Monday, March 2, 2026

ယေရှုခရစ် ဒုတိယအကြိမ်ကြွလာတော်မူခြင်း (ကျေးဇူးတင်ခြင်း၊ အမှာစာ)

 

ယေရှုခရစ်

ဒုတိယအကြိမ်ကြွလာတော်မူခြင်း

 

THE SECOND COMING OF JESUS CHRIST

 

 

 

 

 

မင်္ဂလာရှိမြော်လင့်ရာ၏ အရှင်

မကြာမီ ပြန်ကြွလာတော့မည့်ယေရှုသခင်အား

ဤသို့အသင့်ပြင်ဆင်ကြိုဆိုကြပါစို့

 

 

       

                ဤစာအုပ်ငယ်လေး ရေးသားရခြင်းသည် သိစေတော်မူသည့် ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူခြင်း အကြောင်းကို လူတိုင်းသိ ရန် ပြင်းပြသော စေတနာဆန္ဒ Burning Desire ကြောင့် ဖြစ်သည်။ ထို့ကြောင့် လာရောက်ဟောပြောသွန်သင်ပေးပါဟု ဖိတ်ခေါ်လျှင် အလွန် ဝမ်းမြောက်စွာ ကြိုဆိုရပေမည်။





ကျေးဇူးတင်ခြင်း

          ယခုထိတိုင် အသက်ရှင်ခွင့်ပေးပြီး ဤစာအုပ်ငယ်လေး ထုတ်ဝေ ခွင့်ပြုသော အဖဘုရားသခင်အား ရှေးဦးစွာ ကျေးဇူးတင်သည်။

          ကျွန်တော့်ကို ဖွားမြင်သောမိဘနှစ်ပါး၊ ဓမ္မတက္ကသိုလ်တက်စေ သော အစ်ကိုနှင့်အစ်မ၊ ဘဝအတွက် တည်ဆောက်စရာ တရားဒေသနာ ဟောကြားသွန်သင်သော ဘွဲ့လွန်မဟာဘွဲ့ရ ဆရာ/ ဆရာမများနှင့် သိက္ခာရဆရာတော်များ၊ သမ္မာကျမ်းစာမှ အကြောင်းအရာတချို့ကို နက်နက်နဲနဲ သိရှိနားလည်စေသော အီးဂျီဝိုက်၊ ကူညီမစကြသော အသင်း သူ အသင်းသားများ၊ ကျေးဇူးတင်ထိုက်သောသူများ အားလုံးကို ကျေးဇူး တင်ပါသည်။

          ဤစာအုပ်ငယ်လေး ထုတ်ဝေနိုင်ရေးအတွက် စေတနာ အပြည့် အဝထားလျက် မအားမလပ်သည့်ကြားမှ အချိန်ပေးပြီး အကြံဉာဏ် ကောင်းများဖြင့် ကူညီ၊ တည်းဖြတ်၊ အမှာစာရေးပေးသော ကမ္ဘာအနှံ့ သာသနာဖြန့်ဌာနဆိုင်ရာ မြန်မာယူနီယံဥက္ကဋ္ဌ၏ လက်ထောက်တာဝန်ခံ သိက္ခာရဆရာတော် GAVIN JOHNS ကိုလည်း အထူးကျေးဇူးတင်ပါ သည်။

          အဖဘုရားသခင်သည် ဤစာအုပ်ငယ်လေးရေးသူနှင့် ဖတ်သူ တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ကမ္ဘာဦးကတည်းက ပြင်ဆင်ပေးတော် မူသော ကျေးဇူးတော်နိုင်ငံ ဘုန်းတော်နိုင်ငံဖြစ်သည့် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို စောင့်စားမျှော်လင့်စေပြီး နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း တရားတော်၌ အတူတကွ မွေ့လျော်စေတော်မူစေသတည်း၊ အာမင်။

အမှုတော်မြတ်၌

Ngala Lak Len

(Ordain Pastor)

B.A(Rel),M.Min, Ph - 0947011853 (7.8.2011)

အမှာစာ


          ယေရှုခရစ်၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့် ပတ်သက်၍ သတိ ပေးရေးသားခဲ့သည့် သူငယ်ချင်းမိတ်ဆွေသိက္ခာတော်ရ ဓမ္မဆရာ (Ngala Lak Len) ကို အထူးကျေးဇူးတင်မိပါသည်။

          ဤစာအုပ်သည် သခင်ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းကို မျှော်လင့်လျှက်ရှိသည့် ခရစ်ယာန်ညီအစ်ကို မောင်နှမများအား ပြန်လည် သတိပေးနိုင်ရန်၊ မိမိကိုယ်ကို ပြင်ဆင်လျက် ကိုယ်တော်ကို ကြိုဆိုနိုင်ရန် နှင့် ကောင်းကင်၌ ကိုယ်တော်ရှင် ပြင်ဆင်ထားတော်မူသည့် ထာဝရနိုင်ငံ တော်ကို ဝင်စားနိုင်ရန် အကျိုးပြုသော ဓမ္မစာပေ တစ်ရပ်ဖြစ်ပါသည်။

          ခရစ်ယာန်များတို့၏ တစ်ခုတည်းသော မျှော်လင့်ရာဖြစ်သည့် သခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းသည်ယခုမျက်မှောက်ကာလ တွင် မှေးမှိန်လျှက်ရှိပါသည်။ ထို့ကြောင့် ဤသတင်းစကားကို ရေးသား ထုတ်ဝေလိုက်သည်။ဤ “ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူခြင်း” စာအုပ်ကို ဝမ်းမြောက်စွာ ကြိုဆိုလိုက်ရပါသည်။

          ဤစာပေကို ဖတ်ရှုကြသည့် ခရစ်ယာန်ဓမ္မမိတ်ဆွေတိုင်းသည် ဤစာအုပ်ကို ဖတ်ပြီးသည်နှင့် တပြိုင်နက်တည်း မိမိတို့၏ အသက်တာ၌ ပြန်လည်နိုးကြားပြီး ကိုယ်တော်၏ ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်း အတွက် အဆင်သင့်ရှိနိုင်ရန် ပြင်ဆင်နိုင်သောသူများ ဖြစ်ကြပါစေဟု ဆုတောင်းပေး၍ မေတ္တာပို့သလိုက်ပါသည်။

အမှုတော်မြတ်၌

Gavin Johns






 

No comments:

Post a Comment