Monday, March 2, 2026



                                        ဒုက္ခဆင်းရဲခြင်းကပ်ကာလအဆုံး

ဘုရားသခင်၏တံဆိပ်ခတ်ခြင်း၊ သားရဲ၏တံဆိပ်ခတ်ခြင်း ပြီးဆုံး ၍ ဒုက္ခဆင်းရဲခြင်းကပ်ကာလ အဆုံးသတ်သောအခါ ကောင်းကင်တမန် လေးပါးသည် အရပ်လေးမျက်နှာမှလေများကို မကိုင်ထားတော့ဘဲ လွှတ် လိုက်ကြမည် ဖြစ်သည်။ (ဗျာ ၇း၁-၃) ထိုအချိန်သည် ကျေးဇူးတော် ကာလကုန်ဆုံးပြီးကရုဏာ တံခါးလည်းပိတ်ပြီးဖြစ်ရာ ယေရှုခရစ်လည်း ကောင်းကင်ဗိမာန်တော်၌ လူသားများကိုယ်စား ကြားဖြန်ဖြေရေးအမှု တော်ကို အဆုံးသတ်ပြီးဖြစ်သဖြင့် သားရဲ၏ တံဆိပ်ခတ်ခြင်းကို ခံရသော သူများသာခံရမည့် အပြင်းထန်ဆုံး မဟာဒုက္ခဆင်းရဲခြင်း ကပ်ကာလ တည်းဟူသော ဘေးဒဏ်ခုနှစ်ပါးကို မြေကြီးပေါ်သို့ သွန်းလောင်းတော့ မည်ဖြစ်သည်။

အထက်ဖော်ပြပါအကြောင်းအရာများသည် ယေရှုခရစ်ဒုတိယအ ကြိမ်ကြွလာတော်မူခါနီးအဖြစ်အပျက်၊ တနင်္ဂနွေနေ့ဥပဒေ ထုတ်ပြန်ချိန် မှစပြီး ကျေးဇူးတော်ကာလကုန်ဆုံးချိန် ၊ကရုဏာတံခါးပိတ်ချိန်အထိ ဖြစ် ပျက်သော ဒုက္ခဆင်းရဲခြင်းကပ်ကာလအကျဉ်းချုပ်ဖြစ်လေသည်။

No comments:

Post a Comment