အနှစ်တစ်ထောင်စာတန်ထောင်ကျ
စာတန်မာရ်နတ်ကိုလည်း ယေရှုခရစ်ဒုတိယ အကြိမ်ကြွလာ တော်မူသော အချိန်မှစ၍ အနှစ်တစ်ထောင်ထောင်ချဘို့
ချည်နှောင်လေ သည် “တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့ နှင့်သံကြိုးကြီးကိုကိုင်လျက်
ကောင်းကင်က ဆင်းသက်သည်ကို ငါမြင် ၏။ -ရှေးမြွေဟောင်း၊ မာရ်နတ် စာတန်တည်းဟူသော နဂါးကို
ကိုင်ဖမ်း၍ အနှစ်တစ် ထောင်ဘို့ချည်နှောင်လေ၏။ -အနှစ်တစ်ထောင် မကုန်မှီတိုင် အောင်လူအမျိုးမျိုးတို့ကို
မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ ထို့ကြောင့်လည်း
ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအချိန်တွင် အလွန်သေချင် ကြသည့် မတရားသောသူများကို
စာတန်မာရ်နတ်မသေစေနိုင်ခြင်းဖြစ် သည်။ (ဗျာ ၉း၆) သန့်ရှင်းဖြောင့်မတ်သူဖြစ်ဖြစ်၊ မတရားသောသူဖြစ်ဖြစ်
သူတို့ ပေါ်စာတန်မာရ်နတ် ဘာမှ မလုပ်နိုင်ခြင်းဖြစ်သည်။ ဗျာ ၂၀း၂,၃
No comments:
Post a Comment