Monday, March 2, 2026

 

သက်သေခံ

          ဤသို့ဖြစ်သောကြောင့် ယေရှုခရစ်ဒုတိယ အကြိမ်ကြွလာတော် မူသောအခါ ပိုးမွှား၊ သစ်ပင်၊ ရေ၊ မီး၊ သားရဲတိရစ္ဆာန်၊ ဤအရာများ သက် သေခံသည်မှာ သန့်ရှင်းဖြောင့်မတ်သူများကို မသေစေနိုင်ပါ။ မပုပ်စေ နိုင်ပါ။ မပျက်စီးနိုင်ပါ မြေမှုန့်မဖြစ်စေနိုင်ပါ---ဟူ၍ဖြစ်သည်။ သန့်ရှင်း ဖြောင့်မတ်သူများကို မသေစေနိုင်ပါ၊ မပုပ်စေနိုင်ပါ၊ မပျက်စီးစေနိုင်ပါ၊ မြေမှုန့်မဖြစ်စေနိုင်ပါဟုရေတည်းဟူသော ပင်လယ်သမုဒ္ဒရာ သက်သေခံ ၏။ “သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။” ဗျာ ၂၀း၁၃

          သန့်ရှင်းဖြောင့်မတ်သူများကို မသေစေနိုင်ပါ။ မပုပ်စေနိုင်ပါ။ မပျက်စီးစေနိုင်ပါ။ မြေမှုန့်မဖြစ်စေနိုင်ပါဟု သင်္ချိုင်း (Sheol, Hades, Tartarus- ဆာ ၁၆:၁၀၊ တ ၂း၂၇၊ ၂ ပေ ၂း၄) တည်းဟူသော မြေလည်း သက်သေခံ၏။ “မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါ လိမ့်မည်။” သန့်ရှင်းဖြောင့်မတ်သူများကို မသေစေနိုင်ပါ။ မပုပ်စေနိုင်ပါ။ မပျက်စီးစေနိုင်ပါ။ မြေမှုန့်မဖြစ်စေနိုင်ပါဟု စာတန်မာရ်နတ်ကိုယ်တိုင် နှင့် မရဏာနိုင်ငံ (Sheol, Hades, Tartarus - ဆာ ၁၆း၁၀ ၊ တ ၂း၂၇ ၊ ၂ပေ ၂း၄) လည်းနောက်ဆုံးတွင် သက်သေခံသည်။ “မရဏာနှင့်မရဏာ နိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။” ဟေရှာ ၂၆း၁၉၊ ဗျာ၂၀း၁၃(၆း၈)

          ယေရှုခရစ်သည်လူ၌တည်လျက်ရှိသော အပြစ်၏ အခသေခြင်း (ပထမသေခြင်း)ကို အပြီးအပိုင်ပယ်ရှားပြီးဖြစ်သောကြောင့်၊ ယေရှုခရစ် နှင့်အတူ ရှင်ခြင်းကို ရွေးချယ်ကြသော သန့်ရှင်းဖြောင့်မတ်သူများကို လည်းကောင်း၊ စာတန်မာရ်နတ်နှင့် အတူထာဝရမီးတွင် လောင်ကျွမ်းပြီး သေခြင်း (ဒုတိယသေခြင်း) ကို ရွေးချယ်ကြသော မတရားသောသူများကို လည်းကောင်း၊ မည်သည့်အရာကမျှ မသေစေနိုင်ပေ၊ မပျက်စီးစေနိုင်ပေ။ (ရော ၈း၃၅-၃၉) ထို့ကြောင့်လည်းသမုဒ္ဒရာ၊ မြေ၊ မရဏာနှင့် မရဏာ နိုင်ငံသည် သန့်ရှင်းဖြောင့်မတ်သူဖြစ်ဖြစ်၊ မတရားသောသူဖြစ်ဖြစ် မိမိ တို့၌ရှိသော လူသေတို့ကို အပ်ခြင်းဖြစ်သည်။

No comments:

Post a Comment