ပိုင်ဆိုင်ရသောကျန်းမာလှပခြင်း
ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ စာတန်မာရ် နတ် အခွင့်ရချိန်ကုန်ဆုံးပြီးဖြစ်သဖြင့်
ရွေးနှုတ်ခြင်းခံလူအားလုံးအပေါ် စာတန်မာရ်နတ်၏ အလုပ်လုံးဝမရှိတော့ပေ။ (ဗျာ ၂၀း၂) ထို့ကြောင့်
ယေရှုခရစ် ဒုတိယအကြိမ်ကြွလာတော်မူသောအခါ စာတန်မာရ်နတ် ကြောင့် အိုသောအဖိုးအဖွား သန့်ရှင်းဖြောင့်မတ်သူများ
မျက်စိတမှိတ်၌ အိုခြင်းနှင့်ကင်းလွတ်လာသည်။ စာတန်မာရ်နတ်ကြောင့် ရောဂါဆိုးစွဲ ကပ်၍
ဖျားနာသော သန့်ရှင်းဖြောင့်မတ်သူများ မျက်စိတမှိတ်၌ ရောဂါ ဆိုးပျောက်ကင်း၍ ဖျားနာခြင်းနှင့်ကင်းလွတ်လာသည်။
စာတန်မာရ်နတ်ကြောင့်ပိန်ချုန်းသော၊ ဝလွန်းသော၊
သန့်ရှင်း ဖြောင့်မတ်သူများ မျက်စိတမှိတ်၌ ပိန်ချုန်းခြင်း၊ ဝလွန်းခြင်းနှင့်ကင်း လွတ်လာသည်။
စာတန်မာရ်နတ်ကြောင့် အရပ်ပုလွန်းသော၊ ရှည်လွန်း သောသန့်ရှင်း ဖြောင့်မတ်သူများ မျက်စိတမှိတ်၌
အရပ်ပုလွန်းခြင်း၊ အရပ်ရှည်လွန်းခြင်းနှင့် ကင်းလွတ်လာသည်။ စာတန်မာရ်နတ်ကြောင့် ခန္ဓာကိုယ်မပြည့်စုံ၍
အကျည်းတန် အရုပ်ဆိုးသော သန့်ရှင်းဖြောင့်မတ် သူများ၊ ကိုယ်ခန္ဓာအချိုးအစား ပုံစံမမှန်၍
အကျည်းတန်အရုပ်ဆိုးသော သန့်ရှင်းဖြောင့်မတ်သူများ မျက်စိတမှိတ်၌ အကျည်းတန်အရုပ်ဆိုးခြင်း
နှင့် ကင်းလွတ်လာသည်။
စာတန်မာရ်နတ်ကြောင့် ဂုဏ်အသရေပျက်၍ အစွမ်းမရှိသော သန့်ရှင်းဖြောင့်မတ်သူများ
မျက်စိတမှိတ်၌ ဂုဏ်အသရေအစွမ်းနှင့် ပြည့် စုံသူများဖြစ်လာသည်။ ယေရှုခရစ်သည် ရွေးနှုတ်ခြင်းခံ
လူအားလုံးကို ဝိညာဏ ကိုယ်ခန္ဓာတည်းဟူသော ဂုဏ်အသရေအစွမ်းနှင့် ပြည့်စုံသည့် ကျန်းမာလှပသော
ကိုယ်ခန္ဓာပေးပြီးဖြစ်သဖြင့် သန့်ရှင်းဖြောင့်မတ်သူ များသည် အမိဝမ်းကတည်းက ဂုဏ်အသရေအစွမ်းနှင့်ပြည့်စုံသည့်
ကျန်း မာလှပသော ကိုယ်ခန္ဓာပိုင်ဆိုင်ပြီးဖြစ်သည်။ ထို့ကြောင့်ယေရှုခရစ်ဒုတိ ယအကြိမ်ကြွလာတော်မူသောအခါအမိဝမ်းကတည်းက
ပိုင်ဆိုင်ရသော ဂုဏ်အသရေအစွမ်းနှင့်ပြည့်စုံသည့် ကျန်းမာလှပသော ကိုယ်ခန္ဓာကို မျက်စိတမှိတ်၌အမွေခံသည်။
ထိုအချိန်မှစပြီး စာတန်မာရ်နတ်ကြောင့် ဖြစ်သော အိပ်ပျော်(သေ)ခြင်းသည် သန့်ရှင်းဖြောင့်မတ်သူများပေါ်
လုံးဝ မရှိတော့ချေ။
“နက်နဲသောအရာတစ်ခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ် ပျော်ရကြမည်မဟုတ်။ -နောက်ဆုံးသော
တံပိုးမှုတ်သောအခါ တခဏ ခြင်းတွင် မျက်စိတမှိတ်၌ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့
ရောက်ရကြ မည်။” စာတန်မာရ်နတ်ကြောင့် “ယခုမျက်မှောက်ပုတ်တတ်သောအရာ သည် မပုတ်နိုင်သောအဖြစ်သို့
ဝင်စားရမည်။ ယခုမျက်မှောက်သေတတ် သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။” စာတန်မာရ်
နတ်ကြောင့် “ယုတ်ညံ့သောငါတို့၏ ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့် ပြည့်စုံ သော ကိုယ်ခန္ဓာတော်၏နည်းတူ
ဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူ လတံ့။” ၁ကော ၁၅း၅၁-၅၃ ဖိ ၃း၂၁
ထိုအခါ သန့်ရှင်းဖြောင့်မတ်သူများသည် သူတို့ကို စုံစမ်းသွေး ဆောင်ခွင့်လုံးဝမရှိတော့သည့်
စာတန်မာရ်နတ်၏ ရှေ့မှောက်တွင် ဂုဏ် အသရေအစွမ်းနှင့်ပြည့်စုံသူများဖြစ်လာပြီး အစဉ်ထာဝရ
ဂုဏ်အသရေ အစွမ်းနှင့် ပြည့်စုံသူများဖြစ်လာကြသည်။ ထိုအချိန်တွင် ဘုရားသခင် သည် သန့်ရှင်းဖြောင့်မတ်သူများ
ဤလောက၌ အသက်ရှင်စဉ် စာတန် မာရ်နတ်ကြောင့် သူတို့ကျူးလွန်သောအပြစ်များကို စာတန်မာရ်နတ်ပေါ်
တင်ထားပြီး စာတန်မာရ်နတ်လည်း သန့်ရှင်းဖြောင့်မတ်သူများအပေါ် ဘာမှမလုပ်နိုင်တော့သဖြင့်
သန့်ရှင်းဖြောင့်မတ်သူများသည် စာတန်မာရ် နတ်ကို ဝိုင်း၍ နင်းကြမည်ဖြစ်သည်။ ထိုအခါ “ငြိမ်သက်ခြင်း၏
အရှင် ဘုရားသခင်သည် မကြာမမြင့်မှီ စာတန်ကိုသင်တို့ခြေအောက်၌ နှိပ်စက် တော်မူမည်” ဟူသော
ကျမ်းချက်ပြည့်စုံခြင်းသို့ ရောက်လေသည်။ ရော ၁၆း၂ဝ
ထိုအချိန်တွင် သန့်ရှင်းဖြောင့်မတ်သူများသည် “အိုသေမင်း၊ သင် ၏ လက်နက်သည် အဘယ်မှာရှိသနည်း။
အိုမရဏာနိုင်ငံ၊ သင်၏ အောင် ခြင်းသည် အဘယ်မှာရှိသနည်း” ဟု စာတန်မာရ်နတ်ကို
ကျိန်ခေါ်သည့် အပြင် ဤသို့လည်း အောင်မြင်စွာ ကြွေးကြော်ကြသည်။ “ငါတို့သခင် ယေရှုခရစ်အားဖြင့်
ငါတို့အားအောင်ခြင်းအခွင့်ကိုပေးတော်မူသောဘုရား သခင်၏ကျေးဇူးတော်သည် ကြီးလှစွာတကား။”
၁ ကော ၁၅း၅၅,၅၇
အထက်ဖော်ပြပါအကြောင်းအရာများကား၊ ယေရှုခရစ်ဒုတိယ အကြိမ်ကြွလာတော်မူသောအခါ အသက်ရှင်သော
သန့်ရှင်းဖြောင့်မတ် သူများ အခုကတည်းက ပိုင်ဆိုင်ရသည့် ဝိညာဏကိုယ်ကို မျက်စိတမှိတ်
တခဏခြင်းတွင် အမွေခံခြင်းဖြစ်လေသည်။
No comments:
Post a Comment