် သူများပေါ် စာတန်မာရ်နတ် ၏ အလုပ်တည်းဟူသော
အပြစ်ကျူးလွန်ခြင်း၊ ဖျားနာခြင်း၊ ဆာမွတ်ငတ် ပြတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ပျက်ဝမ်းနည်းခြင်း၊
ငိုကြွေးမြည် တမ်းခြင်း၊ လွမ်းဆွတ်သတိရခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်း၊---များနှင့်
အတူ၊ အခြားမကောင်းသောအရာများဟူ သမျှလုံးဝမရှိတော့ပေ။
“ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို
သုတ် တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။
အကြောင်းမူကား၊ ရှေးဖြစ်ဖူး သော အရာတို့ သည်ရွေ့သွားကြပြီ။ -ကိုယ်တော်သည်ထင်ရှား ပေါ်ထွန်း
တော်မူသောအခါ၊ငါတို့သည်ကိုယ်တော်နှင့်တူကြလတံ့ဟုငါတို့သိကြ၏။
အကြောင်းမူကား၊ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းငါတို့သည် မြင်ရကြလတံ့။” ဗျာ၂၁း၄၊
၁ ယော ၃း၂
No comments:
Post a Comment