Monday, March 2, 2026


                                            မယုံကြည်သူများဤသို့

        ထိုအခါ မယုံကြည်သူမတရားသောသူများသည် ကြွလာတော်မူသောသူ၏ မျက်နှာကို မကြည့်ဝံ့ဘဲ ကြောက်ရွံ့တုန်လှုပ်ကာ ငိုကြွေးမြည် တမ်းကြလေတော့သည်။ “မြေကြီးသား အမျိုးမျိုးရှိသမျှတို့သည် ကိုယ် တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ -မြေကြီးပေါ်မှာ လူအ ပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြသည်။” ဗျာ ၁း၇၊ မ ၂၄း၃၀

        ထိုအချိန်တွင် “ပညတ်တော်ကျောက်ပြားနှစ်ချပ်စလုံးကို အတူ တွဲ၍ ကိုင်ထားသည့်လက်တော်သည် ကောင်းကင်ယံတွင် ပေါ်ထွက်လာ သည်။ လူသားများအတွက် လမ်းညွှန်အဖြစ် သိနာတောင်မီးလျှံများကြား မှဖွင့်ဆိုခဲ့သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတည်းဟူသော သန့်ရှင်း သော ထိုပညတ်တော်သည် တရားစီရင်ခြင်းအတွက် ဥပဒေတစ်ခုအဖြစ် လူသားများအား ယခုဖော်ပြနေပါသည်။ ထိုလက်တော်က ကျောက်ပြား နှစ်ခုကို ဖွင့်လိုက်သည်နှင့် မီးမှင်တံအားဖြင့် ရေးဆွဲထားသည့်ပညတ် တော်ဆယ်ပါးကို တွေ့မြင်ရပါသည်။ စာလုံးများသည် လူတိုင်းဖတ်နိုင် လောက်အောင် ရှင်းလင်းပြတ်သားလှပါသည်။ စတုတ္ထပညတ်ဖြစ်သည့် ဥပုသ်နေ့နှင့်ဆိုင်သော ပညတ်တော်သည် အတောက်ပဆုံးဖြစ်ပါသည်။

        “ငါတော့ထာဝရသေဆုံးခြင်းကို ရင်ဆိုင်ရတော့မည်” ဟူသော ကြောက်စရာဟစ်အော်သံများ ထွက်ပေါ်လာပါသည်။ မှားယွင်းသော တရားများကို ဟောကာလမ်းမှားသို့ ပို့ခဲ့သည့်၎င်းတို့၏ တရားဟောဆရာ များကို ဖြစ်အောင်လုပ်ပစ်ချင်စိတ်များ လူတို့၌ ဖြစ်ပေါ်နေပါသည်။ လူ အားလုံးက၎င်းတို့၏တရားဟောဆရာများအပေါ်တွင်ခါးခါးသီးသီးအပြစ် ပုံနေကြပါသည်။

        ပညတ်တော်ကို ဘေးဖယ်ထားဘို့ လမ်းပြခဲ့ကြရုံသာမက ပညတ် တော်စောင့်သူများကိုပင် နှိပ်စက်ညှင်းပမ်းကြရန် သူတို့ တိုက်တွန်းခဲ့ကြ ပါသည်။ ယခုတွင်မူ မိမိတို့သည် လှည့်ဖြားသော အမှုတော်ကို ဆောင် ရွက်ခဲ့ကြကြောင်း ကမ္ဘာကြီးရှေ့တွင် ထိုဆရာများ ဝန်ခံနေကြပါပြီ။ “ငါတို့တော့ဆုံးရှုံးခြင်းသို့ရောက်ပြီ” ဟု လူထုကြီးက စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်နေပါသည်။ “မင်းတို့ကြောင့် ဒို့ပျက်စီးရတာ” ဟူ၍လည်း သူတို့ မြည်းတမ်းနေကြပါသည်။” နောက်ဆုံး ၂၆၃၊၂၆၄

        ထိုသူတို့သည် အလွန်သေချင်လာသောကြောင့် တုန်လှုပ်လျက်ရှိ သောတောင်များ၊ လှိမ့်လျက်ရှိသော ကျောက်တုံးများခေါ်ဘိတ်ကာ၊ ငါတို့ ပေါ်သို့ကျ၍ ငါတို့ကို သေစေပါဟုဟစ်အော်ကြလိမ့်မည်။ သူတို့ခေါ်ဖိတ် သည်အတိုင်း သူတို့ပေါ်ကျောက်များကျသော်လည်း သူတို့သည်မသေနိုင် ကြ၊ ပြင်းထန်သောနာကျင်မှုကို သာခံစားရသည်။

        “လောကီဘုရင်၊ မှူးမတ်စစ်သူကြီး၊ သူဌေးသူကြွယ်၊ ခွန်အားကြီးသူမှစ၍ကျွန်များ၊လူလွတ်များအပေါင်းတို့သည်မြေတွင်း၌လည်းကောင်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌လည်းကောင်း၊ ပုန်းရှောင်လျက်နေ ၍ အိုတောင်များ၊ ကျောက်များတို့ကို ခေါ်ဘိတ်လျက်။-ငါတို့ပေါ်သို့ကျ ကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့်သိုးသငယ်၏ အမျက်တော်ကို ကာကွယ်၍ ငါတို့ကိုဖုံးအုပ်ကြပါ။- အမျက်တော်ထင်ရှား သော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူခံရပ်နိုင်မည်ဟု ပြောဆိုကြ ၏။ -ထိုအခါသူတို့က အိုတောင်များတို့၊ ငါတို့ပေါ်သို့ ကျကြပါ။ အိုကုန်း များတို့၊ ငါတို့ကို ဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။” ဗျာ ၆း၁၅-၁၇၊ လု ၂၃:၃၀ (ဟောရှေ ၁၀း၈)

        အလွန်သေချင်ကြသော်လည်း သူတို့ဆန္ဒအတိုင်း သေကြမည် မဟုတ်ပေ။ အကြောင်းမူကား၊ သေမင်းတည်းဟူသော စာတန်မာရ်နတ် သည် နှစ်ပေါင်းတစ်ထောင်အတွက် ထောင်စကျ၍ရရှိသော ခွင့်ပြုချက် လည်း စ၍ ဆုံးရှုံးသဖြင့် အလုပ်မလုပ်နိုင်တော့သောကြောင့်တည်း။ “ထို နေ့ရက်ကာလ၌ လူတို့သည်သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရ။ အလွန်သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွား လိမ့်မည်။” ဗျာ ၉း၆

No comments:

Post a Comment