Monday, March 2, 2026

 

ထာဝရမီးကြောင့်အရည်ပျော်ဤကမ္ဘာ

          ထာဝရမီးသည် လောင်စာတည်းဟူ သောစာတန်မာရ်နတ်နှင့်

အပေါင်းအဖော်နတ်ဆိုးများ၊ မတရားသောသူများ၊ မီးခိုးဖြစ်စေ၍ ပျောက် ကွယ်သွားသည်အထိ လောင်ကျွမ်းစေသည်သာမက၊ အပြစ်နှင့်ဆိုင်သော ဤကမ္ဘာနှင့်ကမ္ဘာပေါ်ရှိအရာများ၊ ကောင်းကင်အရာ နေလကြယ်များ လောင်ကျွမ်းစေတော်မူသည်။ ထာဝရမီးသည် အပြစ်၊ အပြစ်နှင့်ဆိုင် သောအရာဟူသမျှ လောင်ကျွမ်းစေသော်လည်း အပြစ်အရာမဟုတ်သည့်

ယေရုရှလင်မြို့သစ်နှင့်ထိုမြို့တွင်ရှိကြသော သန့်ရှင်းဖြောင့်မတ်သူများ ကို မူကား၊ လုံးဝမလောင်စေနိုင်ပါ။

          ထာဝရမီးသည်အပြစ်နှင့်ဆိုင်သည့် ဤကမ္ဘာနှင့်တကွ ကမ္ဘာပေါ် တွင်ရှိသော အရာအားလုံး လောင်ကျွမ်းစေသော်လည်း ကမ္ဘာဦးကတည်း က ယေရှုခရစ်တည်ထောင်ခဲ့သော ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံ ဖြစ်သည့် ဤကမ္ဘာကိုမူကား ပျောက်ကွယ်သွားသည်အထိ မလောင် ကျွမ်းစေနိုင်ပေ။ ဤကမ္ဘာသည် ပူအားကြီး၍ အရည်ပျော်ကာ နေရစ်မည် ဖြစ်သည်။ “ထိုနေ့၌ လောကဓါတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့် မည်။ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ -မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောက ဓါတ်တို့သည် ပူအားကြီးလျက် အရည်ကျိုခြင်းကို ခံရသောနေ့တည်း ဟူ သော ဘုရားသခင်၏ နေ့ရောက်လိမ့်မည်။” ၂ ပေ ၃း၁၀,၁၂

          အရည်ပျော်၍ အရည်အဖြစ်ကျန်ရစ်သော ဤကမ္ဘာသည် ငရဲမီး တည်းဟူသော ထာဝရမီးဖြင့် ဘုရားသခင်ဆေးကြောသန့်စင်တော်မူခြင်း ပင်ဖြစ်သည်။ သန့်ရှင်းသောမြို့တော် ယေရုရှလင်မြို့သစ်သည် အရည် ပျော်၍ အရည်အဖြစ်ကျန်ရစ်သော ကမ္ဘာရည်တွင် နောဧသင်္ဘောပမာ နစ်မြုပ်ခြင်းမရှိ၊ လုံးဝမနစ်မြုပ်နိုင်ပေ။ လောင်စရာလောင်စာ (မာလခိ ၄း၁) မကုန်မချင်း၊ ထာဝရမီးဖြင့် ထာဝရလောင်ပြီး လောင်စာကုန်ဆုံး သောအခါ ဘုရားသခင်သည် ထာဝရမီးကို ထာဝရငြိမ်းစေ၍ ထာဝရသေ စေတော်မူသည်။ ထိုအခါအရည်ပျော်သော ဤကမ္ဘာသည် အရည်ပျော် ရာမှ အစိုင်အခဲပြန် ဖြစ်လာသည်။ ဘုရားသခင်သည်အပြစ်ကိုလည်း ကောင်း၊ အပြစ်နှင့်ဆိုင်သောအရာ ဟူသမျှကိုလည်းကောင်း၊ စာတန်မာရ် နတ်နှင့် အပေါင်းအဖော်နတ်ဆိုးများကိုလည်းကောင်း၊ မတရားသောသူ များကိုလည်းကောင်း၊ ထိုသို့အပြီးအပိုင် ထာဝရ ပယ်ရှင်းပစ်တော်မူ၏။

No comments:

Post a Comment