Tuesday, March 3, 2026

 

ထို့ကြောင့်ယခုပင်ဤသို့ချီးမွမ်းသက်ရှင်

          ယေရှုခရစ်အားဖြင့် ညီအစ်ကိုမောင်နှမများဖြစ်ကြသောရွေးနှုတ် ကယ်တင်ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူ ငါတို့အားလုံး (မာ ၃း၃၃-၃၅)၊ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြပြီး(ယော ၁း၁၂၊ ဂလာ ၃း၂၆)၊ ယေရှုခရစ်အားဖြင့် ဤလောကကို အောင်နိုင်ကာ ယေရှု ခရစ်အားဖြင့် အောင်မြင်သောသူများ ဖြစ်ကြသည်။ ယေရှုခရစ်အားဖြင့် ဤသို့ဖြစ်ရခြင်းကို သန့်ရှင်းဖြောင့်မတ်သူငါတို့သည် ယုံမှားခြင်းလုံးဝမရှိ၊ ယုံမှားခြင်းကင်းစွာ ယုံကြည်ခဲ့ကြလေသည်။ ထို့ကြောင့် အောင်မြင်သူ ငါတို့သည် မြေကြီးသစ်နှင့် ယေရုရှလင်မြို့သစ်ကို အမွေခံရမည် ဖြစ်ပြီး

ထာဝရနေ့ရက်ကာလပတ်လုံး သက်ရှင်နေထိုင်စိုးစံကြရမည်ဖြစ်သည်။

“အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံရလိမ့်မည်။ ငါ သည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။- အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်လိမ့်မည်။” ဗျာ ၂၁း၇၊ ၃း၄

ထို့ကြောင့် ယခုအချိန်တွင် ကျွန်ုပ်တို့သည် ယေရှုခရစ်ဒုတိယ အကြိမ်ကြွလာခြင်းအတွက် အသင့်ပြင်ဆင်ရမည်ဖြစ်သည်။ အကယ်၍ ယခုအချိန်မှာ “ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်နှင့် စပ်ဆိုင်သော အရာများကို အာရုံပြုရာတွင် မပျော်ပိုက်လျှင်လည်းကောင်း၊ ဘုရားသခင် ကို သိကျွမ်းအောင် ကြိုးစားခြင်းနှင့် ခရစ်တော်၏ ဘုန်းတော်ကို ကြည့်ရှု ရာတွင် နှစ်ခြိုက်မှုမရှိလျှင်လည်းကောင်း၊ သန့်ရှင်းခြင်းကို စိတ်နှလုံးမနူး ညွှတ်လျှင်လည်းကောင်း၊ ကောင်းကင်နိုင်ငံတော်အပေါ် ထားရှိသည့် ကျွန်ုပ်တို့၏မျှော်လင့်ချက်များသည် အချည်းနှီးဖြစ်မှာ သေချာပါသည်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်နှင့် လုံးလုံးလျားလျား ညီညွတ်ခြင်း သည်ခရစ်ယာန်များ၏မြင့်မားသောရည်မှန်းချက်ဖြစ်ပါသည်။ ခရစ်ယာန် များသည် ဘုရားသခင်၏အကြောင်း၊ ခရစ်တော်၏ အကြောင်းနှင့်တကွ ကိုယ်တော်ကို ချစ်သောသူများနေထိုင်ရန် ခရစ်တော်ပြင်ဆင်ထားသည့် အိမ်တော်အကြောင်း ဖွင့်ဟပြောဆိုရန် နှစ်ခြိုက်လိမ့်မည်။ နောက်ဆုံး - ၇၅

၎င်းအပြင်ဆင်းရဲဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရသော အခါတွင်လည်း ဘုရားသခင်ပေးသနားတော်မူခဲ့သည့် ကောင်းချီးမင်္ဂလာ များကို သတိရရေတွက်ရမည်ဖြစ်သည်။ “ယခုလောလောဆယ် အခြေ အနေသို့ရောက်အောင် တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းခဲ့ရသည့် အတိတ် ရာဇဝင်ကိုပြန်လည်သုံးသပ်လိုက်လျှင် “ထာဝရဘုရားကိုချီးမွမ်းပါသည်” ဟု ကျွန်ုပ်တို့ပြောဆိုနိုင်ပါသည်။ ကိုယ်တော်ပြုတော်မူခဲ့သည့်အရာများ ကို မြင်တွေ့သောအချိန်တွင် ကျွန်ုပ်တို့သည် အံ့အားသင့်မိသလို ခရစ် တော်၏ဦးဆောင်မှုကိုလည်း ပို၍ယုံကြည်စိတ်ချလာပါသည်။ အနာဂတ် အတွက် စိုးရိမ်စရာတစ်ခုသာရှိပါသည်။ အတိတ်ကာလ၌ ကိုယ်တော်ရှင် သွန်သင်လမ်းပြခဲ့သည်များကို မေ့လျော့သွားမှာကိုသာ စိုးရိမ်ရန်ဖြစ် သည်။ ထိုအရာမှတပါးအခြား မည်သည့်အရာအတွက်ကိုမျှ စိုးရိမ်စရာ မလိုပါချေ။” နောက်ဆုံး - ၇၃

ထို့ကြောင့် မြေကြီးသစ်နှင့်ယေရုရှလင်မြို့သစ်ကို အမွေခံပြီး ထာဝစဉ်ထာဝရသက်ရှင် နေထိုင်စိုးစံကြရမည့် အောင်မြင်သူငါတို့သည် ယခုအခါစာတန်မာရ်နတ်အားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးကြုံတွေ့၊ ရောဂါ အမျိုးမျိုးဖြင့် ဖျားနာ၊ အပြစ်ကျူးလွန်၊ ပြဿနာပေါင်းစုံနှင့်ရင်ဆိုင်၊ စိတ်ဖိစီးမှုကြောင့်စိုးရိမ် ထိတ်လန့်၊ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း၊ လုပ်ငန်း အဆင်မပြေ၍ဆုံးရှုံးမှုအကြိမ်ကများ၊ စသည်ဖြင့် ဘဝဆုံးရှုံးခါနီးလောက် အောင် ခါးသီးစွာ တစ်ခါတစ်လေ သက်ရှင်နေထိုင်ရသော်လည်း စိတ် ဓါတ်မကျ၊ ယခုပင် ကျေးဇူးတော်ကို ဤသို့အစဉ်မပြတ် ချီးမွမ်းသက်ရှင် ကြသည်။ “ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွာတကား။-ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။

-စားသော်လည်းကောင်း၊သောက်သော်လည်းကောင်း၊ မည်သည့်

အမှုကိုပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသော အမှုကိစ္စကိုပြုကြလော့။-ယုံကြည်ခြင်းကိုအစအဦး စီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုခရစ်ကို စေ့စေ့ထောက်ရှုကြကုန်အံ့။

-အချင်းရန်သူ ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက်ခြင်းမရှိနှင့်။ ငါလဲ သော်လည်းထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း ထာဝရဘုရား သည် ငါ၏ အလင်းဖြစ်တော်မူလိမ့်မည်။ -ထိုသူသည်လဲသော်လည်း ဆုံး ရာသို့ မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။-ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာ ကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။-ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ (ပြန်၍လည်း ပေးတော်မူလိမ့်မည်) ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသ တည်း။” ၁ ကော ၁၅း၅၇ ၊ ၂ ကော ၉း၁၅၊ ၁ ကော ၁၀း၃၁ ၊ မိ ၇း၈၊ ဆာ ၃၇း၂၄ ၊ ဟေဗြဲ ၁၂း၂,၂၅ ၊ ယောဘ ၂း၁ဝ၊၁း၂၁

 

မှီငြမ်းသောစာအုပ်များ

အကောင်းနှင့် --- အကောင်းနှင့်အဆိုး တိုက်လှန်ပွဲ

မျက်မှောက် --- မျက်မှောက်ကာလမှ ထာဝရကာလသို့

ရှေးစာပေ --- ရှေးစာပေများ

နောက်ဆုံး --- နောက်ဆုံးသောနေ့ရက်ဆိုင်ရာအဖြစ်အပျက်များ

သုခဘုံ --- သုခဘုံလမ်း

 

 

နောက်ထပ်စာအုပ်ငယ်လေး (၈) အုပ်နှင့် မိတ်ဆက်ရလျှင်

 

§     အပြစ်စတင်ဖြစ်ပေါ်လာခြင်းနှင့်ကုန်ဆုံးပျောက်ကွယ်ခြင်း

The Beginning and the End of Sin Theology

§     ဘုရားသခင်ရွေးချယ်တော်မူသော အသင်းတော်ခေါင်းဆောင်များ

The Ambassadors of God

§     သဘာဝလွန်ဖြစ်ရပ်ဆန်း၊ သေရွာပြန်

The Son of Man Theology

§     သမ္မာကျမ်းစာနှင့်အနာဂတ်ဟောခြင်း

The Bible and the Prophecy

§     ကမ္ဘာဦးမှ သတင်းကောင်း

Good News from the Beginning

§     သိရသောသမ္မာတရား

The Truth Known

§     ဖြစ်ရပ်မှန်ကယ်တင်ခြင်းသတင်းကောင်း

§     အကျွန်ုပ်၏ ကယ်တင်ရှင်နှင့် အကျွန်ုပ်၏သခင် -ယေရှုခရစ်

ဖတ်ရှုလေ့လာလိုသူများ မှာယူနိုင်ပါသည်။ ဤစာအုပ်ငယ်လေးများ သည် ရရှိခံစားရသောအကြောင်းအရာ၊ ယုံကြည်ရသော အကြောင်း အရာ၊လိုက်လျှောက်ရသောအကြောင်းအရာ၊ ကြုံတွေ့ရသောအကြောင်း အရာ၊ မြော်လင့်ရသော အကြောင်းအရာ-စသည့် အကြောင်းအရာများကို ရှင်းရှင်းလင်းလင်းဖြစ်ရန်၊ယေရှုခရစ်၌ကြီးထွားတိုးပွားခြင်း(growing in Christ) ရှိရန်အထောက်အကူပြုလိမ့်မည်ဟုယုံကြည်မြော်လင့်ပါသည်။

ဤစာအုပ်ငယ်လေးတွင်

v တနင်္ဂနွေနေ့ ဥပဒေ (Sunday Law )အကြောင်း

v ယေရှုခရစ် ဒုတိယအကြိမ်ကြွလာတော်မူသောအခါ ပိုင်ဆိုင်ရ သောအရာကိုသာ အမွေခံရခြင်းအကြောင်း၊

v ယေရှုခရစ်၏ချီဆောင်ခြင်းတွင် ပါဝင်သူများ စာတန်မာရ်နတ်ကို ဝိုင်း၍ နင်းရခြင်းအကြောင်း၊

v သန့်ရှင်းဖြောင့်မတ်သူများ ကောင်းကင်နိုင်ငံတော်တွင်နှစ်ပေါင်း တစ်ထောင်သာ စိုးစံရမည့်အကြောင်း၊

v မီးလက်နက်ကို အသုံးပြုပြီး အာမဂေဒုန်စစ်ပွဲ ဆင်နွဲရခြင်း အကြောင်း၊

v ထာဝရမီးတည်းဟူသော ကန့်ရောငရဲမီးကြောင့် ဤကမ္ဘာအရည် ပျော်လာရခြင်းအကြောင်း၊

v ကောင်းကင်သစ်နှင့်မြေကြီးသစ်အကြောင်း၊

v ဧဒင်ဥယျာဉ်ပေါ်တွင် တည်ဆောက်သော ယေရုရှလင် မြို့တော် သစ်အကြောင်း၊

v အပင်များကိုအမိန့်ပေးပြီး ကိုယ်ကြိုက်သည့်အိမ်ပုံစံအတိုင်း နေ အိမ်များကို ဆောက်ရခြင်းအကြောင်း၊

v အသက်ပင်အသီးအရွက်၊ အသက်စမ်းရေ၊ စားသောက်ရသည့် နေ့ထူး နေ့မြတ်အကြောင်း၊

v အခြားကမ္ဘာများမှ ကိုယ်စလှယ်တော်များနှင့်အတူထာဝရ ဘုရား ထံခစားရသည့် နေ့ထူးနေ့မြတ်အကြောင်း၊-----စသည်ဖြင့် စိတ် ဝင်စားဘွယ်အကြောင်းအရာ အကျဉ်းချုပ်ပါဝင်သည်။

No comments:

Post a Comment