ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံ
ကျေးဇူးတော်သည်ကမ္ဘာဦး
အာဒံပြစ်မှားချိန်မှ ထင်ရှားလာပြီး ဖြစ်ရာ ယေရှုခရစ်သည် ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံကိုလည်း
ကမ္ဘာဦးအာဒံရွေးနှုတ်ချိန်ကတည်းက တည်ထောင်ပြီးဖြစ်သည်။ ထိုအခါ ကျဆုံးသော ဤကမ္ဘာသည်
စာတန်မာရ်နတ်၏နိုင်ငံဖြစ်မလာဘဲ ဘုရား သခင်၏နိုင်ငံ ပြန်ဖြစ်လာသည်။ ထို့ကြောင့်ဤကမ္ဘာသည်
ဘုရားသခင် ၏ နိုင်ငံတော်တည်းဟူသော ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံ ကမ္ဘာ သစ်ဖြစ်သည်။
ပုံသက်သေအဖြစ် ဧဒင်ဥယျာဉ်ကို ကောင်းကင်နိုင်ငံတော် သို့ သိမ်းဆည်းတော်မူခဲ့သည်။ စာတန်မာရ်နတ်သည်
ဘုရားသခင်ထံ အခွင့်ပြန်တောင်းသောအခါ အကန့်အသတ်ဖြင့် ခွင့်ပြုချက်ရရှိသဖြင့်၊ စာတန်မာရ်နတ်အားဖြင့်
ဤကမ္ဘာတွင် အနိစ္စအရာမကောင်းမှု အမျိုးမျိုး ဖြစ်ပေါ်ပြည့်နှက်လျက်ရှိပြီး ဤကမ္ဘာသည်
ကျေးဇူးတော်နိုင်ငံ၊ ဘုန်း တော်နိုင်ငံဖြစ်မှန်း သိသူမရှိသလောက် ဖြစ်ခဲ့သည်။ ဤကမ္ဘာသည်
စာတန်မာရ်နတ်၏နိုင်ငံဖြစ်သည် ဟုလူအများထင်မှတ်ခဲ့ကြသည်။
ထိုအကြောင်းကြောင့်
စာတန်မာရ်နတ်အခွင့်ရချိန် ကာလပတ် လုံး ဤကမ္ဘာသည် ရှေးမြေကြီးတည်းဟူသော စာတန်မာရ်နတ်၏
နိုင်ငံ ဟုဆိုရပေမည်။ “ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင်၊
ငါသည်ယုဒလူတို့ လက်သို့ မရောက်စေခြင်းငှါ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား၊
ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ၏။” ဤကမ္ဘာ တွင် အနိစ္စအရာမ ကောင်းမှုအမျိုးမျိုး
ပြည့်နှက်လျက်ရှိသော်လည်း ဘုရားသခင်၏ ကောင်းမြတ်ခြင်း ဘုန်းတော်များလည်း ထင်ရှားလျက်
ရှိရာ ဤကမ္ဘာသည် ဘုရားသခင်၏ ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံ ဖြစ်ကြောင်း သိရှိရသည်။
ကျေးဇူးတော်ကာလတွင် ဤကမ္ဘာကို ကျေးဇူး တော်နိုင်ငံဟု ခေါ်ပြီး ကျေးဇူးတော်ကာလ ကုန်ဆုံးပြီးနောက်ပိုင်းတွင်
ဘုန်းတော်နိုင်ငံဟုခေါ်မည်ဖြစ်သည်။ ယော ၁၈း၃၆
ကျေးဇူးတော်ကာလကုန်ဆုံးပြီး
ယေရှုခရစ် ဒုတိယအကြိမ်ကြွ လာတော်မူသောအခါ စာတန်မာရ်နတ်အခွင့် ရချိန်ကုန်ဆုံးမည်ဖြစ်ပြီး
ထိုအခါ စာတန်မာရ်နတ်ကြောင့် ဤကမ္ဘာပေါ်တွင် ဖြစ်ပေါ်လျှက်ရှိသော အနိစ္စအရာမကောင်းမှု
အမျိုးမျိုးဟူသမျှ နိဂုံးချုပ်မည်ဖြစ်သည်။ ဘုရား သခင်သည် စာတန်မာရ်နတ်ကြောင့်ဖြစ်သည့်
ရှေးမြေကြီးတည်းဟူ သော အပြစ်နှင့် အပြစ်အရာ၊ မကောင်းမှုဟူသမျှ ထာဝရမီးဖြင့် နောက် ဆုံးဆေးကြောသန့်စင်သောအခါ
ဤကမ္ဘာသည် ကမ္ဘာဦးကတည်းက ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံကမ္ဘာသစ်ဖြစ်ကြောင်း
ထင်ရှားလာ မည်ဖြစ်သည်။ ဤသို့ဖြင့် ကမ္ဘာဦးကတည်းက ယေရှုခရစ်တည်ထောင်ခဲ့ သော ကျေးဇူးတော်နိုင်ငံဘုန်းတော်နိုင်ငံ
ကမ္ဘာသစ်ကို သန့်ရှင်းဖြောင့် မတ်သူများ အမွေခံကြရပေမည်။ ကမ္ဘာဦးဧဒင်ဥယျာဉ်ကို ပြန်၍
အမွေခံ ကြပေမည်။“ကမ္ဘာဦးကပင်သင်တို့အဘို့
ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။”ထို့ကြောင့်သန့်ရှင်းဖြောင့်မတ်သူများသည် ဤကမ္ဘာ ပေါ်စာတန်မာရ်နတ်၏
အလုပ်လုံးဝ ရပ်ဆိုင်းပြီး အနိစ္စအရာမ ကောင်းမှု ဟူသမျှလုံးဝမရှိတော့သည့် ကမ္ဘာဦးကတည်းက
ယေရှုခရစ်တည်ထောင် ခဲ့သော ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံကမ္ဘာသစ်ကို မြော်လင့်ကြ
လေသည်။ မ ၂၅း၃၄
No comments:
Post a Comment