Tuesday, March 3, 2026

 

အသက်ပင်၏အသီးအရွက်နှင့်အသက်စမ်းရေစားသောက်သည့်နေ့

ယေရုရှလင်မြို့ထဲ ပြင်ညီထပ်တွင် အသက်ပင်နှင့်အသက်စမ်းရေ ရှိပြီး (ဗျာ ၂၂း၁,၂)၊ အသက်စမ်းရေအကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။ “မြစ်တစ်မြစ်ရှိသေး၏။ ထိုမြစ်ရေသည်စီး၍ ဘုရား သခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသော ဘုရားကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏။ -ထိုမြို့သည် ဘုရား သခင် ကျိန်းဝပ်တော်မူရာဖြစ်၍ တုန်လှုပ်ခြင်းမရှိရာ။-ပလ္လင်တော် အတွင်း၌ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး၍ အသက်စမ်းရေ တွင်းသို့ လမ်းပြလိမ့်မည်။ -တဖန် ကျောက်သလင်းကဲ့သို့ ကြည်လင်၍ ဘုရားသခင်နှင့်သိုးသငယ်၏ ပလ္လင်တော်ထဲကထွက်သော အသက်ရေစီး ရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ၏။” ဆာ ၄၆း၄, , ဗျာ ၇း၁၇, ၂၂း၁

အသက်ပင်နှင့် အသီးအကြောင်းကိုလည်း အောက်ပါအတိုင်း ဖော်ပြထားသည် ။“မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဘက်၌ လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီး တစ်ဆယ့် နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက် သည်လည်းလူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာဘို့ဖြစ်၏။”ထို့ကြောင့် အသက်ပင်သည် လတိုင်းလတိုင်း အမျိုးအစား မတူသောအသီးတစ် ဆယ့်နှစ်မျိုးစီ သီးမည်ဖြစ်ပြီး အရွက်လည်းအမျိုးအစားမတူသော အရွက် များ ဖြစ်ပေမည်။ ယခုလတွင် သရက်သီး၊ လိမ္မော်သီး၊ ပန်းသီး ၊----စသည် ဖြင့်တစ်ဆယ့်နှစ်မျိုးသီးလျှင် နောက်လတွင် နာနတ်သီး၊ ပိန္နဲသီး၊သင်္ဘော သီး---စသည်ဖြင့် အရင်လ၏ အသီးအရွက်များနှင့်မတူအောင် တစ်ဆယ့် နှစ်မျိုးသီးမည်ဖြစ်သည်။ဗျာ ၂၂း၂

“ဘုရားသခင်၏ ပလ္လင်တော်နှင့် အသက်ပင်ကို ကျွန်ုပ်မြင်တွေ့ခဲ့ ရပါသည်။ကြည်လင်သန့်ရှင်းသောရေများသည် ထိုပလ္လင်တော်မှစီးထွက် နေပါသည်။ ထိုစီးဆင်းနေသော မြစ်၏တစ်ဖက်တစ်ချက်တွင် အသက် ပင်ရှိနေပါသည်။ ရွှေစင်ကဲ့သို့သော ပင်စည်များသည် ထိုမြစ်ကမ်းနှစ် ဘက်စလုံးပေါ်တွင် ပေါက်နေပါသည်။ အစပထမတွင် သစ်ပင်နှစ်ပင်ဟု ကျွန်ုပ်ထင်ခဲ့မိသော်လည်း တဖန် ပြန်ကြည့်သောအခါ ခေါင်တွင်ဆက်နေ သည့်အတွက် တစ်ပင်တည်းဖြစ်ကြောင်း ကျွန်ုပ်သိရပါသည်။ အသက်ပင် ၏အရွက်များသည် ကျွန်ုပ်တို့ရပ်နေသည့်နေရာဘက်ကို ပျပ်ဝပ်နေကြပြီး ရွှေနှင့် ငွေရောစပ်ထားသကဲ့သို့ အသီးများသည်လည်း နှစ်လိုဖွယ်တင့် တယ်လှပါသည်။”နောက်ဆုံး- ၃ဝ၈

နှစ်ပေါင်းလေးဆယ်အတွင်း ဣသရေလအမျိုးသားများသည် ဘုရားသခင်ချပေးတော်မူသော မန္နမုန့်ကို နေ့တိုင်းနေ့တိုင်း စားရာတွင် ဘုရားသခင် အထူးကောင်းကြီးပေးသော မန္နမုန့်ကိုမူကား၊ ဥပုသ်နေ့တွင် သာ စားခွင့်ရှိပြီး ဥပုသ်နေ့တွင်သာ စားရသကဲ့သို့၊ မြေကြီးသစ်တွင်လည်း ဘုရားသခင် အထူးကောင်းကြီးပေးသည့် ရေနှင့်အသီးအရွက်တည်းဟူ သော အသက်ပင် အသီးအရွက်နှင့်အသက်စမ်းရေကို ဥပုသ်နေ့တွင်သာ စားသောက်ခွင့်ရှိပြီး ဥပုသ်နေ့တွင်သာ စားသောက်ရမည် ဖြစ်သည်။ ဥပုသ်နေ့တိုင်း အသက်ပင်အသီးကိုစား၊ အရွက်ကိုလည်းစား၊ အသက် စမ်းရေကိုလည်းသောက်၊ ဤကဲ့သို့ဥပုသ်နေ့တိုင်းတွင် စားသောက်ကြ သော ရွေးနှုတ်ကယ်တင်ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူများသည် ကျန်းမာ သန်စွမ်း ကိုယ်ခန္ဓာဖြင့် ဆက်လက် ထာဝရရှင်ရမည်ဖြစ်သည်။

ထာဝရအသက်ဖြင့် အသက်ရှင်ပြီး ကျန်းမာသန်စွမ်း ကိုယ်ခန္ဓာ နှင့်ဖြစ်ကြသော ရွေးနှုတ်ကယ်တင်ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူများ သည် ဘုရားသခင်မိန့်တော်မူသည့်အတိုင်း အသက်ပင်အသီးနှင့် အသက် စမ်းရေကိုဥပုသ်နေ့တိုင်းတွင် စားသောက်ခြင်းဖြင့် ဆက်လက်ထာဝရရှင် ရမည်ဖြစ်ပြီး အသက်ပင်၏ အရွက်များကိုလည်း ဥပုသ်နေ့တိုင်းတွင် စားခြင်းဖြင့် အနာရောဂါ အမျိုးမျိုးနှင့်ကင်းဝေးသော ကျန်းမာသန်စွမ်း ကိုယ်ခန္ဓာကို အမြဲပိုင်ဆိုင်ရမည် ဖြစ်သည်။ “ဤအသက်ပင်၏ အရွက် များသည် လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဘို့ဖြစ်၏၊ အားလုံး ယူ၍စားကြလော့။” အကောင်းနှင့် - ၂၆၂

ထို့ကြောင့် “နောက်တဖန် ကျိန်ခြင်းဘေးတစ်စုံတစ်ခုမျှမရှိ။ ထို မြို့၌ ဘုရားသခင်နှင့်သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန် တို့သည် ဘုရားဝတ်ကိုပြုကြလိမ့်မည်။ မျက်နှာတော်ကိုမြင်ရ၍ သူတို့ နဖူး၌လည်း နာမတော်ရေးထားလျက်ရှိလိမ့်မည်။ -ထိုမြို့၌ညမရှိ၊ ဆီမီး ကိုအလိုမရှိ၊ နေ၏အရောင်လည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံရကြလတံ့။” ဗျာ ၂၂း၃-၅

No comments:

Post a Comment