မိမိတို့အချိန်(အစ-အဆုံး)
ဘုရားသခင်ဖန်ဆင်းသမျှ၊ ဘုရားသခင်ရှိစေတော်မူသမျှ၊ အစနှင့် အဆုံးရှိသည်။ ထို့ကြောင့်ထာဝရအသက်ရှင်သူများ
အစနှင့်အဆုံးရှိသကဲ့ သို့ ထာဝရသေသူများလည်း အစနှင့်အဆုံးရှိသည်။ ထာဝရအသက်ရှင် သူများ၏
အစမှာ-ထာဝရဘုရားသခင်က ထာဝရရှင်စေတော်မူသည်ကို လက်ခံချိန်ဖြစ်ပြီး အဆုံးမှာ- ဆက်၍ ထာဝရရှင်စေတော်မူသော
အချိန် ဖြစ်သည်။ ထိုနည်းတူ၊ ထာဝရသေသူများ၏အစမှာ-ထာဝရရှင်စေတော် မူသည်ကို ငြင်းပယ်ချိန်ဖြစ်ပြီး
(မိမိကိုယ်တိုင်က စာတန်မာရ်နတ်နှင့် အတူ သေခြင်းကို ရွေးချယ်ချိန်ဖြစ်ပြီး) အဆုံးမှာဆက်၍
ထာဝရသေစေ တော်မူသောအချိန်ဖြစ်သည်။
ထာဝရဘုရားသခင်ရှိစေတော်မူသော ထာဝရမီးလည်း အစနှင့် အဆုံးရှိသည်။ အဘယ်သူမျှ ထာဝရမီးကိုရှိစေတော်မမူနိုင်၊
ငြိမ်းလည်း ငြိမ်းစေတော်မမူနိုင်ပေ။ ထို့ကြောင့် ထာဝရမီးကို “မငြိမ်းနိုင်သောမီး” ဟူ၍လည်း
ခေါ်သည်။ ထာဝရဘုရားသခင်တစ်ပါးတည်းသာလျှင် ထာဝ ရမီးကို ရှိစေတော်မူနိုင်ပြီး ငြိမ်းလည်းငြိမ်းစေတော်မူနိုင်သည်။
(ယေဇ ၂၀း၄၇,၄၈) ထို့ကြောင့် ထာဝရမီး၏ အစသည် ထာဝရဘုရားသခင်ရှိစေ
တော်မူသော အချိန်ဖြစ်ပြီး အဆုံးသည် ဆက်လက် မတည်မရှိရန် ထာဝရ ငြိမ်းစေတော်မူသော အချိန်ဖြစ်သည်။
မ ၃း၁၂
ထာဝရမီးဖြင့် လောင်ခြင်းကို ထာဝရလောင်ခြင်းဟုခေါ်ပြီး ထို ထာဝရလောင်ခြင်း၌လည်း
အစနှင့်အဆုံးရှိရာ အစသည် ထာဝရဘုရား သခင်က စလောင်စေတော်မူသောအချိန်ဖြစ်ပြီး၊ အဆုံးသည်
ဆက်လက် မလောင်ကျွမ်းရန် ထာဝရငြိမ်းစေတော်မူသောအချိန်ဖြစ်သည်။ “သူတို့ သည် နေ့ညမပြတ်
သက်သာမရကြ- နေ့ညမပြတ်ကမ္ဘာ အဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံကြလတံ့” ဤကျမ်းချက်၌ တွေ့ရသည်အတိုင်း
ထာဝရမီးဖြင့် လောင်ကျွမ်းကာ ဝေဒနာခံရခြင်းကို ထာဝရ ဝေဒနာခံရ ခြင်းဟုခေါ်ပြီး ထိုထာဝရဝေဒနာခံရခြင်း၌လည်း
အစနှင့်အဆုံးရှိရာ အစ သည် ထာဝရမီးဖြင့် စတင်လောင်ကျွမ်းဝေဒနာခံရချိန်ဖြစ်ပြီး အဆုံးသည်
ဆက်လက်ဝေဒနာမခံစေရန် ထာဝရသေစေတော်မူသော အချိန်ဖြစ် သည်။ ဗျာ ၁၄း၁၁,၂၀း၁၀
“ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက် ရှိ၏။” ဤကျမ်းချက်၌တွေ့ရသည့်အတိုင်း
ထာဝရမီးဖြင့် လောင်ကျွမ်း ကာ မီးခိုးတက်ခြင်းကို ထာဝရမီးခိုးတက်ခြင်းဟု ခေါ်ပြီး ထိုထာဝရ
မီးခိုး တက်ခြင်း၌လည်း အစနှင့်အဆုံးရှိရာအစသည် ထာဝရဘုရားသခင် မီးညှိ ၍ မီးခိုးစထွက်ချိန်ဖြစ်ပြီး
အဆုံးသည်ဆက်လက်မီးခိုးမထွက်ရန် ထာဝရ ငြိမ်း စေတော်မူသော အချိန်ဖြစ်သည်။ ထို့ကြောင့်ထာဝရမီးဖြင့်
ပျက်စီး ခြင်းကို ထာဝရပျက်စီးခြင်း၊ ထာ၀ရမီးဖြင့်သေဆုံးခြင်းကို ထာဝရသေဆုံး ခြင်း၊----စသည်ဖြင့်ခေါ်
လေသည်။ ဗျာ ၁၄း၁၁
No comments:
Post a Comment