အခန်း (၁)
သန့်ရှင်းဖြောင့်မတ်သူများ မြော်လင့်ကြ
အာဒံကို ရွေးနှုတ်ချိန်မှစပြီး ယခုအချိန်ထိ သန့်ရှင်းဖြောင့်မတ်သူ များဟူသမျှသည် မတွေ့မမြင်ရသေးသောအရာ၊ မင်္ဂလာရှိမြော်လင့်ရာ ဖြစ်သည့် ယေရှုခရစ် ဒုတိယအကြိမ် ကြွလာတော်မူခြင်းနှင့် ကျေးဇူး တော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံဖြစ်သည့် ကမ္ဘာသစ်ကို မြော်လင့်ကြသည်။ “ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ ၏။ မြော်လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်းမရှိ။ တွေ့မြင်သောအရာကို အဘယ်ကြောင့် မြော်လင့်ရမည်နည်း။-ငါတို့သည် မတွေ့မမြင်သောအရာကိုမြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသော စိတ်နှင့်ငံ့လင့်နေကြ၏” ရော ၈း၂၄,၂၅
No comments:
Post a Comment