Monday, March 2, 2026

 

မင်္ဂလာရှိမြော်လင့်ရာ

          မတွေ့မမြင်ရသေးသော မင်္ဂလာရှိမြော်လင့်ရာ ယေရှုခရစ် ဒုတိ ယအကြိမ်ကြွလာတော်မူခြင်းကို သန့်ရှင်းဖြောင့်မတ်သူများ မြော်လင့်ကြ သည်။ “အာဒံမှဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က၊        - ထာဝရဘုရားသည်-----အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့် တကွ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။

          - ထိုကာလ၌ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ငါတို့၏ ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤ အရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူ ခြင်း ကျေးဇူးတော်ကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟု ဆိုကြလိမ့်မည်။ -အကြောင်းမူကား၊ မင်္ဂလာရှိမြော်လင့်ရာကိုလည်း ကောင်း၊ ကြီးမြတ်သောဘုရားသခင်တည်းဟူသော ငါတို့ကို ကယ်တင် တော်မူသောအရှင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်း ခြင်းကိုလည်း ကောင်း၊ ငါတို့သည်မြော်လင့်လျက်၊ -သခင်ယေရှုကြွလာ တော်မူပါ။ ယုဒ ၁း၁၄,၁၅ ၊ ဟေရှာ ၂၅း၉ ၊ တိတု ၂း၁၁-၁၃၊ ဗျာ ၂၂း၂၁

          ယေရှုခရစ်မွေးဖွားလာမည်ဟု ကောင်းကင်တမန် သက်သေခံ သည်အတိုင်း အမှန်တကယ် မွေးဖွားလာခဲ့သည်။(လု ၁း၃၁၊ ၂း၆,၇)အခု လည်းယေရှုခရစ် ဒုတိယအကြိမ်ပြန်ကြွလာတော်မူမည်ဟု ကောင်းကင် တမန်သက်သေခံပြန်သည်။ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်း ကင်သို့ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွဲခွါ၍ကောင်းကင်သို့ ယူဆောင်ခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူတဖန်ကြွလာတော်မူလတံ့”

 တ ၁း၁၁

          ယေရှုခရစ် ဒုတိယအကြိမ် ကြွလာတော်မူသောအခါ အိပ်ပျော် (သေ)ခြင်းမှ ထမြောက်လာကြသည့်သန့်ရှင်းဖြောင့်မတ်သူများနှင့်နေရစ် အဖွဲ့တည်းဟူသော ကျန်ကြွင်းသည့် အသက်ရှင်သော သန့်ရှင်းဖြောင့် မတ်သူများ၊ အားလုံးကို ကောင်းကင်နိုင်ငံတော်သို့သိမ်းဆည်းခေါ်ဆောင် သွားမည်ဖြစ်သည်။သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင် တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့် တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ -ထိုအခါ အသက် ရှင်၍ ကျန်ကြွင်း (နေရစ်) သောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ် သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည် ၁ သက် ၄း၁၆,၁၇

          သန့်ရှင်းဖြောင့်မတ်သူများသည် ခရစ်တော်၌ အိပ်ပျော် (သေ) သည်နှင့် ကောင်းကင်နိုင်ငံတော်မရောက်သဖြင့် အိပ်ပျော်(သေ)ခြင်းကို သန့်ရှင်းဖြောင့်မတ်သူများမမြော်လင့်ကြပေ။ ယေရှုခရစ် ဒုတိယအကြိမ် ကြွလာတော်မူသောအခါကျမှ သန့်ရှင်းဖြောင့်မတ်သူများ ကောင်းကင် နိုင်ငံတော်ကို ရောက်ရှိမည်ဖြစ်သဖြင့် အာဒံကိုရွေးနှုတ်ချိန်မှစပြီး ယခုထိ မတွေ့မမြင်ရသေးသောယေရှုခရစ် ဒုတိယအကြိမ်ကြွလာတော်မူခြင်းကို သန့်ရှင်းဖြောင့်မတ်သူများ မြော်လင့်ကြသည်။ မင်္ဂလာရှိမြော်လင့်ရာဖြစ် သည့် မိမိအပေါ် စာတန် မာရ်နတ်၏ အလုပ်လုံးဝရပ်ဆိုင်းမည့်အချိန်၊ ယေရှုခရစ် ဒုတိယအကြိမ် ကြွလာတော်မူခြင်းကို သန့်ရှင်းဖြောင့်မတ်သူ များ မြော်လင့်ကြပေသည်။

No comments:

Post a Comment