မေးခွန်း။ Ellen G White သည် တစ်ချို့သော ကနဦးခေါင်းဆောင်များကဲ့သို့ သုံးပါးတစ်ဆူကို ဆန့်ကျင်သူဖြစ်ခဲ့ဖူးပါသလား။
အဖြေ။ မဖြစ်ခဲ့ဖူးပါ။
မေးခွန်း။ Ellen G White က သားတော်သည် တစ်ချိန်တစ်ခါက မရှိခဲ့ဖူးဘဲ၊ နောက်မှ ဖွားမြင်လာသူ (သို့) ဖြစ်ဘွားခြင်းခံရသူ (သို့) ဖန်ဆင်းခံရသူ (သို့) ခမည်းတော်၏အသက်ပေး ခြင်းခံရသူဟု ယုံကြည်ပါသလား။
အဖြေ။ ထိုသို့မယုံကြည်ပါ။
“In Christ is life, original, unborrowed, underived.” {1989, The Desire of Ages, p. 530}
"ခရစ်တော်ထဲ၌ အသက်ရှိသည်။ ထိုအသက်သည် မူလအစကပင် ရှိခဲ့သော၊ အခြားမှ ချေးယူထားခြင်း မဟုတ်သော၊ ပေးအပ်ခံရခြင်း သို့မဟုတ် ဆင်းသက်လာခြင်း မဟုတ်သော အသက်ဖြစ်သည်။"
မေးခွန်း။ Ellen G White က သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်၊ သားတော် မဟုတ်တဲ့ အခြားပုဂ္ဂိုလ်တစ်ပါးလို့ မြင်ပါသလား။
အဖြေ။ မြင်ပါတယ်။
"...we need to realize that the Holy Spirit, who is as much a person as God is a person..." Manuscript 66, 1899, 4.
"...ကျွန်ုပ်တို့ အသိအမှတ်ပြုရမှာက သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင် ပုဂ္ဂိုလ်တစ်ဦးဖြစ်သကဲ့သို့ အလားတူ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တော်မူသည်ဆိုတာပါ..."
မေးခွန်း။ Ellen G White က ကောင်းကင်ဘုံမှာ ပုဂ္ဂိုလ်သုံးပါးရှိကြောင်း ယုံကြည်ပါသလား။
အဖြေ။ ယုံကြည်ပါတယ်။
“There are three living persons of the heavenly trio; in the name of these three great powers—the Father, the Son, and the Holy Spirit—” Evangelism, p. 615.1
"ကောင်းကင်၌အသက်ရှင်သော ဘုရားသုံးပါး ရှိသည်။ ဤဘုရားသုံးပါး ဖြစ်သည့် ခမည်းတော်၊ သား တော်၊ သန့်ရှင်းသောဝိညာဉ်တော်..."Special Testimonies, Series B, No. 7, pp. 62, 63. (1905) [Ev 615.1)
No comments:
Post a Comment