Monday, March 2, 2026

 

ဒုတိယသေခြင်း

          ထာဝရရှင်ကြသည့် သန့်ရှင်းဖြောင့်မတ်သူများကို စုံစမ်းသွေး ဆောင်၍ အပြစ်ကျူးလွန်စေသော စာတန်မာရ်နတ်သည် ထာဝရမီးဖြင့် လောင်ကျွမ်းသောအခါ မိမိအပြစ်အတွက်သာမက သန့်ရှင်းဖြောင့်မတ် သူများ၏ အပြစ်ကို ထပ်၍ ခံရပြီးမှသေဆုံးမည်ဖြစ်သည်။ (ဝတ် ၁၆း၁၀, ၂၁,၂၂) ပြီးလျှင် စာတန်မာရ်နတ်သည် “နောက်တဖန် မပေါ်လာရ။” ယေဇ ၂၈း၁၉

          စာတန်မာရ်နတ်နှင့်အပေါင်းဖော်နတ်ဆိုးများ၊ မတရားသောသူ များ၊ ထာဝရမီးဖြင့် လောင်ကျွမ်းပြီးသေဆုံးရခြင်းသည် ဒုတိယသေခြင်း ခြင်းသည်။ (ဗျာ ၂၀း၁၄ ၊ ၂၁း၈) သူတို့၏ အလောင်းကိုပြာ (မလာခိ ၄း၃) ဖြစ်သည်အထိ အစအနလေးမျှ မကျန်ကြွင်းစေခြင်းငှါ၊ လောင်ကျွမ်းရ မည် ဖြစ်သည်။ ထိုပြာကိုလည်း မီးခိုးဖြစ်၍ ပျောက်ကွယ်သွားသည်အထိ လောင်ကျွမ်းရမည်ဖြစ်သည်။ မီးခိုးဖြစ်သွားသည်နှင့် တခဏခြင်းတွင် လုံးဝပျောက်ကွယ်သွားကြလေတော့သည်။ ထိုအချိန်မှစ၍ စာတန်မာရ် နတ်နှင့် အပေါင်းအဖော်နတ်ဆိုးများ၊ မတရားသောသူများလုံးဝမရှိတော့ ပေ။ သူတို့၏နေရာလည်း လုံးဝ မရှိတော့ချေ။

          တဖန်တုံ၊ ဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်တော်ပေါ် မှာထိုင်တော်မူသော သူကိုလည်းကောင်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ -ပြစ်မှားသော သူတို့သည် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။ -မတရား သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာ အရပ်၏ အသရေကဲ့သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။- နောက်တဖန် သူသည် ရွေ့သွား၍ ကွယ် ပျောက်၏။ သူ့ကိုလည်း ငါရှာ၍ မတွေ့ရ။ -ခဏကြာပြီးမှ မတရားသော သူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။” ဗျာ ၂၀း၁၁ ၊ ဆာ ၃၇:၉,၂၂,၂၀,၃၆,

No comments:

Post a Comment