ကမ္ဘာဦးကိုအမွေခံ
ရွေးနှုတ်ကယ်တင်ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူများအတွက် ရွေး နှုတ်ကယ်တင်ခြင်း
စီမံကိန်းအကောင်အထည်ဖော်လုပ်ငန်း၊ လုံးဝပြီးစီး ပြီးဆုံးသောအခါ ယေရှုခရစ်ဘုရားသည် နောက်ဆုံးတတိယအကြိမ်
“အမှုပြီးပြီ” ဟု မိန့်တော်မူခဲ့ပေသည်။ ထိုအခါ “ကောင်းကင်ဘုံ၌ကြီး သော အသံတို့ကား လောကီနိုင်ငံသည်
ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ၊ သူသည်လည်း ကမ္ဘာအဆက်
ဆက်စိုးစံတော်မူမည်ဟုပြောဆိုကြ၏။” ဗျာ ၂၁း၆၊ ၁၁း၁၅
ပြီးလျှင်ယေရှုခရစ်ဘုရားသည် ယေရုရှလင်မြို့ထဲတွင် ရှိကြသော ရွေးနှုတ်ကယ်တင်ခြင်းခံသန့်ရှင်းဖြောင့်မတ်သူများအား
ဤသို့ ထပ်မံမိန့် တော်မူခဲ့သည်။ “ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့၊
ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြ လော့။- သင်၏သခင်နှင့်အတူ
စည်းစိမ်ကိုဝင်စားလော့။”
ထိုအခါ အောက်ပါကျမ်းချက်များ ပြည့်စုံလာမည် ဖြစ်သည်။ “ကောင်းချီးပေးတော်မူခြင်းကို
ခံရသောသူသည် ပြည်တော်ကို အမွေခံရ လိမ့်မည်။ -ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံ၍
အစဉ် အမြဲနေရကြလိမ့်မည်။ -ဖြောင့်မတ်သော သူတို့၏ နေ့ရက်ကာလကို ထာဝရဘုရားသိမှတ်တော်မူ၍
သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲ တည် လိမ့်မည်။- ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊
ပြည်တော်ကို အမွေခံရကြလိမ့်မည်။ -စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေ ခံရ၍၊
များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။-စိတ်နူးညံ့ သိမ်မွေ့သော သူတို့သည်
မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့ သည် ပြည်တော်ကို အမွေခံရကြလတံ့”။ မ ၂၅း၂၄,၂၃၊ ဆာ ၃၇း၂၂, ၂၉,၁၈,၉,၁၁ မ ၅း၅ (က ၁း၃-၃၁)
လက်ဝါးကပ်တိုင်တွင် ယေရှုခရစ်အသေခံခြင်းသည် အာဒံအပြစ် ကြောင့် ကမ္ဘာဦးကပင်
အသတ်ခံရသော သိုးသငယ်ဖြစ်သည်ကိုလည်း ကောင်း၊ တနင်္ဂနွေဥပုသ်နေ့ ပေါ်ပေါက်လာခြင်းလည်း
ကမ္ဘာဦးအချိန် ကပင် ဤကမ္ဘာကျဆုံးသောနေ့ဖြစ်သည့် စာတန်မာရ်နတ်၏ တံဆိပ်ဖြစ် သည်ကိုလည်းကောင်း
သိရသကဲ့သို့၊ ကောင်းကင်သစ်နှင့် မြေကြီး သစ်သည်လည်း ကမ္ဘာဦးကပင် ဘုရားသခင် ပြင်ဆင်ပေးတော်မူသော
ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံဖြစ်ကြောင်းသိရှိရလေသည်။
ဤတွင် ယေရှုခရစ်အားဖြင့်အသ စ်ပြန်လည်ဖန်ဆင်းသည့်ရွေး နှုတ်ကယ်တင်ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူများအတွက်
ရွေးနှုတ်ကယ် တင်ခြင်း စီမံကိန်းအကောင်အထည်ဖော်လုပ်ငန်းကြီးလည်း လုံးဝပြီးစီး ပြီးဆုံးလေတော့သည်။
ဤသို့ဖြင့် ယုံကြည်သူများတည်းဟူသော သန့် ရှင်းဖြောင့်မတ်သူများသည် ဘုရားသခင်၏ ကတိတော်အတိုင်း
ကမ္ဘာဦး ကတည်းက ယေရှုခရစ် တည်ထောင်ခဲ့သော ကျေးဇူးတော်နိုင်ငံ၊ ဘုန်း တော်နိုင်ငံဖြစ်သည့်
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို အစဉ်အမြဲ ထာဝရအမွေခံကြလေသည်။
“မဟာတိုက်လှန်ပွဲကြီးလည်းပြီးဆုံးသွားချေပြီ။
အပြစ်နှင့်တကွ
အပြစ်သားများသည် မရှိကြပြီ။ စကြဝဠာကြီးတစ်ခုလုံးသည်
သန့်ရှင်း စင်ကြယ်ကာ ညီညာဖြဖြ ဝမ်းမြောက်ရွှင်လန်းနေကြပါသည်။ အသက်၊ အလင်းနှင့် ဝမ်းမြောက်မှုများသည်
ဖန်ဆင်းရှင်ထံမှ အကန့်အသတ်မဲ့ ယိုစီးနေပါသည်။ အငယ်ဆုံးသော အက်တမ်ကလေးမှသည် အကြီးဆုံး
သော ကမ္ဘာကြီးအထိ လှပတင့်တယ်မှု၊ ပျော်ရွှင်ဝမ်းမြောက်မှုများနှင့် ပြည့်ဝလျက်ရှိသည့်
သက်ရှိသက်မဲ့အရာခပ်သိမ်းတို့သည် “ထာဝရဘုရား သခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်။” ဟု ကြွေးကြော်နေပါသည်။”
နောက်ဆုံး - ၃၃၁
No comments:
Post a Comment