အခန်း
(၁ဝ)
ထိုအခါနှစ်ပေါင်းတစ်ထောင်အစပြု
နှစ်ပေါင်းတစ်ထောင်သည် ဘယ်အချိန်မှအစပြုမည်နည်း။ ပထ မထမြောက်ခြင်းတွင် ပါဝင်သူများသည်
ယေရှုခရစ်နှင့်အတူ နှစ်ပေါင်း တစ်ထောင်စိုးစံကြရမည်ဖြစ်သည်။ “ဤထမြောက်ခြင်းကား၊ ပထမ
ထမြောက်ခြင်းဖြစ်သတည်း။ -ပထမထမြောက်ခြင်းကို ဝင်စားသောသူ သည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။
ထိုသို့သော သူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရော ဟိတ်၊ ခရစ်တော်၏
ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့် အတူစိုးစံရကြလိမ့် မည်။” ဗျာ
၂၀း၅,၆
ယေရှုခရစ်ဒုတိယအကြိမ် ကြွလာတော်မူသောအခါ ပထမ ထ မြောက်ခြင်းဖြစ်ပျက်၏။ “ကောင်းကင်ဘုံမှ
ကိုယ်တိုင်ဆင်းသက်တော်မူ ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦး(ပထမ)ထမြောက်ကြ လိမ့်မည်”
ထို့ကြောင့်နှစ်ပေါင်းတစ်ထောင်သည် ပထမထမြောက်ခြင်းကို ဖြစ်စေသည့် ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအချိန်မှ
အ စပြုသည်။ ၁ သက် ၄း၁၆။
No comments:
Post a Comment