Monday, March 2, 2026

အလိုဆန္ဒရှိလျှင်

ရွေးနှုတ်ကယ်တင်ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူများသည် မိမိ ကြိုက်နှစ်သက်သည့်နေရာဒေသများတွင် အလိုဆန္ဒရှိလျှင် အိမ်ဆောက် ကြမည်ဖြစ်ပြီး နေထိုင်ကြမည်ဖြစ်သည်။ ယခုအိမ်ဆောက်သကဲ့သို့ ခွန် အားကို အသုံးပြုပြီး ပင်ပင်ပန်းပန်းဆောက်ခြင်းမဟုတ်ဘဲ ခုတ်ဖြတ်စရာ မလို၊ အပင်များကို အမိန့်ပေး၍ ကိုယ့်အလိုဆန္ဒရှိသည့် အိမ်ပုံစံအတိုင်း ဖြစ်စေခြင်းဖြစ်သည်။ ကမ္ဘာသစ်တွင် အိပ်မပျော်သောညဟူ၍ မရှိပေ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရပြီး မနက်မိုးလင်းခြင်းသည်လည်း လန်း ဆန်းမှုစွမ်းအင်အသစ်အသစ် ဖြစ်စေခဲ့သည်။ အလိုမရှိတော့လျှင် အပင် များကို အမိန့်ပြန်ပေးပြီး ဘုရားသခင်၏ လက်ရာမပျက် နဂိုနေရာ အတိုင်း ပြန်ရှိစေမည်ဖြစ်သည်။ ကြိုက်နှစ်သက်သည့် စားပင်များကို လည်း စိုက်ပျိုးကြမည်ဖြစ်ပြီး ကိုယ်တိုင်စားသောက်ကြရမည်ဖြစ်သည်။

“ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ် စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ -သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူနေရမည် မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ် ကို စိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာ မြင့်စွာ သုံးဆောင်ကြလိမ့်မည်။ -ငါရွေးကောက်သောသူတို့သည် အချည်း နှီးမလုပ်မဆောင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည် ထာဝရ ဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့် မည်။” ဟေရှာ ၆၅း၂၁-၂၃

ဘုရားသခင်နှင့် စကားပြောဆက်သွယ်ရန် ဆန္ဒရှိသောအခါ၊ အဝေးတွင်ရှိသော အချင်းချင်းကိုလည်း စကားပြောဆက်သွယ်ရန် ဆန္ဒရှိ သောအခါ အာရုံပြုသည်နှင့် အားလုံးပြည့်စုံပြီးဖြစ်သဖြင့် ကမ္ဘာသစ်၏ လေလှိုင်းဆက်သွယ်ရေးစနစ် အင်မတန် ကောင်းမွန်မည် ဖြစ်သည်။ “ငါသည်သူတို့မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင် မည်။” ဟေရှာ ၆၅း၂၄


No comments:

Post a Comment