အခန်း
(၁၁)
ဖြစ်ပျက်ဤအရာများနှစ်ပေါင်းတစ်ထောင်အတွင်း
ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ အသက်ရှင် သော မတရားသောသူဟူသမျှ သေဆုံးကြပြီး
သေဆုံးနှင့်ပြီးဖြစ်သော မတရားသောသူဟူသမျှလည်း သေခြင်းမှမထမြောက်၍ အသက်မရှင်ရ ကြချေ။“ကြွင်းသောလူသေတို့သည်ထိုအနှစ်တစ်ထောင်မကုန်မီ
အသက် မရှင်ရကြ” ယေရှုခရစ်သည် အသက်ရှင်သော သန့်ရှင်းဖြောင့်မတ်သူများ နှင့် သေခြင်းမှ
ထမြောက်လာသော သန့်ရှင်းဖြောင့်မတ်သူများ၊ အားလုံး ကို ကောင်းကင်နိုင်ငံတော်သို့ သိမ်းဆည်းပြီးဖြစ်သည်။
ဗျာ ၂၀း၅
ထို့ကြောင့် နှစ်ပေါင်းတစ်ထောင်အတွင်း ဤကမ္ဘာပေါ်တွင် စာတန်မာရ်နတ်နှင့်အပေါင်းအဖော်
နတ်ဆိုးများမှအပ၊ အသက်ရှင်သူ တစ်ယောက်မျှ မရှိချေ။ အသက်ရှင်သူတစ်ယောက်မျှမရှိသဖြင့်
စာတန် မာရ်နတ်သည် နှစ်ပေါင်းတစ်ထောင်အတွင်း အဘယ်သူကိုမျှ မလှည့် ဖြားနိုင်ချေ။ “အနှစ်တစ်ထောင်မကုန်မီတိုင်အောင်
လူအမျိုးမျိုးတို့ကို မလှည့်ဖြားရ။” ထို့ကြောင့် စာတန်မာရ်နတ်အနှစ်တစ်ထောင်ချည်နှောင်
ခြင်း၊ ထောင်ချခြင်း ဆိုသည်မှာ- အနှစ်တစ်ထောင်အတွင်း အဘယ်သူကို မျှ မလှည့်ဖြားနိုင်ခြင်းကို
ဆိုလိုသည်။ ဗျာ၂၀း၃။
No comments:
Post a Comment