- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Monday, March 2, 2026
အခန်း(၅) ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါပျက်စီးခြင်းရှိ
ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ဖြင့် ယေရှုခရစ် ဒုတိယအ ကြိမ်ကြွလာတော်မူသောအခါ နေ၊ လ၊ ကြယ် တည်ရှိရာ မိုးကောင်းကင် သည် ကြီးစွာသော အသံနှင့်တကွ၊ စာစောင်လိပ်သကဲ့သို့ လိပ်လျက်ပျက် စီးပျောက်ကွယ်သွားသည်။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်း ခြင်း၊ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခြင်းဖြစ်ပေါ်ပြီး ကမ္ဘာမြေ ကြီးတစ်ခုလုံး ခေါက်တုန့်ခေါက်ပြန်၊ နိမ့်ချီမြင့်ချီ တုန်လှုပ်လျက်ရှိရာ တောင်တန်းများ၊ ကျွန်းများ၊ မိမိနေရာမှရွေ့ကြသည်။ အချို့သောတောင် များ၊ ကျွန်းများ ပျောက်ကွယ်သွားကြသည်။ မြို့ကြီးများလည်းပြိုလဲပျက် စီးခြင်းသို့ ရောက်ကြသည်။
“ထိုနေ့၌မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွပျောက် ကွယ်သွားလိမ့်မည်။ -ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ် ၍ မိုးကောင်းကင်သည် စာလိပ်ကဲ့သို့လိပ်လျက်ရှိလိမ့်မည်။ -မိုးကောင်း ကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများ အပေါင်းတို့သည် မိမိတို့နေရာအရပ်မှရွေ့ကြ၏။-လျှပ်စစ်ပြက်ခြင်း၊ အသံ မြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးပေါ် မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သောလက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်သော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။
-မြို့ကြီးသည်သုံးဖြာကွဲပြား၍ လူအမျိုးမျိုးတို့နေသော မြို့ကြီး တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသောဒေါသ၊ အမျက် တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့ တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။” ၂ ပေ ၃း၁ဝ ၊ ဟေရှာ ၃၄း၄၊ ဗျာ ၆း၁၄ ၊ ၁၆း၁၈,၁၉
အထက်ပါအကြောင်းအရာများကို ဤသို့ဖတ်ရှုရသည်။ “ကမ္ဘာ ကြီး တစ်ခုလုံးသည် ပင်လယ်လှိုင်းကြီးများသဖွယ် နိမ့်တုန်မြင့်တုန်ဖြစ် နေပါသည်။ ကမ္ဘာမြေမျက်နှာပြင်သည် ကွဲအက်သွားပြီးအောက်ခြေအုတ် မြစ်များသည် ပြုတ်လွင့်ကုန်ပါသည်။ တောင်တန်းကြီးများသည် လူနေ ကျွန်းကလေးများနှင့်တကွ ပင်လယ်ထဲတွင်နစ်မြုပ်ပျောက်ကွယ်သွားကြပါသည်။
သောဒုံမြို့၏ ပင်လယ်ဆိပ်ကမ်းနှင့်တူသော ဆိပ်ကမ်းများတို့ သည်လည်း လှိုင်းလေများအောက်တွင် နစ်မြုပ်ပျောက်ကွယ်ကုန်ကြပါ သည်။ကမ္ဘာ့အလှပဆုံးမြို့တော်ကြီးများနှင့်တကွ ကမ္ဘာ့ခေါင်းဆောင်ကြီး များမိမိကိုယ်ကို ချီးမြှောက်ရန် မိမိတို့စည်းစိမ်များကို အသုံးပြုတည် ဆောက်ခဲ့ကြသည့် ခမ်းနားသော နန်းတော်ကြီးများသည် ၎င်းတို့ရှေ့ မှောက်မှာပင် တစ်စစီ ပျက်စီးကုန်ကြပါတော့သည်။” နောက်ဆုံး ၂၆၈၊ ၂၆၉
Subscribe to:
Post Comments (Atom)
No comments:
Post a Comment